Uncategorized

24.Feb.2022 မှ 2.Mar.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

24.Feb.2022 မှ 2.Mar.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

တည်တည်ငြိမ်ငြိမ်နဲ့ အကျိုးပေးတဲ့ကာလပါပဲ။ အပြောင်းအလဲလုပ်တာ၊လက်ရှိအနေအထားကနေ တစ်ခုခု ကိုရွှေ့လျားဆောင်ရွက်လိုက်တာက အဆိုးကိုစတင်ဖြစ်ပေါ်စေပါတယ်။ နေရာထိုင်ခင်းအပြောင်းအလဲတွေလဲ လိုအပ်မှသာလုပ်သင့်တဲ့ကာလပါပဲ။ လူချစ်လူခင်များမယ်။ လူလွတ်များစန်းပွင့်မယ်။

ချစ်ရသူကို ဖွင့်ပြောလို့ကောင်း တယ်။ အထက်လူကြီးဆီ တင်ပြပြောဆိုလို့ကောင်းတယ်။ လက်ထပ်ချင်တဲ့စုံတွဲများ လူကြီးတွေဖွင့်ပြောတာ၊ နားဖောက် တာတွေဆောင်ရွက်လို့ရပါတယ်။ ငွေကြေးအကူအညီတွေရလွယ်တယ်။ မိဘဆီကဖြစ်စေ၊ အလုပ်က ဖြစ်စေ မုန့်ဖိုး ဆိုတာမျိုးတွေရတတ်ပါတယ်။ အလွယ်တွေးရင် အလွယ်ဖြစ်မယ်။ လေးလေးနက်နက်တွေးပြီး ဆောင်ရွက်ခြင်းဖြင့် ဒီကာလမှာလေးနက်တဲ့အောင်မြင်မှုတွေရလိမ့်မယ်။ချစ်ရေးဆိုဖို့အကောင်းဆုံးကာလဖြစ်သလို အဖြေပေးခေါင်း ညိတ်ဖို့ အကောင်းဆုံးကာလပါပဲ။ ငွေကြေးကံတွေလဲ မညံ့တော့ပါဘူး။

LDRSတွေ အတွက်တော့ အချစ်ရေးရှုပ်ထွေးမှုတွေဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်။ အခြားတစ်ယောက်နဲ့စွပ်စွဲပြောဆို ခြင်းခံရနိုင် ဖွယ်ရှိ နေပါတယ်။ကျန်းမာရေးကလဲ ဒီကာလအားနည်းချက် သိပ်မတွေ့ရပါဘူး။ အိမ်ထောင်ရေး က တော့ စီးပွားရေး အပေါ် အားထည့်နေတာကြောင့် သိပ်ပြီး မနွေးထွေးသလိုတော့ ဖြစ်တတ်ပါတယ်။အကျိုးပေးဂဏန်း ၂/၉/၄အထူးဟော ချစ်လို့ ခင်လို့ ကူညီမဲ့သူတွေပေါများတတ်ပါတယ်.ယတြာ ဘုရားမှာကရေကရာကပ်ပါ။

တနင်္လာ

အနည်းငယ် အခက်အခဲလေးတွေတော့ ရှိနေလိမ့်မယ်။ အဓိကတော့ လုံခြုံရေးကျိုးပေါက်တဲ့ ကာလဖြစ် တော့ အခိုးခံရတာ၊အလုခံရတာ၊အဖမ်းခံရတာမျိုးတွေဖြစ်လွယ်တယ်။ တန်ဖိုးကြီးတာတွေဝတ်ဆင်ပြီး သွားတာ ဆိုင်ကယ်အကောင်းစားတွေစီးပြီးသွားတာမျိုးတွေမလုပ်သင့်သေးပါဘူး။တတ်နိုင်သမျှ ဒီကာလဟာ အသွားအလာ အပြောအဆိုဆင်ခြင်သင့်ပါတယ်။မလိုအပ်ဘဲ မိမိအတွင်းရေးတွေကို ဘယ်သူမှမပြောမိပါစေနဲ့။ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားနိုင်တာကိုတွေ့ရပါတယ်။

လိုင်းပေါ်တင်ပြီးမိမိကိုအရှက်ခွဲတာမျိုးတွေကြုံရလေ့ရှိတဲ့ကာလဖြစ်ပါ တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး မလိုအပ်တာတွေဝယ်မိနေတတ်ပါတယ်။ ဒီအပတ်ထဲရေတွင်းတူးတာမျိုး၊ရေကန် တည်ဆောက်တာမျိုးရှောင်စေချင်တယ်။ အဘက်ဘက်က တိုးတတ်မှု ကြန့်ကြာတတ်တဲ့အချိန်ပါပဲ။ လုပ်ငန်းစီးပွား အနေနဲ့ အရောင်းထိုင်းနေတတ်တယ်။ အလုပ်ပါးတတ်တယ်။ ဒါပေမဲ့ လှောင်ကုန်တွေကနေ အကျိုးအမြတ်ပြန်ရ တတ်ပါတယ်။ ဖျားတတ် နာတတ်တဲ့ကာလပါပဲ။

