ၾကားသိရသမွ်

နေမကောင်းသောမိခင်ဖြစ်သူကို ပြန်လည်ကျွေးမွေးစောင့်ရှောက်ဖို့ရာအတွက် လမ်းမပေါ်ထွက်ပြီး ၂နှစ်အရွယ် ညီလေးဖြစ်သူကိုပွေ့ချီကာ တောင်းရမ်းနေသည့် ကောင်လေး

ဗီယက်နမ်နိုင်ငံမှ အသက်၁၂နှစ်အရွယ် ကောင်လေးတစ်ဦးသည် ဆင်းရဲသော မိသားစုမှ မွေးဖွားလာရပြီး ဖခင်ဖြစ်သူမှာ ဆိုးမိုက်လွန်းတာကြောင့် ထောင်ကျနေခဲ့ရာ မိခင်ဖြစ်သူကလည်း လမ်းမပေါ်ထွက်ပြီး အမှိုက်ကောက်ခြင်းဖြင့် ဝင်ငွေရှာခဲ့သည်။

မိခင်ဖြစ်သူသည် နေပူမိုးရွာမရှောင် စားဝတ်နေရေးအတွက် အမှိုက်လိုက်ကောက်ခြင်းဖြင့် ကျန်းမာရေးချို့ယွင်းလာကာ ခြေလက်ကိုက်ခဲပြီး အလုပ်မသွားနိုင်တော့တာကြောင့် အကြီးဆုံးသားလေးမှာ ကျောင်းကထွက်ပြီး ညီလေးဖြစ်သူနှင့်အတူ လမ်းပေါ်တွင် တောင်းရမ်းခဲ့သည်။

အစပိုင်းတွင် ကောင်လေးသည် တောင်းရမ်းရမှာကို ရှက်ရွံ့နေပေမယ့် နေမကောင်းသော မိခင်ဖြစ်သူကို ကူညီချင်တာကြောင့် မရှက်နေတော့ပဲ ၂နှစ်အရွယ်ညီလေးအား ပွေ့ချီပြီး တောင်းရမ်းခဲ့စဥ် ပရဟိတအဖွဲ့နှင့် ဆုံတွေ့ခဲ့ပြီး သူတို့ဆီက ထောက်ပံ့ကူညီမှုများရရှိခဲ့သည်။

Hlaing (Love Feeling)

Zawgyi

နေမကောင်းသောမိခင်ဖြစ်သူကို ပြန်လည်ကျွေးမွေးစောင့်ရှောက်ဖို့ရာအတွက် လမ်းမပေါ်ထွက်ပြီး ၂နှစ်အရွယ် ညီလေးဖြစ်သူကိုပွေ့ချီကာ တောင်းရမ်းနေသည့် ကောင်လေး

ဗီယက်နမ်နိုင်ငံမှ အသက်၁၂နှစ်အရွယ် ကောင်လေးတစ်ဦးသည် ဆင်းရဲသော မိသားစုမှ မွေးဖွားလာရပြီး ဖခင်ဖြစ်သူမှာ ဆိုးမိုက်လွန်းတာကြောင့် ထောင်ကျနေခဲ့ရာ မိခင်ဖြစ်သူကလည်း လမ်းမပေါ်ထွက်ပြီး အမှိုက်ကောက်ခြင်းဖြင့် ဝင်ငွေရှာခဲ့သည်။

မိခင်ဖြစ်သူသည် နေပူမိုးရွာမရှောင် စားဝတ်နေရေးအတွက် အမှိုက်လိုက်ကောက်ခြင်းဖြင့် ကျန်းမာရေးချို့ယွင်းလာကာ ခြေလက်ကိုက်ခဲပြီး အလုပ်မသွားနိုင်တော့တာကြောင့် အကြီးဆုံးသားလေးမှာ ကျောင်းကထွက်ပြီး ညီလေးဖြစ်သူနှင့်အတူ လမ်းပေါ်တွင် တောင်းရမ်းခဲ့သည်။

အစပိုင်းတွင် ကောင်လေးသည် တောင်းရမ်းရမှာကို ရှက်ရွံ့နေပေမယ့် နေမကောင်းသော မိခင်ဖြစ်သူကို ကူညီချင်တာကြောင့် မရှက်နေတော့ပဲ ၂နှစ်အရွယ်ညီလေးအား ပွေ့ချီပြီး တောင်းရမ်းခဲ့စဉ် ပရဟိတအဖွဲ့နှင့် ဆုံတွေ့ခဲ့ပြီး သူတို့ဆီက ထောက်ပံ့ကူညီမှုများရရှိခဲ့သည်။

Hlaing (Love Feeling)