ၾကားသိရသမွ်

အာ္ရီဒူးကုမၸဏီ ျမန္မာႏိုင္ငံမွထြက္ခြာမည္၊ ျပန္ဝယ္ယူမည့္ ကုမၸဏီမ်ားတြင္ Skynet ပါဝင္ေန

ေအာ္ရီဒူးကုမၸဏီ ျမန္မာႏိုင္ငံမွထြက္ခြာမည္၊ ျပန္ဝယ္ယူမည့္ ကုမၸဏီမ်ားတြင္ Skynet ပါဝင္ေန

ကာတာႏိုင္ငံအေျခစိုက္ ဆက္သြယ္ေရးကုမၸဏီတခုျဖစ္တဲ့ ေအာ္ရီဒူးျမန္မာ ဆက္သြယ္ေရးကုမၸဏီဟာ မၾကာခင္မွာပဲ ျမန္မာႏိုင္ငံေန ထြက္ခြာေတာ့မယ္လို႔ သတင္းရင္းျမစ္ ႏွစ္ေယာက္ကို ကိုးကားၿပီး ႐ိုက္တာသတင္း တပုဒ္မွာ ေဖာ္ျပပါတယ္။

ေအာ္ရီဒူးဆက္သြယ္ေရးကုမၸဏီဟာ ၂၀၂၀ ျပည့္ႏွစ္ ကိန္းဂဏန္းေတြအရ ျမန္မာႏိုင္ငံမွာ သုံးစြဲသူ ၁၅ သန္းနီးပါးရွိတဲ့ တတိယအႀကီးဆုံး ဆက္သြယ္ေရးေအာ္ပေရတာတခုျဖစ္ၿပီး လတ္တေလာ သူတို႔ရဲ႕ ရွယ္ယာေတြအားလုံးကို ေရာင္းခ်ႏိုင္ဖို႔ အာဏာသိမ္းစစ္ေကာင္စီလက္ေအာက္ခံ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းကို အေၾကာင္းၾကားထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီကုမၸဏီကို လက္လႊဲေျပာင္းဝယ္ယူဖို႔ အလားအလာရွိေနတဲ့ ကုမၸဏီေတြထဲမွာ ေ႐ႊသံလြင္ကုမၸဏီက ပိုင္ဆိုင္တဲ့ စကိုင္းနက္ (Skynet) အပါအဝင္ Young Investment Group နဲ႔ စင္ကာပူ ႏိုင္ငံအေျခစိုက္ ေအာ္ပေရတာလုပ္ငန္း Campana Group တို႔လည္း ပါဝင္ေနတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ေအာ္ရီဒူးဘက္က မွတ္ခ်က္တစုံတရာ ေပးထားတာမ်ိဳး မရွိေသးသလို အာဏာသိမ္းစစ္ေကာင္စီနဲ႔ ရွယ္ယာလႊဲေျပာင္းဝယ္ယူဖို႔ အလားအလာရွိတဲ့ ကုမၸဏီေတြဘက္ကေရာ တုံ႔ျပန္ေျပာဆိုတာေတြ မရွိေသးဘူးလို႔ ႐ိုက္တာသတင္းက ေျပာပါတယ္။

ဒါ့အျပင္ ႐ိုက္တာက ဆက္သြယ္ခဲ့တဲ့ သတင္းရင္းျမစ္ေတြက ေအာ္ရီဒူးကုမၸဏီရဲ႕ ေရာင္းခ်မယ့္ တန္ဖိုးတစုံတရာကို ပုဂၢလိကလုံၿခဳံမႈအရ ေျပာဆိုထားျခင္း မရွိခဲ့ဘူးလို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ဆက္သြယ္ေရးက႑ဟာ အရင္က အာရွေဒသတြင္း အလ်င္ျမန္ဆုံး ႀကီးထြားလာေနတဲ့ ေဈးကြက္ေတြထဲက တခုျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာေတာ့ ဖိအားေတြနဲ႔ ရင္ဆိုင္ ေနရတာျဖစ္ကာ အင္တာနက္ကို တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ကန႔္သတ္ၿပီး မိုဘိုင္းေဒတာေတြကို ပိတ္ပင္တာေတြနဲ႔ ခ်ိဳးေဖာက္မႈေတြလည္း ရွိလာေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ မတ္လတုန္းကေတာ့ ေနာ္ေဝႏိုင္ငံအေျခစိုက္ တယ္လီေနာဆက္သြယ္ေရးကုမၸဏီက ႏုတ္ထြက္ခဲ့ၿပီးေနာက္ ေအာ္ရီဒူးဟာ က်န္ရွိေနခဲ့တဲ့ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ ဆက္သြယ္ေရးကုမၸဏီတခု ျဖစ္ပါတယ္။source-DVB