ကျန်းမာရေးကြောင့်ခွင့်ယူရတတ်တယ်။ အချစ်ရေးခဏမေ့ထား သင့်တဲ့ ကာလပါပဲ။ အိမ်တွင်းရေး အိမ်ထောင်ရေးကတော့ အဆင်ပြေတာများပါတယ်။ အိမ်တွင်း စီးပွားရေးများလဲ တိုးတတ်လွယ်ပါတယ်။ လူငယ်တွေပညာရေးမှာအားနည်းနေတတ်တယ်။ စိတ်အလိုမကျမှုတွေ၊ဒေါသဖြစ်စရာ တွေကြုံရတတ်တယ်။အကျိုးပေးဂဏန်း ၃/၅/၉ အထူးဟော အခက်အခဲလေးတွေရောပါနေတယ် ယတြာ စံပယ်ပန်းဘုရားကပ်လှူလိုက်ပါ

အင်္ဂါ

အကြံအစည်တွေကို ကြိုတင်ကြံစည်ပြီးလုပ်ကိုင်သမျှ လွဲနေပါလိမ့်မယ်။ ဖြစ်လာတဲ့အခြေအနေကို မီးစင်ပြီး ကတာကပိုအဆင်ပြေပါလိမ့်မယ်။ ဘာကိစ္စကိုမှ အလျင်စလိုမလုပ်မိပါစေနဲ့။ငွေကြေးနဲ့ပတ်သက်ပြီးငွေကံ နိမ့်ပါးနေခြင်း၊ အဝင်များပေမဲ့ အထွက်ကပိုများခြင်းတွေဖြစ်တတ်ပါတယ်။ ငွေထွက်မဲ့အတူတူ မိမိအတွက်အဖတ် တင်တာတစ်ခုခုဝယ်ထားတာမျိုးလဲ ဒီကာလမှာဆောင်ရွက်နိုင်ပါတယ်။ တတ်နိုင်သမျှစက်ပစ္စည်းတွေပြင်ဆင်မယ် ဆိုရင်တော့ ဒီကာလမှာမိမိနဲ့သိကျွမ်းတဲ့ဆိုင်မှာပဲပြင်ပါ။

အခြားဆိုင်တွေမှာပြင်မိရင် ထင်ထားသည်ထက်ပိုကုန်တာ မဆိုင်တာတွေဖြုတ်လဲခိုင်းတာမျိုးတွေကြောင့် အကုန်အကျများသွားနိုင်ပါတယ်။ ကျန်းမာရေးကတော့ ညံ့နေရာက နေပြန်ကောင်းလာနိုင်တာကိုတွေ့ရပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ အချိတ်အဆက်တွေရလာတတ်ပါတယ်။ ကျေးဇူး ပြုဖူးခဲ့တဲ့သူတွေက ပြန်ကျေးဇူးဆပ်တာမျိုးတွေကြုံရတတ်ပါတယ်။ ခရီးတို ၊ခရီးရှည်သွားရမည်။ ကောင်းသော ခရီးဖြစ်မည်။ အထောက်အပံ့အကူအညီတွေရမည်။

မိခင်ကျန်းမာရေးဂရုစိုက်ပါ။ မိသားစုအရေး ၊အိမ်တွင်းအရေး ပူပန်ရမည်။ အဝေးကသတင်းကောင်းကြားရမည်။ လူငယ်တွေအချစ်ရေးကံကောင်းနေပါ လိမ့် မယ်။ အချစ်သစ် ရည်းစားသစ်ဆိုတာလဲ ရလွယ်ပါတယ်။ ကျန်းမာရေးလဲကောင်းနေမှာပါ။ ဗိုက်အောက်ဗိုက်နာတာ ကလွဲလို့ အခြား အားနည်းချက်သိပ်မတွေ့ပါဘူး။ ပညာရေးနယ်ပယ်မှာတော့ ပညာအသစ်တစ်ခုစတင်သင်ယူလို့ အကောင်းဆုံး အချိန်ပါ။အကျိုးပေးဂဏန်း ၄/၈/၆အထူးဟော ကံသင့်ပါတယ်။ယတြာ သရက်သီးသနပ် ဘုရားကပ်ပါ။

ဗုဒ္ဓဟူး/ရာဟု

အခက်အခဲတွေကြားထဲက ရုန်းထွက်အောင်မြင်နိုင်မဲ့ကာလပဲဖြစ်ပါတယ်။မိမိကိုယ်တိုင်က လေးနေ၊နှေးနေ ရင်တော့ ဘာမှဖြစ်ဖြစ်မြောက်မြောက်ဖြစ်လာမယ်မထင်ပါဘူး။ အမှုအခင်းတွေဖြစ်နိုင်ပေမဲ့ ကောင်းစွာကျော်ဖြတ် နိုင်ပါလိမ့်မယ်။ ဖောက်သည်သစ်တိုးခြင်း၊ မိတ်ဆွေကောင်းတွေကူညီခြင်းတွေကြောင့် လုပ်ငန်းစီးပွားတွေတိုးတတ် ဖွယ်ရာအခြေအနေကြုံရပါလိမ့်မယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးအကူအညီကောင်းတွေရလာတတ်ပါတယ်။

