Zawgyi
ညီမရဲ႕ပုံကိုမ်က္ႏွာဖ်က္မတင္ပါနဲ႔ညီမအမ်ိဳးသားေတြ႕ရင္သူျပန္လာမယ္ထင္ပါတယ္တဲ့အားလုံး ရွဲေပးၾကပါဦးေနာ္
ေပၚပင္စုံပရိသတ္ႀကီးေရ လူ႐ႊင္ေတာ္ မိုးစက္က အမ်ိဳးသားနဲ႕ အဆက္သြယ္ျပတ္ၿပီး စိတ္ဒုကၡေရာ လူဒုကၡေရာ ေရာက္ေနရွာတဲ့ အမ်ိဳးသမီးတစ္ဦးကို သြား ေရာက္လႉဒါန္းခဲ့တဲ့ သတင္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္

ညီမရဲ႕ပုံကို မ်က္ႏွာဖ်က္မတင္ပါနဲ႕ ညီမ အမ်ိဳးသားေတြ႕ရက္ သူျပန္လာမယ္ထင္ပါတယ္
အခက္အခဲေတြ အရမ္းမ်ားလြန္းလို႔ ျမစ္ထဲခုန္ခ်ၿပီး အဆုံးစီရင္ဖို႔ေတာင္ ေတြးထားမိတာတဲ့ဗ်ာ…။
ထိုင္းနိုင္ငံမွာ အလုပ္ ၊ အတူတူလုပ္ၿပီး ျပန္လာတဲ့အခ်ိန္ သူ႕ဇာတိခဏျပန္ဦးမယ္ဆိုၿပီးအဆက္အသြယ္ပါျပတ္သြားခဲ့တာပါတဲ့…။
သူ႕မွာကိုယ္ဝန္က်န္တဲ့တာကိုလဲ သိမသြားပါဘူးတဲ့…။
အစကေတာ့ အဝတ္ေလွ်ာ္၊ စက္ခ်ဳပ္ၿပီး မိဘႏွစ္ပါးကို ရွာေကြၽးခဲ့တယ္…။
အခုေတာ့ ကိုယ္ဝန္က ၈ လထဲေရာက္ေနၿပီမို႔ဘာမွအဆင္မေျပေတာ့တဲ့အခါ ကြၽန္ေတာ့္ဆီကို အကူအညီလာေတာင္းခံပါတယ္။
ကြၽန္ေတာ္လဲပိုက္ဆံေတြခ်ည္းဘဲေပးခဲ့ခ်င္ေပမယ့္ေႂကြးမွီေတာင္းတဲ့လူေတြ ရွိခဲ့ရင္…ေနာက္ရက္ေတြစားေရးေသာက္ေရးအခက္အခဲရွိေနမွာစိုးလို႔… ဆန္တစ္အိတ္ နဲ႕ ေငြ ၃၀၀၀၀ အရင္ေပးခဲ့ပါတယ္။

ကဲ…ဒီပိုစ့္ကို ေကာင္မေလးရဲ႕အမ်ိဳးသားေတြ႕ရင္ အျမန္ဆုံးကြၽန္ေတာ့္ဆီဆက္သြယ္ပါ…။
ေလာေလာဆယ္ေတာ့…. ဒီအမ်ိဳးသမီး… မီးဖြားဖို႔ကို ကြၽန္ေတာ္ တာဝန္ယူထားပါမယ္…။
လူသားအားလုံး အခက္အခဲအေပါင္းမွ ကင္းေဝးၾကပါေစ…။
Source from – မိုးစက္
Unicode
ညီမရဲ့ပုံကိုမျက်နှာဖျက်မတင်ပါနဲ့ညီမအမျိုးသားတွေ့ရင်သူပြန်လာမယ်ထင်ပါတယ်တဲ့အားလုံး ရှဲပေးကြပါဦးနော်
ပေါ်ပင်စုံပရိသတ်ကြီးရေ လူရွှင်တော် မိုးစက်က အမျိုးသားနဲ့ အဆက်သွယ်ပြတ်ပြီး စိတ်ဒုက္ခရော လူဒုက္ခရော ရောက်နေရှာတဲ့ အမျိုးသမီးတစ်ဦးကို သွား ရောက်လှူဒါန်းခဲ့တဲ့ သတင်းလေးကို ဖော်ပြပေးချင်ပါတယ်

ညီမရဲ့ပုံကို မျက်နှာဖျက်မတင်ပါနဲ့ ညီမ အမျိုးသားတွေ့ရက် သူပြန်လာမယ်ထင်ပါတယ်
အခက်အခဲတွေ အရမ်းများလွန်းလို့ မြစ်ထဲခုန်ချပြီး အဆုံးစီရင်ဖို့တောင် တွေးထားမိတာတဲ့ဗျာ…။
ထိုင်းနိုင်ငံမှာ အလုပ် ၊ အတူတူလုပ်ပြီး ပြန်လာတဲ့အချိန် သူ့ဇာတိခဏပြန်ဦးမယ်ဆိုပြီးအဆက်အသွယ်ပါပြတ်သွားခဲ့တာပါတဲ့…။
သူ့မှာကိုယ်ဝန်ကျန်တဲ့တာကိုလဲ သိမသွားပါဘူးတဲ့…။
အစကတော့ အဝတ်လျှော်၊ စက်ချုပ်ပြီး မိဘနှစ်ပါးကို ရှာကျွေးခဲ့တယ်…။
အခုတော့ ကိုယ်ဝန်က ၈ လထဲရောက်နေပြီမို့ဘာမှအဆင်မပြေတော့တဲ့အခါ ကျွန်တော့်ဆီကို အကူအညီလာတောင်းခံပါတယ်။
ကျွန်တော်လဲပိုက်ဆံတွေချည်းဘဲပေးခဲ့ချင်ပေမယ့်ကြွေးမှီတောင်းတဲ့လူတွေ ရှိခဲ့ရင်…နောက်ရက်တွေစားရေးသောက်ရေးအခက်အခဲရှိနေမှာစိုးလို့… ဆန်တစ်အိတ် နဲ့ ငွေ ၃၀၀၀၀ အရင်ပေးခဲ့ပါတယ်။

ကဲ…ဒီပိုစ့်ကို ကောင်မလေးရဲ့အမျိုးသားတွေ့ရင် အမြန်ဆုံးကျွန်တော့်ဆီဆက်သွယ်ပါ…။
လောလောဆယ်တော့…. ဒီအမျိုးသမီး… မီးဖွားဖို့ကို ကျွန်တော် တာဝန်ယူထားပါမယ်…။
လူသားအားလုံး အခက်အခဲအပေါင်းမှ ကင်းဝေးကြပါစေ…။
Source from – မိုးစက်