အော်ရီဒူးကုမ္ပဏီ မြန်မာနိုင်ငံမှထွက်ခွာမည်၊ ပြန်ဝယ်ယူမည့် ကုမ္ပဏီများတွင် Skynet ပါဝင်နေ

ကာတာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်တဲ့ အော်ရီဒူးမြန်မာ ဆက်သွယ်ရေးကုမ္ပဏီဟာ မကြာခင်မှာပဲ မြန်မာနိုင်ငံနေ ထွက်ခွာတော့မယ်လို့ သတင်းရင်းမြစ် နှစ်ယောက်ကို ကိုးကားပြီး ရိုက်တာသတင်း တပုဒ်မှာ ဖော်ပြပါတယ်။

အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ် ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ သုံးစွဲသူ ၁၅ သန်းနီးပါးရှိတဲ့ တတိယအကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာတခုဖြစ်ပြီး လတ်တလော သူတို့ရဲ့ ရှယ်ယာတွေအားလုံးကို ရောင်းချနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကုမ္ပဏီကို လက်လွှဲပြောင်းဝယ်ယူဖို့ အလားအလာရှိနေတဲ့ ကုမ္ပဏီတွေထဲမှာ ရွှေသံလွင်ကုမ္ပဏီက ပိုင်ဆိုင်တဲ့ စကိုင်းနက် (Skynet) အပါအဝင် Young Investment Group နဲ့ စင်ကာပူ နိုင်ငံအခြေစိုက် အော်ပရေတာလုပ်ငန်း Campana Group တို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အော်ရီဒူးဘက်က မှတ်ချက်တစုံတရာ ပေးထားတာမျိုး မရှိသေးသလို အာဏာသိမ်းစစ်ကောင်စီနဲ့ ရှယ်ယာလွှဲပြောင်းဝယ်ယူဖို့ အလားအလာရှိတဲ့ ကုမ္ပဏီတွေဘက်ကရော တုံ့ပြန်ပြောဆိုတာတွေ မရှိသေးဘူးလို့ ရိုက်တာသတင်းက ပြောပါတယ်။

ဒါ့အပြင် ရိုက်တာက ဆက်သွယ်ခဲ့တဲ့ သတင်းရင်းမြစ်တွေက အော်ရီဒူးကုမ္ပဏီရဲ့ ရောင်းချမယ့် တန်ဖိုးတစုံတရာကို ပုဂ္ဂလိကလုံခြုံမှုအရ ပြောဆိုထားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ဆက်သွယ်ရေးကဏ္ဍဟာ အရင်က အာရှဒေသတွင်း အလျင်မြန်ဆုံး ကြီးထွားလာနေတဲ့ ဈေးကွက်တွေထဲက တခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဖိအားတွေနဲ့ ရင်ဆိုင် နေရတာဖြစ်ကာ အင်တာနက်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်သတ်ပြီး မိုဘိုင်းဒေတာတွေကို ပိတ်ပင်တာတွေနဲ့ ချိုးဖောက်မှုတွေလည်း ရှိလာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကတော့ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီက နုတ်ထွက်ခဲ့ပြီးနောက် အော်ရီဒူးဟာ ကျန်ရှိနေခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဆက်သွယ်ရေးကုမ္ပဏီတခု ဖြစ်ပါတယ်။source-DVB