အလုပ်အကိုင်နဲ့ပတ်သက်ပြီးဆိုင်ခွဲဖွင့်တာမျိုးတွေ၊ အလုပ်သစ်စတာမျိုးတွေဆောင်ရွက်လို့ကောင်းတဲ့ကာလပဲဖြစ် ပါတယ်။ သားသမီးကြောင့်စိတ်ချမ်းသာရတာ၊ သားသမီးထံကအကူအညီကောင်းတွေရလာမျိုးတွေကြုံရတတ်တဲ့ ကာလလဲဖြစ်ပါတယ်။အိမ်တွင်းစီးပွားရေးမှာတော့ ပြန်လည်ဦးမော့လာတတ်ပါတယ်။ မိသားစုအတွင်း ပြေလည် မှုတွေပြန်ရတတ်ပါတယ်။ငယ်ရွယ်သူများအချစ်ရေးအထူးစန်းပွင့်နေမည်။ ချစ်ရေးဆိုခြင်းခံရတတ်သည်။

အိမ်ထောင်ရှင်များ သားသမီးကြောင့်စိတ်ချမ်းမြေ့ရမည်။ အောက်လက်ငယ်သားတွေရဲ့အကူအညီရလာတတ်သည်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်သည်။ အစားအသောက်ဆင်ခြင်စေချင်သည်။အရက်သေစာလဲ လျှော့သောက် သင့်တဲ့ကာလပါပဲ။အကျိုးပေးဂဏန်း ၅/၀/၈အထူးဟော လုပ်ငန်းကံပွင့်လာလိမ့်မယ်ယတြာ ထောပတ်သီးမှည့်ဘုရားကပ်ပါ

ကြာသပတေး

စိတ်ထဲ လောဘကြီးနေတတ်ပါတယ်။ ဟိုဟာလဲ လုပ်ချင်၊ဒီဟာလဲလုပ်ချင်ဆိုတာမျိုးတွေ ဖြစ်နေပါလိမ့် မယ်။ ငွေကြေးအမြောက်အများဆုံးရှုံးနိုင်တဲ့ကာလဖြစ်တာမို့ ရင်းနှီးမြုပ်နှံမှုတွေ၊ တစ်ခုခုကိုနားမလည်ဘဲ ဝယ်ခြမ်း လိုက်တာမျိုးတွေရှောင်လိုက်စေချင်ပါတယ်။တတ်နိုင်သမျှ မလိုအပ်ဘဲခရီးသွားတာမျိုးတွေရှောင်ပါ။ ခရီးလမ်း ကြန့်ကြာတာ၊ ခရီးလမ်းမှာအဆင်မပြေဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်သောစီး ပွားရေး မှာ ဒီအပတ်အတွင်း အသစ်စလို့မကောင်းသေးပါဘူး။

ကံကောင်းတာက ငွေနောက်မလိုက်နဲ့။ ကိုယ့်အလုပ် ကို အေးအေးဆေးဆေးလုပ်ပါ။အလုပ်ကိုစိတ်နှစ်ထားတာအကောင်းဆုံးကိစ္စပါပဲ။ ဘာသာရေးနဲ့ပတ်သက်သော အငြင်း အခုံကိစ္စတွေကို ဒီအပတ်အတွင်းမလုပ်ပါနဲ့။ ချစ်သူရည်စား မရှိသေးသူများ အောင်သွယ်ကောင်းမှုကြောင့် ချစ်သူရ တတ်သည်။ အလုပ်ဝန်ပိတာ ၊မနိုင်ဝန်ထမ်းရတာမျိုးတော့ရှိတတ်ပါတယ်။ အခက်အခဲတွေကြုံပါစေ…. မိတ်ဆွေ သူငယ်ချင်းတွေရဲ့ကူညီမှုတွေကြောင့် ပြေလည်သွားတတ်ပါတယ်။ အလုပ်ပို ၊ကိစ္စပိုတွေကြောင့်ငွေကုန်လူပန်းဖြစ် ရတတ်ပါတယ်။

ကျန်းမာရေးအနည်းငယ် ဂရုစိုက်ပါ။ အရင်ဖြစ်ခဲ့ဖူးတဲ့ ရောဂါဝေဒနာတွေ ပြန်ဖြစ်တတ်ပါတယ်။ လူမျိုးခြား ဘာသာခြားတွေနဲ့ ဆက်စပ်လုပ်ကိုင်ခြင်းများ အညံ့များနေတတ်ပါတယ်။ လူမှုရေးကိစ္စများ အားနည်း ချက် ရှိနေတတ်ပါတယ်။ ပညာရေးကတော့ မိမိကိုယ်တိုင် စိတ်ပါဝင်စားမှု အားနည်းနေပါလိမ့်မယ်။အကျိုးပေးဂဏန်း ၁/၆/၈အထူးဟော ကံနိမ့်နေတယ်ဗျ ယတြာ တောင်းရမ်းသူကို တတ်နိုင်သလောက်လှူဒါန်းလိုက်ပါ

