Uncategorized

၂၀၃၀ထိ အိမ္မက္ မက္ေနၾကသူမ်ား

၂၀၃၀ ျပည့္ႏွစ္မွာ ျမန္မာတစ္ႏိုင္ငံလုံး လွ်ပ္စစ္စြမ္းအင္ရရွိေရး စီမံခ်က္ထား ေဆာင္႐ြက္ေနတယ္လို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ-SAC ရဲ႕ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္သက္ဦးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၇ ရက္နဲ႔ ၈ ရက္ေန႔တို႔မွာ ဗီဒီယိုကြန္ဖရင့္စနစ္နဲ႔ က်င္းပတဲ့ SGE ASEAN-India High Level Conference on Renewable Energy အစည္းအေဝးမွာ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္သက္ဦးက အဖြင့္အမွာစကားေျပာၾကားရင္း အခုလို ေျပာတာျဖစ္ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံရဲ႕ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈက သဘာဝဓာတ္ေငြ႕ကေန ၅၆ ရာခိုင္ႏႈန္း၊ ေရအားလွ်ပ္စစ္ကေန ၄၀ ရာခိုင္ႏႈန္း၊ ေက်ာက္မီးေသြးကေန ၃ ရာခိုင္ႏႈန္းနဲ႔ ျပန္ျပည့္ၿမဲစြမ္းအင္အရင္းအျမစ္ေတြကေန ၁ ရာခိုင္ႏႈန္း ရွိေနတယ္လို႔ ဝန္ႀကီး ဦးေအာင္သက္ဦးက ဆိုပါတယ္။

ေနနဲ႔ ေလစြမ္းအင္လိုမ်ိဳး ျပန္ျပည့္ၿမဲစြမ္းအင္အရင္းအျမစ္ေတြကေန လွ်ပ္စစ္ထုတ္လုပ္မႈကို ၉ ရာခိုင္ႏႈန္းအထိ ထုတ္လုပ္ႏိုင္ဖို႔ ရည္မွန္းထားၿပီး အဲ့ဒီရည္မွန္းခ်က္ ျပည္မီေစဖို႔အတြက္

လွ်ပ္စစ္ဓာတ္အား ၃၇၀ မဂၢဝပ္ထုတ္လုက္ႏိုင္မယ့္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရး စီမံကိန္း ၁၃ ခုကို စတင္အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေနၿပီလို႔လည္း ေျပာၾကားပါတယ္။

ျမန္မာႏိုင္ငံဟာ အာဆီယံရည္မွန္းခ်က္ျဖစ္တဲ့ ၂၀၂၅ ခုႏွစ္မွာ ေဒသတြင္းစြမ္းအင္သုံးစြဲမႈရဲ႕ ၂၃ ရာခိုင္ႏႈန္းကို ျပန္ျပည့္ၿမဲစြမ္းအင္အရင္းအျမစ္ေတြကေန ရယူသုံးစြဲႏိုင္ေရး အဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားဖို႔ ရွိေနတယ္လို႔လည္း ထည့္သြင္းေျပာၾကားသြားပါတယ္။

ဒါ့ေပမဲ့ လက္ရွိ ျမန္မာႏိုင္ငံအႏွံ႔မွာေတာ့ ေန႔စဥ္ လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြ ျဖစ္ေပၚေနတာေၾကာင့္ ျပည္သူေတြ အခက္ေတြ႕ေနရပါတယ္။

crd

၂၀၃၀ ပြည့်နှစ်မှာ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်စွမ်းအင်ရရှိရေး စီမံချက်ထား ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-SAC ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သက်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တို့မှာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပတဲ့ SGE ASEAN-India High Level Conference on Renewable Energy အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သက်ဦးက အဖွင့်အမှာစကားပြောကြားရင်း အခုလို ပြောတာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက သဘာဝဓာတ်ငွေ့ကနေ ၅၆ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်ကနေ ၄၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေးကနေ ၃ ရာခိုင်နှုန်းနဲ့ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ ၁ ရာခိုင်နှုန်း ရှိနေတယ်လို့ ဝန်ကြီး ဦးအောင်သက်ဦးက ဆိုပါတယ်။

နေနဲ့ လေစွမ်းအင်လိုမျိုး ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ လျှပ်စစ်ထုတ်လုပ်မှုကို ၉ ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပြီး အဲ့ဒီရည်မှန်းချက် ပြည်မီစေဖို့အတွက်

လျှပ်စစ်ဓာတ်အား ၃၇၀ မဂ္ဂဝပ်ထုတ်လုက်နိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း ၁၃ ခုကို စတင်အကောင်အထည် ဖော်ဆောင်ရွက်နေပြီလို့လည်း ပြောကြားပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၅ ခုနှစ်မှာ ဒေသတွင်းစွမ်းအင်သုံးစွဲမှုရဲ့ ၂၃ ရာခိုင်နှုန်းကို ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ ရယူသုံးစွဲနိုင်ရေး အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေတယ်လို့လည်း ထည့်သွင်းပြောကြားသွားပါတယ်။

ဒါ့ပေမဲ့ လက်ရှိ မြန်မာနိုင်ငံအနှံ့မှာတော့ နေ့စဉ် လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေ အခက်တွေ့နေရပါတယ်။

crd