ထောင်ဒဏ် နှစ် ၈၀ ကျော် မတရားချမှတ်ခံထားရသည့် ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်ထက်ဝက် လျှော့ပေါ့
NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သော ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် နှစ် ၈၀ ကျော် မတရားချမှတ်ထားရာမှ ယနေ့ အကြမ်းဖက် မင်းအောင်လှိုင်က ပြစ်ဒဏ်ကျကာလထက်ဝက်ကို လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေးဟု ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရားရုံးများတွင် တရားစွဲဆိုထားဆဲ AA အဖွဲ့ဝင် ၄၆ ဦးကို အမှုပိတ်သိမ်း၍ လည်းကောင်း၊ ပြစ်ဒဏ်ကျ အကျဉ်းသား ၈၁၄ ဦးကိုလည်း “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုကြောင်း ဖော်ပြထားသည်။
ထို့ပြင် အကျဉ်းသား သီရိလင်္ကာ နိုင်ငံသား ၇ ဦးကို “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းချက်ဖြင့် ပြည်နှင်ဒဏ်ပေး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့အကျဉ်းသားတွေထဲ ထိုက်သင့်တဲ့ပြစ်ဒဏ်ကျခံထားပြီး စည်းကမ်းကောင်းမွန်စွာနေထိုင်တဲ့ ၈၀၀ ကျော်ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံထားရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကိုလည်း ပြစ်ဒဏ်တွေရဲ့ ထက်ဝက်ကာလ ကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့လည်းပါရှိပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၈၀ ချမှတ်ထားတာဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့၂ နှစ်၊ အဂတိလိုက်စားမှု တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်နဲ့၅မှုပေါင်း ၇၅ နှစ်၊ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၁၃၀ – က နဲ့ ထောင် ၃ နှစ် တို့ ဖြစ်ပါတယ်။
Credit



