မိုးေလ၀သ

လာမယ့္ ေဆာင္းရာသီကာလအတြင္း မုန္တိုင္းမ်ားျဖစ္ေပၚျခင္း ခ်ိန္ခါမဟုတ္မိုးရြာသြန္းျခင္းမ်ား ျဖစ္ေပၚလာနိုင္သည့္ လာနီညာအေျခအေန

လာမယ့် ဆောင်းရာသီကာလအတွင်း မုန်တိုင်းများဖြစ်ပေါ်ခြင်း ချိန်ခါမဟုတ်မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေ

၂၀၂၁ ခုနှစ် ဆောင်းရာသီကာလမှာဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေနှင့်ပတ်သက်ပြီး မိုးဇလထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့်လေထုဖြစ်စဉ်များမှာအားအနည်းငယ်ရှိသော လာနီညာအခြေအနေသို့ရောက်ရှိနေတယ်လို့ဆိုပါတယ်။

နိုင်ငံတကာမိုးလေဝသဌာနများ၏သင်္ချာပုံစံပြု မော်ဒယ်များခန့်မှန်းချက်အရ လာမည့်ဒီဇင်ဘာလတွင်အားအနည်းငယ်မှ အားအသင့်အတင့်ရှိသောလာနီညာအဆင့်သို့ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။

လာနီညာဖြစ်စဉ်သည်ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်းအဆိုပါ လာနီညာဖြစ်စဉ်ကြောင့်အကျိုးသက်ရောက်မှုမှာယေဘုယျအားဖြင့်ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်းအရှေ့မြောက်မုတ်သုံလေအားကောင်းမှုကြောင့်မြန်မာနိုင်ငံတွင်ညအပူချိန်များလျော့နည်းခြင်း၊အအေးပိုခြင်း၊အရှေ့ဘက်မှလေပွေလှိုင်းများတိုက်ခတ်ခြင်း၊အချိန်အခါမဟုတ်မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။

လာနီညာဖြစ်ပေါ်မှုနှင့်ပတ်သက်သည့်အခြေအနေများအားအချိန်နှင့်တစ်ပြေးညီဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့မိုးဇလမှထုတ်ပြန်ပေးထားပါတယ်။

မိုးလေဝသစေတနာရှင်မလေး စုစုစံ ခန့်မှန်းချက်မှာ ”ဒီဇင်ဘာမုန်တိုင်းစမယ်၂၀၂၁နိုဝင်ဘာလ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာပါမယ်။

မြန်မာဖက်မှာ ဖိအားမြင့်လေထု High pressure များရှိနေသဖြင့် သိရိလင်္ကါနဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းကိုဦးတည်သွားမှာဖြစ်ပြီး မြန်မာနိုင်ဖက်လုံးဝမလာပါဘူး အချိန်ပြည့်လည်း စောင့်ကြည့်ပေးနေပါမယ်”ဆိုပြီး ကြိုတင်ခန့်မှန်းပေးထားပါတယ်။

ချိန်ခါမဟုတ်မိုးရွာသွန်းခြင်းများဖြစ်ပေါ်လာနိုင်တာဖြစ်တဲ့အတွက် ဆောင်းသီးနှံစိုက်ပျိုးတောင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်စေဖို့ အသိပေးနှိုးဆော်အပ်ပါသည်။

Credit

zawgyi

လာမယ့္ ေဆာင္းရာသီကာလအတြင္း မုန္တိုင္းမ်ားျဖစ္ေပၚျခင္း ခ်ိန္ခါမဟုတ္မိုးရြာသြန္းျခင္းမ်ား ျဖစ္ေပၚလာနိုင္သည့္ လာနီညာအေျခအေန

၂၀၂၁ ခုႏွစ္ ေဆာင္းရာသီကာလမွာျဖစ္ေပၚလာနိုင္သည့္ လာနီညာအေျခအေနႏွင့္ပတ္သက္ၿပီး မိုးဇလထုတ္ျပန္ခ်က္အရ အီေကြတာအနီးရွိ အပူပိုင္းပစိဖိတ္သမုဒၵရာ(Tropical Pacific Ocean)၏ ပင္လယ္ေရမ်က္ႏွာျပင္အပူခ်ိန္ႏွင့္ေလထုျဖစ္စဥ္မ်ားမွာအားအနည္းငယ္ရွိေသာ လာနီညာအေျခအေနသို႔ေရာက္ရွိေနတယ္လို႔ဆိုပါတယ္။