သောကြာ

အလှုပ်အရှားအသွားအလာများမဲ့ကာလပါပဲ။ အငြိမ်မနေရတတ်ပါ။ မထင်မှတ်ဘဲ ခရီးရှည်တွေလဲသွားနေရ တတ်ပါတယ်။ တန်ဖိုးထားစရာလက်ဆောင်ပစ္စည်းတွေရလာတတ်ပါတယ်။ အောက်လက် ငယ်သားတွေကို အားကိုး လို့မရသေးတဲ့ကာလပါပဲ။ ဒီကာလဟာ လူမှုရေးတစ်ခုပဲအထူးညံ့နေတယ်။အိမ်တွင်းမိသားစုနယ်ပယ်၊ အပေါင်း အသင်း မိတ်ဆွေ နယ်ပယ်တွေမှာ စကားများစရာ စိတ်ဝမ်းကွဲစရာကြုံလာနိုင်တယ်။ အလုပ်အကိုင်နေရာထိုင်ခင်း အပြောင်းအရွေ့ကြုံရနိင်တယ်။

ကောင်းသောပြောင်းခြင်းပါ။ အိမ်ဝယ်ဖို့ ၊လုပ်ငန်းသစ်စတင်လုပ်ကိုင်ဖို့၊ ဆိုင်းဘုတ် သစ်တင်ဖို့ကိစ္စတွေတော့ မလုပ်သင့်သေးပါဘူး။ ခရီးဝေးသွားရတတ်တယ်။ ဘာသာရေးကိစ္စအလှူကိစ္စတွေအတွက် ခရီးဝေးသွားရမည်။ ငွေကတော့ ဝင်နေပေမဲ့ ထွက်တာကပိုများနေတတ်တယ်။ပရဟိတအလုပ်၊ လူမှုရေးအသင်း အဖွဲ့တွေမှာ အကူအညီတောင်းခံရခြင်း၊တာဝန်ပေးခံရခြင်းတွေကြုံရလိမ့်မယ်။ ကျန်းမာရေးကတော့ ဂရုစိုက်ရမဲ့ အနေအထားပါ။

ရောဂါရလွယ်တဲ့ ကာလပါပဲ။ အထူးသဖြင့်သွေးအားနည်းတာမျိုး၊အကြောအချဉ် တက်တာမျိုး တွေဖြစ်တတ်ပါတယ်။အိမ်တွင်းရေးမှာ အိမ်ထောင်ဦးစီးကြောင့် စိတ်ညစ်ရတတ်ပါတယ်။ အချစ်ရေးကံကတော့ ချစ်သူနဲ့ အဆင်ပြေချောမွေ့မဲ့ကာလပါပဲ။ ပညာရေးအားနည်းနေအတွက် ပိုကြိုးစားစေချင်ပါ တယ်။အကျိုးပေးဂဏန်း ၂/၀/၉အထူးဟော ကျန်းမာရေးယုတ်လျော့အားနည်းနေပါတယ် ယတြာ နန်းကြီးသုပ်ဘုရားကပ်လှူပေးပါ

စနေ

ကံမြင့်မားနေချိန်ပါပဲ။ အဓိကအနေနဲ့အလုပ်အထူးအဆင်ပြေမယ်။ ဝန်ထမ်းဆို နေရာပေးခြင်းခံရမယ်။ အထက်လူကြီးချစ်ခင်မယ်။ ရာထူးနေရာတိုးတတ်နိုင်တယ်။အိမ်ဝယ်မဲ့သူတွေ အဆင်အပြေဆုံးကာလပါ။ အရှုပ် အရှင်း ကင်းမယ်။ ပျော်စရာကြည်နူးစရာတွေပြည့်နှက်နေပါလိမ့်မယ်။ လုပ်ငန်းစီးပွားကောင်းလာမည်။ စိတ် လွတ် လပ် ပေါ့ပါးနေမည်။ အရင်းနှီးဆုံးလူတွေရဲ့ လက်၏ဆောင်မခြင်း၊နှုတ်၏ဆောင်မခြင်းတွေကြောင့် အဘက်ဘက်က အဆင်ပြေမည်။

အခွင့်ထူးရခြင်း၊ ငွေကြေးအစုလိုက်ဝင်ခြင်းတွေကြုံရမှာပါ။ ဘာသာတရားလိုက်စားသူ ၊ပရိတ် ပဌာန်း မပြတ်ရွတ်နေသူတွေဆို အတိတ်ကံရဲ့ ကောင်းကျိုးပေးမှုတွေအလှည့်ကျမဲ့အချိန်ပါပဲ။ စက်ပစ္စည်းတွေလဲ ဝင်လာပါ လိမ့်မယ်။ ကျန်းမာရေးလဲ ကောင်းနေပါလိမ့်မယ်။ ကိုယ်ခံအားကောင်းနေမှာပါ။ကိုယ်ပိုင်လုပ်ငန်းရှင်များ အလုပ်တိုးတတ်မည်။

