ၾကားသိရသမွ်

တားမြစ်ချက်ကိုချိုးဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည်တရားခွင်ထဲသို့ လူစိမ်းတစ်ဦး ဓာတ်ပုံဝင်ရိုက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်သုံးဦး၏ ယနေ့တရားခွင်တွင် လူတစ်ဦးကဝင်ရောက်ဓာတ်ပုံရိုက်မှုဖြစ်ပွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော် ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားသောအမှုအတွက် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့်တရားရုံးတရားခွင်အတွင်း အရပ်ဝတ်နှင့်လူတစ်ဦးက ဓာတ်ပုံရိုက်ကူးမှုဖြစ်သည်။

တရားလိုစစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီးသန်းအေးဆိုသူက တရားလိုပြသက်သေထွက်ဆိုရန် ကျမ်းကျိမ်နေစဉ် ကင်မရာကိုင်ဆောင်ထားသူတစ်ဦးဝင်ရောက်လာကာ တရားရုံးအနေအထားနှင့် တရားယှဉ်ပြိုင်သူများကိုဓာတ်ပုံရိုက်ယူခဲ့ကြောင်း စွပ်စွဲခံရသူရှေ့နေအဖွဲ့ဝင် ဦးခင်မောင်ဇော်က ပြောသည်။

ရိုက်ကူးမှုလုပ်ခဲ့သူသည် ဌာနဆိုင်ရာတစ်ခုခုကဖြစ်သည် သို့မဟုတ် ပြင်ပကလူလားဆိုသည်ကို မသိရသေးပါ။ယင်းအပြုအမူသည် ရုံးတော်နှင့်တကွ တရားသူကြီးကို မထီမဲ့မြင်ပြုရာရောက်ကြောင်း ထောက်ပြပြီး အရေးယူပေးရန် တိုက်တွန်းပြောဆိုခဲ့ရာ တရားသူကြီးက မှတ်တမ်းသက်သေယူခဲ့သည်ဟု သိရသည်။

“ ရုံးတော်ကြားနာနေချိန်မှာရှေ့မှောက်ကျူးကျော်ဝင်ရောက်ဓာတ်ပုံရိုက်ယူတဲ့အတွက် ရှေ့နေအဖွဲ့က တားမြစ်လိုက်ပြီး အရေးယူပေးဖို့ တရားသူကြီးကိုတိုက်တွန်းလိုက်တာပါ။ ” ဟု ဦးခင်မောင်ဇော်က ပြောသည်။

နိုင်ငံ့ခေါင်းဆောင်သုံးဦးကို တစ်ပေါင်းတည်း တရားစွဲဆိုထားရာ ယခုရုံးချိန်းသည် ဒုတိယမြောက်ဖြစ်ပြီး ဗိုလ်မှူးကြီး သန်းအေး၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဋ္ဌာနမှ တရားလိုပြသက်သေတစ်ဦးနှင့် အခြားသက်သေတစ်ဦး တို့ကို စစ်ဆေးခဲ့သည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအပေါ်စွဲဆိုထားသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အမှုအတွက် စစ်ဆေးရန်သက်သေများကို ဆင့်ခေါ်ထားသော်လည်း တစ်ဦးမျှ ရောက်ရှိလာခြင်းမရှိချေ။

———————

တရား႐ုံးတားျမစ္ခ်က္ကိုခ်ိဳးေဖာက္၍ ေဒၚေအာင္ဆန္းစုၾကည္တရားခြင္ထဲသို႔ လူစိမ္းတစ္ဦး ဓာတ္ပုံဝင္႐ိုက္

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ႏိုင္ငံ့ေခါင္းေဆာင္သုံးဦး၏ ယေန႔တရားခြင္တြင္ လူတစ္ဦးကဝင္ေရာက္ဓာတ္ပုံ႐ိုက္မႈျဖစ္ပြားခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္၊ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔ သုံးဦးကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) ျဖင့္ စြဲဆိုထားေသာအမႈအတြက္ ေနျပည္ေတာ္ ဇဗၺဴသီရိၿမိဳ႕နယ္ အထူးသီးသန႔္တရား႐ုံးတရားခြင္အတြင္း အရပ္ဝတ္ႏွင့္လူတစ္ဦးက ဓာတ္ပုံ႐ိုက္ကူးမႈျဖစ္သည္။

တရားလိုစစ္ေကာင္စီဘက္မွ ဗိုလ္မႉးႀကီးသန္းေအးဆိုသူက တရားလိုျပသက္ေသထြက္ဆိုရန္ က်မ္းက်ိမ္ေနစဥ္ ကင္မရာကိုင္ေဆာင္ထားသူတစ္ဦးဝင္ေရာက္လာကာ တရား႐ုံးအေနအထားႏွင့္ တရားယွဥ္ၿပိဳင္သူမ်ားကိုဓာတ္ပုံ႐ိုက္ယူခဲ့ေၾကာင္း စြပ္စြဲခံရသူေရွ႕ေနအဖြဲ႕ဝင္ ဦးခင္ေမာင္ေဇာ္က ေျပာသည္။

႐ိုက္ကူးမႈလုပ္ခဲ့သူသည္ ဌာနဆိုင္ရာတစ္ခုခုကျဖစ္သည္ သို႔မဟုတ္ ျပင္ပကလူလားဆိုသည္ကို မသိရေသးပါ။ယင္းအျပဳအမူသည္ ႐ုံးေတာ္ႏွင့္တကြ တရားသူႀကီးကို မထီမဲ့ျမင္ျပဳရာေရာက္ေၾကာင္း ေထာက္ျပၿပီး အေရးယူေပးရန္ တိုက္တြန္းေျပာဆိုခဲ့ရာ တရားသူႀကီးက မွတ္တမ္းသက္ေသယူခဲ့သည္ဟု သိရသည္။

“ ႐ုံးေတာ္ၾကားနာေနခ်ိန္မွာေရွ႕ေမွာက္က်ဴးေက်ာ္ဝင္ေရာက္ဓာတ္ပုံ႐ိုက္ယူတဲ့အတြက္ ေရွ႕ေနအဖြဲ႕က တားျမစ္လိုက္ၿပီး အေရးယူေပးဖို႔ တရားသူႀကီးကိုတိုက္တြန္းလိုက္တာပါ။ ” ဟု ဦးခင္ေမာင္ေဇာ္က ေျပာသည္။

ႏိုင္ငံ့ေခါင္းေဆာင္သုံးဦးကို တစ္ေပါင္းတည္း တရားစြဲဆိုထားရာ ယခု႐ုံးခ်ိန္းသည္ ဒုတိယေျမာက္ျဖစ္ၿပီး ဗိုလ္မႉးႀကီး သန္းေအး၊ လူဝင္မႈ ႀကီးၾကပ္ေရးဦးစီး႒ာနမွ တရားလိုျပသက္ေသတစ္ဦးႏွင့္ အျခားသက္ေသတစ္ဦး တို႔ကို စစ္ေဆးခဲ့သည္။

ယင္းေနာက္ ေဒၚေအာင္ဆန္းစုၾကည္တစ္ဦးတည္းအေပၚစြဲဆိုထားေသာ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဆိုင္ရာ ဥပေဒပုဒ္မ ၂၅ အမႈအတြက္ စစ္ေဆးရန္သက္ေသမ်ားကို ဆင့္ေခၚထားေသာ္လည္း တစ္ဦးမွ် ေရာက္ရွိလာျခင္းမရွိေခ်။