နိုင္ငံတကာမိုးေလဝသဌာနမ်ား၏သခၤ်ာပုံစံျပဳ ေမာ္ဒယ္မ်ားခန႔္မွန္းခ်က္အရ လာမည့္ဒီဇင္ဘာလတြင္အားအနည္းငယ္မွ အားအသင့္အတင့္ရွိေသာလာနီညာအဆင့္သို႔ေရာက္ရွိနိုင္တယ္လို႔ဆိုပါတယ္။

လာနီညာျဖစ္စဥ္သည္ပစိဖိတ္သမုဒၵရာတြင္ျဖစ္ေပၚသည့္ျဖစ္စဥ္ျဖစ္ေသာ္လည္းအဆိုပါ လာနီညာျဖစ္စဥ္ေၾကာင့္အက်ိဳးသက္ေရာက္မႈမွာေယဘုယ်အားျဖင့္ေဆာင္းရာသီကာလအတြင္း ဘဂၤလားပင္လယ္ေအာ္တြင္မုန္တိုင္းမ်ားပိုမိုျဖစ္ေပၚလာနိုင္ျခင္းအေရွ႕ေျမာက္မုတ္သုံေလအားေကာင္းမႈေၾကာင့္ျမန္မာနိုင္ငံတြင္ညအပူခ်ိန္မ်ားေလ်ာ့နည္းျခင္း၊အေအးပိုျခင္း၊အေရွ႕ဘက္မွေလေပြလွိုင္းမ်ားတိုက္ခတ္ျခင္း၊အခ်ိန္အခါမဟုတ္မိုးရြာသြန္းမႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ေပၚလာျခင္းစသည့္ ရာသီဥတုျဖစ္စဥ္မ်ားျဖစ္ေပၚလာနိုင္တယ္လို႔ဆိုပါတယ္။

လာနီညာျဖစ္ေပၚမႈႏွင့္ပတ္သက္သည့္အေျခအေနမ်ားအားအခ်ိန္ႏွင့္တစ္ေျပးညီဆက္လက္ထုတ္ျပန္ေပးသြားမယ္လို႔မိုးဇလမွထုတ္ျပန္ေပးထားပါတယ္။

မိုးေလဝသေစတနာရွင္မေလး စုစုစံ ခန႔္မွန္းခ်က္မွာ ”ဒီဇင္ဘာမုန္တိုင္းစမယ္၂၀၂၁နိုဝင္ဘာလ၂၇ ရက္ေန႔မွ ဒီဇင္ဘာလ ၃ရက္ေန႔အတြင္းဘဂၤလားပင္လယ္ေအာ္မွာ မုန္တိုင္းတစ္လုံးျဖစ္ေပၚလာပါမယ္။

ျမန္မာဖက္မွာ ဖိအားျမင့္ေလထု High pressure မ်ားရွိေနသျဖင့္ သိရိလကၤါနဲ႔ အိႏၵိယနိုင္ငံေတာင္ပိုင္းကိုဦးတည္သြားမွာျဖစ္ၿပီး ျမန္မာနိုင္ဖက္လုံးဝမလာပါဘူး အခ်ိန္ျပည့္လည္း ေစာင့္ၾကည့္ေပးေနပါမယ္”ဆိုၿပီး ႀကိဳတင္ခန႔္မွန္းေပးထားပါတယ္။

ခ်ိန္ခါမဟုတ္မိုးရြာသြန္းျခင္းမ်ားျဖစ္ေပၚလာနိုင္တာျဖစ္တဲ့အတြက္ ေဆာင္းသီးႏွံစိုက္ပ်ိဳးေတာင္သူမ်ားအေနျဖင့္ ႀကိဳတင္ျပင္ဆင္ထားနိုင္ေစဖို႔ အသိေပးႏွိုးေဆာ္အပ္ပါသည္။

Credit