စက်ပစ္စည်းအသစ်တွေ ဝင်လာတတ်ပါတယ်။ ခရီးတိုလေးတွေလဲ သွားရတတ်ပါတယ်။ အိမ်တွင်းရေးကတော့ သားသမီးတွေ ကြောင့်ပူပန်ရတတ်ပါတယ်။လူငယ်တွေကတော့ အချစ်ရေးအထူးကံကောင်း ချိန် ပါပဲ။ အချစ်ရေးမှာ ပျော်စရာ၊စိတ်ချမ်းမြေ့စရာတွေကြုံရမှာပါပဲ။အတန်းပညာထက် ဘာသာရေးနဲ့ပတ်သက် သော ပညာများ သင်ယူသင့်ပါတယ်။အကျိုးပေးဂဏန်း ၁/၃/၇ အထူးဟော ကံမြင့်မားနေမယ် ယတြာ အုန်းထမင်းဆွမ်းဘုရားကပ်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695

Zawgyi

24.Feb.2022 မွ 2.Mar.2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

တည္တည္ၿငိမ္ၿငိမ္နဲ႔ အက်ိဳးေပးတဲ့ကာလပါပဲ။ အေျပာင္းအလဲလုပ္တာ၊လက္ရွိအေနအထားကေန တစ္ခုခု ကိုေ႐ႊ႕လ်ားေဆာင္႐ြက္လိုက္တာက အဆိုးကိုစတင္ျဖစ္ေပၚေစပါတယ္။ ေနရာထိုင္ခင္းအေျပာင္းအလဲေတြလဲ လိုအပ္မွသာလုပ္သင့္တဲ့ကာလပါပဲ။ လူခ်စ္လူခင္မ်ားမယ္။ လူလြတ္မ်ားစန္းပြင့္မယ္။

ခ်စ္ရသူကို ဖြင့္ေျပာလို႔ေကာင္း တယ္။ အထက္လူႀကီးဆီ တင္ျပေျပာဆိုလို႔ေကာင္းတယ္။ လက္ထပ္ခ်င္တဲ့စုံတြဲမ်ား လူႀကီးေတြဖြင့္ေျပာတာ၊ နားေဖာက္ တာေတြေဆာင္႐ြက္လို႔ရပါတယ္။ ေငြေၾကးအကူအညီေတြရလြယ္တယ္။ မိဘဆီကျဖစ္ေစ၊ အလုပ္က ျဖစ္ေစ မုန႔္ဖိုး ဆိုတာမ်ိဳးေတြရတတ္ပါတယ္။ အလြယ္ေတြးရင္ အလြယ္ျဖစ္မယ္။ ေလးေလးနက္နက္ေတြးၿပီး ေဆာင္႐ြက္ျခင္းျဖင့္ ဒီကာလမွာေလးနက္တဲ့ေအာင္ျမင္မႈေတြရလိမ့္မယ္။ခ်စ္ေရးဆိုဖို႔အေကာင္းဆုံးကာလျဖစ္သလို အေျဖေပးေခါင္း ညိတ္ဖို႔ အေကာင္းဆုံးကာလပါပဲ။ ေငြေၾကးကံေတြလဲ မညံ့ေတာ့ပါဘူး။

LDRSေတြ အတြက္ေတာ့ အခ်စ္ေရးရႈပ္ေထြးမႈေတြျဖစ္လာႏိုင္စရာအေၾကာင္းရွိပါတယ္။ အျခားတစ္ေယာက္နဲ႔စြပ္စြဲေျပာဆို ျခင္းခံရႏိုင္ ဖြယ္ရွိ ေနပါတယ္။က်န္းမာေရးကလဲ ဒီကာလအားနည္းခ်က္ သိပ္မေတြ႕ရပါဘူး။ အိမ္ေထာင္ေရး က ေတာ့ စီးပြားေရး အေပၚ အားထည့္ေနတာေၾကာင့္ သိပ္ၿပီး မေႏြးေထြးသလိုေတာ့ ျဖစ္တတ္ပါတယ္။အက်ိဳးေပးဂဏန္း ၂/၉/၄အထူးေဟာ ခ်စ္လို႔ ခင္လို႔ ကူညီမဲ့သူေတြေပါမ်ားတတ္ပါတယ္.ယၾတာ ဘုရားမွာကေရကရာကပ္ပါ။

