Myanmar Idol ပြိုင်ပွဲမှာ ပရိသတ်အားပေးမှုတွေများစွာရရှိထားသူတဲ့ အဆိုတော်မေမဒီကတော့ လတ်တလောမှာ ကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအတွက် စိတ်ပူလို့နေပါတယ်..။ဗီဇပြောင်း Covid 19 ရောဂါဟာ တဖြေးဖြေးကူးစက်ပြန့်ပွားမှု မြန်ဆန်နေပြီး တော်တော်များများ သေဆုံးနေကြတာကြောင့် မေမဒီက ပရိသတ်တွေကို စိုးရိမ်စွာနဲ့ သတိပေးစကားဆိုလာပါတယ်..။
ပြည်သူတစ်ဦးဟာ ကိုဗစ်ကူးစက်ခံထားရလို့ ဆေးရုံသွားတဲ့အချိန် ကုသမှုမပေးဘဲ ပြန်လွှတ်လိုက်တဲ့ ဆေးရုံကတာဝန်ရှိသူတွေရဲ့ တာဝန်မဲ့မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေ ရှိခဲ့ရပါတယ်..။
အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး မေမဒီက သူမကိုယ်တိုင် စိတ်မကောင်းဖြစ်ခံပြင်းနေရသလို ပရိသတ်တွေကိုလည်း သတိထားဆင်ခြင်နိုင်ဖို့အတွက် အသိပေးပြောပြလာတာ ဖြစ်ပါတယ်..။
Covid ဖြစ်လို့ ဆေးရုံသွားတာကို ဆေးရုံအဝကပြန်လွှတ်တာနော် ဆေးရုံမှာလူပြည့်နေလို့တဲ့အိမ်မှာပဲကုဆိုတဲ့သဘောမျိုးကျုပ်တို့နိုင်ငံက ပျက်နေပြီ 2020 နဲ့ အရမ်းကိုကွာတယ်နော်အားကိုးစရာ ဘာမှမရှိတော့ဘူး ကိုယ်ကိုယ်တိုင်ပဲကာကွယ်ရမယ် ကုသရမယ် စိတ်တေပျက်လိုက်တာ🙂အစစအရာရာ ဂရုစိုက်ကြပါ အပူတွေကြားထဲမပေါ့ပါနဲ့🙏🙏🙏..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားပြီး ပရိသတ်တွေကလည်း အားပေးထားကြတာ တွေ့ရပါတယ်..။
အားကိုးစရာမရှိတဲ့အခုလိုအချိန်မှာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကိုကိုယ်ကာကွယ်ရမှာမို့ ပြည်သူတွေအနေနဲ့လည်း လက်ရှိအခြေအနေတွေအမျိုးမျိုးမှာ ကျန်းမာရေးအထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။
Credit
zawgyi
Credit