တအိအိနဲ့ပြန်တက်လာတဲ့ ရွှေဈေးနှင့်ဈေးကွက်အခြေအနေ
ဒီနေ့ညနေမှာအခေါက်ရွှေ ၁ကျပ်သားကို ၁,၈၀၅,၅၀၀ ကျပ်နဲ့ ဈေးပိတ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုဝင်ဘာ ၃ရက်နေ့ထိကို အခေါက်ရွှေ ၁ကျပ် သားဈေးနှုန်းက ၁၇သိန်းကျော်မှာပဲရှိခဲ့တာပါ။အောက်တိုဘာနောက်ဆုံးပတ်ထဲမှာ ၁၇သိန်းစွန်းစွန်းသာရှိခဲ့တဲ့ ရွှေဈေးဟာ တအိအိနဲ့ပြန်တက်လို့လာပါပြီ။
ရွှေဈေးတွေဟာအတက်အကျအနည်းငယ်ပြောင်းလဲနေပေမယ့် အရောင်းအဝယ်က တော် တော်အေးတယ်လို့ ရန်ကုန်မြို့က ရွှေဆိုင်အချို့ရဲ့ ပြောဆိုချက်အရသိရပါတယ်။ဒါပေမယ့် ဝယ်ပြီးသားရွှေထည်တွေနဲ့အထည်ပျက်တွေကိုပြန်ရောင်းတဲ့သူများတယ်လို့လည်းသိရပါတယ်။
ရွှေဈေးနဲ့အတူ ဒေါ်လာဈေးဟာလည်း အနည်း ငယ်ပြန်တက်လာတယ်လို့ ပြင်ပငွေလဲကောင် တာတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဗဟိုဘဏ်က ဒေါ်လာတွေထုတ်ရောင်းနေပေမယ့်လည်းလက်ရှိဈေးကွက်ထဲမှာ ထင်သလောက်ဈေးမကျသွားဘူးလို့ ပြောဆိုဝေဖန်သူတွေလည်းရှိနေပါတယ်။
Credit
zawgyi
တအိအိနဲ႔ျပန္တက္လာတဲ့ ေ႐ႊေဈးႏွင့္ေစ်းကြက္အေျခအေန
ဒီေန႔ညေနမွာအေခါက္ေ႐ႊ ၁က်ပ္သားကို ၁,၈၀၅,၅၀၀ က်ပ္နဲ႔ ေဈးပိတ္ခဲ့တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။
ႏိုဝင္ဘာ ၃ရက္ေန႔ထိကို အေခါက္ေ႐ႊ ၁က်ပ္ သားေဈးႏႈန္းက ၁၇သိန္းေက်ာ္မွာပဲရွိခဲ့တာပါ။ေအာက္တိုဘာေနာက္ဆုံးပတ္ထဲမွာ ၁၇သိန္းစြန္းစြန္းသာရွိခဲ့တဲ့ ေ႐ႊေဈးဟာ တအိအိနဲ႔ျပန္တက္လို႔လာပါၿပီ။
ေ႐ႊေဈးေတြဟာအတက္အက်အနည္းငယ္ေျပာင္းလဲေနေပမယ့္ အေရာင္းအဝယ္က ေတာ္ ေတာ္ေအးတယ္လို႔ ရန္ကုန္ၿမိဳ႕က ေ႐ႊဆိုင္အခ်ိဳ႕ရဲ႕ ေျပာဆိုခ်က္အရသိရပါတယ္။ဒါေပမယ့္ ဝယ္ၿပီးသားေ႐ႊထည္ေတြနဲ႔အထည္ပ်က္ေတြကိုျပန္ေရာင္းတဲ့သူမ်ားတယ္လို႔လည္းသိရပါတယ္။
ေ႐ႊေဈးနဲ႔အတူ ေဒၚလာေဈးဟာလည္း အနည္း ငယ္ျပန္တက္လာတယ္လို႔ ျပင္ပေငြလဲေကာင္ တာေတြရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။
ဗဟိုဘဏ္က ေဒၚလာေတြထုတ္ေရာင္းေနေပမယ့္လည္းလက္ရွိေဈးကြက္ထဲမွာ ထင္သေလာက္ေဈးမက်သြားဘူးလို႔ ေျပာဆိုေဝဖန္သူေတြလည္းရွိေနပါတယ္။
Credit