တနလၤာ

အနည္းငယ္ အခက္အခဲေလးေတြေတာ့ ရွိေနလိမ့္မယ္။ အဓိကေတာ့ လုံၿခဳံေရးက်ိဳးေပါက္တဲ့ ကာလျဖစ္ ေတာ့ အခိုးခံရတာ၊အလုခံရတာ၊အဖမ္းခံရတာမ်ိဳးေတြျဖစ္လြယ္တယ္။ တန္ဖိုးႀကီးတာေတြဝတ္ဆင္ၿပီး သြားတာ ဆိုင္ကယ္အေကာင္းစားေတြစီးၿပီးသြားတာမ်ိဳးေတြမလုပ္သင့္ေသးပါဘူး။တတ္ႏိုင္သမွ် ဒီကာလဟာ အသြားအလာ အေျပာအဆိုဆင္ျခင္သင့္ပါတယ္။မလိုအပ္ဘဲ မိမိအတြင္းေရးေတြကို ဘယ္သူမွမေျပာမိပါေစနဲ႔။ လွ်ိဳ႕ဝွက္ခ်က္ေတြ ေပါက္ၾကားသြားႏိုင္တာကိုေတြ႕ရပါတယ္။

လိုင္းေပၚတင္ၿပီးမိမိကိုအရွက္ခြဲတာမ်ိဳးေတြႀကဳံရေလ့ရွိတဲ့ကာလျဖစ္ပါ တယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီး မလိုအပ္တာေတြဝယ္မိေနတတ္ပါတယ္။ ဒီအပတ္ထဲေရတြင္းတူးတာမ်ိဳး၊ေရကန္ တည္ေဆာက္တာမ်ိဳးေရွာင္ေစခ်င္တယ္။ အဘက္ဘက္က တိုးတတ္မႈ ၾကန႔္ၾကာတတ္တဲ့အခ်ိန္ပါပဲ။ လုပ္ငန္းစီးပြား အေနနဲ႔ အေရာင္းထိုင္းေနတတ္တယ္။ အလုပ္ပါးတတ္တယ္။ ဒါေပမဲ့ ေလွာင္ကုန္ေတြကေန အက်ိဳးအျမတ္ျပန္ရ တတ္ပါတယ္။ ဖ်ားတတ္ နာတတ္တဲ့ကာလပါပဲ။

က်န္းမာေရးေၾကာင့္ခြင့္ယူရတတ္တယ္။ အခ်စ္ေရးခဏေမ့ထား သင့္တဲ့ ကာလပါပဲ။ အိမ္တြင္းေရး အိမ္ေထာင္ေရးကေတာ့ အဆင္ေျပတာမ်ားပါတယ္။ အိမ္တြင္း စီးပြားေရးမ်ားလဲ တိုးတတ္လြယ္ပါတယ္။ လူငယ္ေတြပညာေရးမွာအားနည္းေနတတ္တယ္။ စိတ္အလိုမက်မႈေတြ၊ေဒါသျဖစ္စရာ ေတြႀကဳံရတတ္တယ္။အက်ိဳးေပးဂဏန္း ၃/၅/၉ အထူးေဟာ အခက္အခဲေလးေတြေရာပါေနတယ္ ယၾတာ စံပယ္ပန္းဘုရားကပ္လႉလိုက္ပါ

အဂၤါ

အႀကံအစည္ေတြကို ႀကိဳတင္ႀကံစည္ၿပီးလုပ္ကိုင္သမွ် လြဲေနပါလိမ့္မယ္။ ျဖစ္လာတဲ့အေျခအေနကို မီးစင္ၿပီး ကတာကပိုအဆင္ေျပပါလိမ့္မယ္။ ဘာကိစၥကိုမွ အလ်င္စလိုမလုပ္မိပါေစနဲ႔။ေငြေၾကးနဲ႔ပတ္သက္ၿပီးေငြကံ နိမ့္ပါးေနျခင္း၊ အဝင္မ်ားေပမဲ့ အထြက္ကပိုမ်ားျခင္းေတြျဖစ္တတ္ပါတယ္။ ေငြထြက္မဲ့အတူတူ မိမိအတြက္အဖတ္ တင္တာတစ္ခုခုဝယ္ထားတာမ်ိဳးလဲ ဒီကာလမွာေဆာင္႐ြက္ႏိုင္ပါတယ္။ တတ္ႏိုင္သမွ်စက္ပစၥည္းေတြျပင္ဆင္မယ္ ဆိုရင္ေတာ့ ဒီကာလမွာမိမိနဲ႔သိကြၽမ္းတဲ့ဆိုင္မွာပဲျပင္ပါ။

အျခားဆိုင္ေတြမွာျပင္မိရင္ ထင္ထားသည္ထက္ပိုကုန္တာ မဆိုင္တာေတြျဖဳတ္လဲခိုင္းတာမ်ိဳးေတြေၾကာင့္ အကုန္အက်မ်ားသြားႏိုင္ပါတယ္။ က်န္းမာေရးကေတာ့ ညံ့ေနရာက ေနျပန္ေကာင္းလာႏိုင္တာကိုေတြ႕ရပါတယ္။ အလုပ္နဲ႔ပတ္သက္တဲ့ အခ်ိတ္အဆက္ေတြရလာတတ္ပါတယ္။ ေက်းဇူး ျပဳဖူးခဲ့တဲ့သူေတြက ျပန္ေက်းဇူးဆပ္တာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ ခရီးတို ၊ခရီးရွည္သြားရမည္။ ေကာင္းေသာ ခရီးျဖစ္မည္။ အေထာက္အပံ့အကူအညီေတြရမည္။

