ဗဟုသုတ

သင့်အိမ်ထဲကို ကံကောင်းခြင်း အငွေ့အသက်တွေ ရောက်ရှိလာစေမယ့် နည်း(၅)နည်း

တခါတလေအိမ်ထဲမှာထိုင်နေရင်းနဲ့အလိုလိုနေရင်းနေလို့ထိုင်လို့မကောင်းတာစိတ်ညစ်ညူးလာတာ၊မကောင်းတဲအငွေ့အသက်တစ်ခုခုရှိ

နေသလို ခံစားနေရတာမျိုးဖြစ်တတ်ကြပါတယ်။ အဲ့လိုဖြစ်နေတာဟာ အိမ်အပြင်အဆင်နဲ့ ပတ်သက်ပြီး ပြဿနာရှိနေလို့ပါအဲ့ဒီမကောင်း

တဲ့အငွေ့အသက်တွေကို နှင်ထုတ်ဖို့ ဒီနည်းလေးတွေကို သုံးလိုက်ပါ။

(၁)အိမ်ထဲကပစ္စည်းအဟောင်းတွေကိုလဲပါ

အိမ်ထဲမှာကောင်းတဲ့အငွေ့အသက်တွေရှိနေစေချင်ရင်အမြဲးတမ်းသန့်ရှင်းရေးလုပ်ဖို့လိုပါတယ်ဒါ့အပြင်မသုံးတာကြာနေတဲ့ပစ္စည်း

အဟောင်းတွေအသုံးမဝင်တော့တဲ့ပစ္စည်းတွေ ပစ်သင့်တာတွေကိုပစ်ပြီး အသစ်လဲသင့်တာတွေကိုလဲရပါမယ် ပြီးရင်အိပ်ရာခင်းစွပ်၊

ခေါင်းအုံးစွပ်၊ဆိုဖာအဖုံး၊ခန်းဆီးလိုက်ကာတွေကိုအသစ်လဲလိုက်ပါ။

(၂)ပရိဘောဂတွေကိုနေရာရွှေ့ပါ။ နှစ်ရှည်လများအသားသေနေတဲ့ပုံစံကနေအသစ်တစ်မျိုးပြောင်းကြည့်လိုက်ပါကျဉ်းကျပ်နေတဲ့နေရမှာ

ကျယ်ဝန်းသလိုထင်ရအောင် သင့်ရဲ့စိတ်ကိုသက်တောင့်သက်သာရှိတဲ့ အခင်းအကျင်းမျိုးဖြစ်အောင်ပြောင်းလိုက်မယ်ဆိုရင်ကောင်းတဲ့

အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်။

(၃)အမွှေးနံ့လေးတွေသုံးပါ ကိုယ်နေတဲ့ပတ်ဝန်းကျင်မှာ အမွှေးနံ့လေးတွေ လွှမ်းခြုံနေမယ်ဆိုရင် ကောင်းတဲ့အရိပ်အငွေ့လေးတွေလည်း

သူ့အလိုလိုရောက်ရှိလာမှာပါ။ ဒါကြောင့် မနက်စောစောနဲ့  ညအိပ်ခါနီးတွေမှာမွှေးရနံ့ပါတဲဖယောင်းတိုင်ထွန်းတာမျိုး ခန်းဆီးလိုက်ကာ

တွေကို ရေမွေးဆွတ်ပေးတာမျိုးပုံမှန်လုပ်ပေးပါ။

(၄)အိမ်အတွင်းမှာအပင်လေးတွေစိုက်ထားပါ။ အရွယ်အစားသေးငယ်တဲ့အပင်လေးတွေတောင်မှ အိမ်ထဲကညစ်ညမ်းတဲ့လေထုကို

အထောက်အလျောက်သန့်စင်ပေးနိုင်ပါတယ်။ အိမ်ထဲမှာ မျက်စိအမြင်လည်းအေး လေထုကိုလည်း သန့်စင်ပေးနိုင်တာကြောင့်

ကောင်းမွန်တဲ့အရိပ်အငွေ့လေးတွေဖြစ်စေနိုင်ပါတယ်။

(၅)သင့်ရဲ့မကောင်းတဲ့အတွေးအမြင်တွေကိုရပ်တန့်ပါ။ မကောင်းတဲ့အဖြစ်တွေကြုံရတဲ့မကောင်းတဲ့အရိပ်အငွေ့လေးတွေခံစားနေရတဲ့

အဓိကအကြောင်းရင်းကစိတ်ထဲက မကောင်းတဲ့အတွေးအမြင်ခံစားချက်တွေကြောင့်ပါ။ အတတ်နိုင်ဆုံးကိုယ့်စိတ်ထဲမှာ အဆိုးမြင်

အတွေးတွေမဖြစ်လာအောင်စိတ်ရှင်းအောင် ကြိုးစားလိုက်မယ်ဆို သင့်ဘေးနားက မကောင်းတာတွေအကုန် ထွက်ခွာသွားပါလိမ့်မယ်။

Credit : Aunty May