ၾကားသိရသမွ်

အောင်လရဲ့ သူငယ်ချင်း မာတင်ငုယင်ကတော့ ပထမအချီမှာတင် အလဲထိုးခံရ (ရုပ်သံ)

မာတင္ငုယင္ ပထမအခ်ီမွာတင္ အလဲထိုးခံရ

ေအာင္လရဲ့ သူငယ္ခ်င္း မာတင္ငုယင္ကေတာ့ ပထမအခ်ီမွာတင္ အလဲထိုးခံရ

မာတင္ငုယင္ရဲ့ ညာလက္သီးဟာ သူ႔ကို ႏွစ္ထပ္ကြမ္းခ်န္ပီယံျဖစ္ေစခဲ့သလို ခုညာလက္သီးကဘဲ သူ႔ကို ဒုကၡေပးလာတာလားလို့ေတာင္ ထင္မိပါတယ္။

မာတင္ဟာ သူ႔ရဲ့အားျပင္းတဲ့ ညာလက္သီးကို အျမဲေသခ်ာ set up လုပ္ၿပီး ထိုးတတ္တဲ့ဖိုက္တာပါ။ ဒါေပမယ့္အရင္ပြဲမွာလည္း ညာလက္သီးနဲ႔ ေလာၿပီး ပြဲသိမ္းဖို့ ႀကိဳးစားရင္း အလဲထိုးနိုင္ခဲ့တာပါ။

ဒီပြဲမွာေတာ့ မာတင္ငုယင္ကမေလာေပမယ့္ ၿပိဳင္ဖက္က မာတင္ရဲ့ ထိုးတဲ့ပုံစံကို ခ်ိန္သားကိုက္အမိဖမ္းနိုင္ခဲ့ပါတယ္။

မာတင္ဟာ ဘယ္အေယာင္ျပၿပီး ညာလက္သီးအျပင္းစားထိုးဖို့ ႀကံခဲ့ေပမယ့္ ကင္ဂ်ယ္ေဝါင္က ခ်ိန္သားကိုက္ ညာလက္သီးႀကိဳထိုးနိုင္ခဲ့ပါတယ္။

ဒီပြဲမွာ ကင္ဂ်ယ္ေဝါင္ဟာ စိတ္ရွည္ရွည္နဲ႔ မာတင္ရဲ့ ဟာကြက္ျဖစ္သြားတဲ့ ေနရာကို အမိဖမ္းနိုင္ခဲ့တယ္လို့ဘဲ ဆိုရပါမယ္။

မာတင္ရဲ့ game plan ေကာင္းေကာင္းအလုပ္ျဖစ္ေနခဲ့ေပမယ့္ ညာလက္သီးနဲ႔ပြဲသိမ္းလိုစိတ္ကအမွားျဖစ္သြားတဲ့ အေနအထားျဖစ္သြားပါတယ္။

ႏွစ္အေတာ္ၾကာ ခ်န္ပီယံျဖစ္ၿပီး နိုင္ပြဲဆက္ၿပီးမွ ရွူံးပြဲၾကဳံရတာေၾကာင့္ နိုင္လိုစိတ္က သူ႔ကိုဖြင့္ထိုးေစသြားတာပါ။ မာတင္ဟာ ေကာင္တာအားသန္တဲ့ကစားသမားပါ။ ဖိုက္တာဖြင့္ကစားတာက သူ႔အတြက္ အလုပ္မျဖစ္တာေတာ့ ေသခ်ာပါတယ္။

မာတင္ႀကီးေနာက္ပြဲမွာ အေကာင္းဆုံးျပန္လာနိုင္ေစဖို့ဘဲ ေမၽွာ္လင့္ပါတယ္။

မာတင်ငုယင် ပထမအချီမှာတင် အလဲထိုးခံရ

အောင်လရဲ့ သူငယ်ချင်း မာတင်ငုယင်ကတော့ ပထမအချီမှာတင် အလဲထိုးခံရ

မာတင်ငုယင်ရဲ့ ညာလက်သီးဟာ သူ့ကို နှစ်ထပ်ကွမ်းချန်ပီယံဖြစ်စေခဲ့သလို ခုညာလက်သီးကဘဲ သူ့ကို ဒုက္ခပေးလာတာလားလို့တောင် ထင်မိပါတယ်။

မာတင်ဟာ သူ့ရဲ့အားပြင်းတဲ့ ညာလက်သီးကို အမြဲသေချာ set up လုပ်ပြီး ထိုးတတ်တဲ့ဖိုက်တာပါ။ ဒါပေမယ့်အရင်ပွဲမှာလည်း ညာလက်သီးနဲ့ လောပြီး ပွဲသိမ်းဖို့ ကြိုးစားရင်း အလဲထိုးနိုင်ခဲ့တာပါ။

ဒီပွဲမှာတော့ မာတင်ငုယင်ကမလောပေမယ့် ပြိုင်ဖက်က မာတင်ရဲ့ ထိုးတဲ့ပုံစံကို ချိန်သားကိုက်အမိဖမ်းနိုင်ခဲ့ပါတယ်။

မာတင်ဟာ ဘယ်အယောင်ပြပြီး ညာလက်သီးအပြင်းစားထိုးဖို့ ကြံခဲ့ပေမယ့် ကင်ဂျယ်ဝေါင်က ချိန်သားကိုက် ညာလက်သီးကြိုထိုးနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ကင်ဂျယ်ဝေါင်ဟာ စိတ်ရှည်ရှည်နဲ့ မာတင်ရဲ့ ဟာကွက်ဖြစ်သွားတဲ့ နေရာကို အမိဖမ်းနိုင်ခဲ့တယ်လို့ဘဲ ဆိုရပါမယ်။

မာတင်ရဲ့ game plan ကောင်းကောင်းအလုပ်ဖြစ်နေခဲ့ပေမယ့် ညာလက်သီးနဲ့ပွဲသိမ်းလိုစိတ်ကအမှားဖြစ်သွားတဲ့ အနေအထားဖြစ်သွားပါတယ်။

နှစ်အတော်ကြာ ချန်ပီယံဖြစ်ပြီး နိုင်ပွဲဆက်ပြီးမှ ရှူံးပွဲကြုံရတာကြောင့် နိုင်လိုစိတ်က သူ့ကိုဖွင့်ထိုးစေသွားတာပါ။ မာတင်ဟာ ကောင်တာအားသန်တဲ့ကစားသမားပါ။ ဖိုက်တာဖွင့်ကစားတာက သူ့အတွက် အလုပ်မဖြစ်တာတော့ သေချာပါတယ်။

မာတင်ကြီးနောက်ပွဲမှာ အကောင်းဆုံးပြန်လာနိုင်စေဖို့ဘဲ မျှော်လင့်ပါတယ်။