မိခင္က်န္းမာေရးဂ႐ုစိုက္ပါ။ မိသားစုအေရး ၊အိမ္တြင္းအေရး ပူပန္ရမည္။ အေဝးကသတင္းေကာင္းၾကားရမည္။ လူငယ္ေတြအခ်စ္ေရးကံေကာင္းေနပါ လိမ့္ မယ္။ အခ်စ္သစ္ ရည္းစားသစ္ဆိုတာလဲ ရလြယ္ပါတယ္။ က်န္းမာေရးလဲေကာင္းေနမွာပါ။ ဗိုက္ေအာက္ဗိုက္နာတာ ကလြဲလို႔ အျခား အားနည္းခ်က္သိပ္မေတြ႕ပါဘူး။ ပညာေရးနယ္ပယ္မွာေတာ့ ပညာအသစ္တစ္ခုစတင္သင္ယူလို႔ အေကာင္းဆုံး အခ်ိန္ပါ။အက်ိဳးေပးဂဏန္း ၄/၈/၆အထူးေဟာ ကံသင့္ပါတယ္။ယၾတာ သရက္သီးသနပ္ ဘုရားကပ္ပါ။

ဗုဒၶဟူး/ရာဟု

အခက္အခဲေတြၾကားထဲက ႐ုန္းထြက္ေအာင္ျမင္ႏိုင္မဲ့ကာလပဲျဖစ္ပါတယ္။မိမိကိုယ္တိုင္က ေလးေန၊ေႏွးေန ရင္ေတာ့ ဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္ျဖစ္လာမယ္မထင္ပါဘူး။ အမႈအခင္းေတြျဖစ္ႏိုင္ေပမဲ့ ေကာင္းစြာေက်ာ္ျဖတ္ ႏိုင္ပါလိမ့္မယ္။ ေဖာက္သည္သစ္တိုးျခင္း၊ မိတ္ေဆြေကာင္းေတြကူညီျခင္းေတြေၾကာင့္ လုပ္ငန္းစီးပြားေတြတိုးတတ္ ဖြယ္ရာအေျခအေနႀကဳံရပါလိမ့္မယ္။က်န္းမာေရးနဲ႔ပတ္သက္ၿပီးအကူအညီေကာင္းေတြရလာတတ္ပါတယ္။

အလုပ္အကိုင္နဲ႔ပတ္သက္ၿပီးဆိုင္ခြဲဖြင့္တာမ်ိဳးေတြ၊ အလုပ္သစ္စတာမ်ိဳးေတြေဆာင္႐ြက္လို႔ေကာင္းတဲ့ကာလပဲျဖစ္ ပါတယ္။ သားသမီးေၾကာင့္စိတ္ခ်မ္းသာရတာ၊ သားသမီးထံကအကူအညီေကာင္းေတြရလာမ်ိဳးေတြႀကဳံရတတ္တဲ့ ကာလလဲျဖစ္ပါတယ္။အိမ္တြင္းစီးပြားေရးမွာေတာ့ ျပန္လည္ဦးေမာ့လာတတ္ပါတယ္။ မိသားစုအတြင္း ေျပလည္ မႈေတြျပန္ရတတ္ပါတယ္။ငယ္႐ြယ္သူမ်ားအခ်စ္ေရးအထူးစန္းပြင့္ေနမည္။ ခ်စ္ေရးဆိုျခင္းခံရတတ္သည္။

အိမ္ေထာင္ရွင္မ်ား သားသမီးေၾကာင့္စိတ္ခ်မ္းေျမ့ရမည္။ ေအာက္လက္ငယ္သားေတြရဲ႕အကူအညီရလာတတ္သည္။ က်န္းမာေရးအေနနဲ႔ အစားမွားတတ္သည္။ အစားအေသာက္ဆင္ျခင္ေစခ်င္သည္။အရက္ေသစာလဲ ေလွ်ာ့ေသာက္ သင့္တဲ့ကာလပါပဲ။အက်ိဳးေပးဂဏန္း ၅/၀/၈အထူးေဟာ လုပ္ငန္းကံပြင့္လာလိမ့္မယ္ယၾတာ ေထာပတ္သီးမွည့္ဘုရားကပ္ပါ

ၾကာသပေတး

စိတ္ထဲ ေလာဘႀကီးေနတတ္ပါတယ္။ ဟိုဟာလဲ လုပ္ခ်င္၊ဒီဟာလဲလုပ္ခ်င္ဆိုတာမ်ိဳးေတြ ျဖစ္ေနပါလိမ့္ မယ္။ ေငြေၾကးအေျမာက္အမ်ားဆုံးရႈံးႏိုင္တဲ့ကာလျဖစ္တာမို႔ ရင္းႏွီးျမဳပ္ႏွံမႈေတြ၊ တစ္ခုခုကိုနားမလည္ဘဲ ဝယ္ျခမ္း လိုက္တာမ်ိဳးေတြေရွာင္လိုက္ေစခ်င္ပါတယ္။တတ္ႏိုင္သမွ် မလိုအပ္ဘဲခရီးသြားတာမ်ိဳးေတြေရွာင္ပါ။ ခရီးလမ္း ၾကန႔္ၾကာတာ၊ ခရီးလမ္းမွာအဆင္မေျပျဖစ္တာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ ပညာေရးနဲ႔ပတ္သက္ေသာစီး ပြားေရး မွာ ဒီအပတ္အတြင္း အသစ္စလို႔မေကာင္းေသးပါဘူး။

ကံေကာင္းတာက ေငြေနာက္မလိုက္နဲ႔။ ကိုယ့္အလုပ္ ကို ေအးေအးေဆးေဆးလုပ္ပါ။အလုပ္ကိုစိတ္ႏွစ္ထားတာအေကာင္းဆုံးကိစၥပါပဲ။ ဘာသာေရးနဲ႔ပတ္သက္ေသာ အျငင္း အခုံကိစၥေတြကို ဒီအပတ္အတြင္းမလုပ္ပါနဲ႔။ ခ်စ္သူရည္စား မရွိေသးသူမ်ား ေအာင္သြယ္ေကာင္းမႈေၾကာင့္ ခ်စ္သူရ တတ္သည္။ အလုပ္ဝန္ပိတာ ၊မႏိုင္ဝန္ထမ္းရတာမ်ိဳးေတာ့ရွိတတ္ပါတယ္။ အခက္အခဲေတြႀကဳံပါေစ…. မိတ္ေဆြ သူငယ္ခ်င္းေတြရဲ႕ကူညီမႈေတြေၾကာင့္ ေျပလည္သြားတတ္ပါတယ္။ အလုပ္ပို ၊ကိစၥပိုေတြေၾကာင့္ေငြကုန္လူပန္းျဖစ္ ရတတ္ပါတယ္။

က်န္းမာေရးအနည္းငယ္ ဂ႐ုစိုက္ပါ။ အရင္ျဖစ္ခဲ့ဖူးတဲ့ ေရာဂါေဝဒနာေတြ ျပန္ျဖစ္တတ္ပါတယ္။ လူမ်ိဳးျခား ဘာသာျခားေတြနဲ႔ ဆက္စပ္လုပ္ကိုင္ျခင္းမ်ား အညံ့မ်ားေနတတ္ပါတယ္။ လူမႈေရးကိစၥမ်ား အားနည္း ခ်က္ ရွိေနတတ္ပါတယ္။ ပညာေရးကေတာ့ မိမိကိုယ္တိုင္ စိတ္ပါဝင္စားမႈ အားနည္းေနပါလိမ့္မယ္။အက်ိဳးေပးဂဏန္း ၁/၆/၈အထူးေဟာ ကံနိမ့္ေနတယ္ဗ် ယၾတာ ေတာင္းရမ္းသူကို တတ္ႏိုင္သေလာက္လႉဒါန္းလိုက္ပါ

ေသာၾကာ

အလႈပ္အရွားအသြားအလာမ်ားမဲ့ကာလပါပဲ။ အၿငိမ္မေနရတတ္ပါ။ မထင္မွတ္ဘဲ ခရီးရွည္ေတြလဲသြားေနရ တတ္ပါတယ္။ တန္ဖိုးထားစရာလက္ေဆာင္ပစၥည္းေတြရလာတတ္ပါတယ္။ ေအာက္လက္ ငယ္သားေတြကို အားကိုး လို႔မရေသးတဲ့ကာလပါပဲ။ ဒီကာလဟာ လူမႈေရးတစ္ခုပဲအထူးညံ့ေနတယ္။အိမ္တြင္းမိသားစုနယ္ပယ္၊ အေပါင္း အသင္း မိတ္ေဆြ နယ္ပယ္ေတြမွာ စကားမ်ားစရာ စိတ္ဝမ္းကြဲစရာႀကဳံလာႏိုင္တယ္။ အလုပ္အကိုင္ေနရာထိုင္ခင္း အေျပာင္းအေ႐ြ႕ႀကဳံရနိင္တယ္။

ေကာင္းေသာေျပာင္းျခင္းပါ။ အိမ္ဝယ္ဖို႔ ၊လုပ္ငန္းသစ္စတင္လုပ္ကိုင္ဖို႔၊ ဆိုင္းဘုတ္ သစ္တင္ဖို႔ကိစၥေတြေတာ့ မလုပ္သင့္ေသးပါဘူး။ ခရီးေဝးသြားရတတ္တယ္။ ဘာသာေရးကိစၥအလႉကိစၥေတြအတြက္ ခရီးေဝးသြားရမည္။ ေငြကေတာ့ ဝင္ေနေပမဲ့ ထြက္တာကပိုမ်ားေနတတ္တယ္။ပရဟိတအလုပ္၊ လူမႈေရးအသင္း အဖြဲ႕ေတြမွာ အကူအညီေတာင္းခံရျခင္း၊တာဝန္ေပးခံရျခင္းေတြႀကဳံရလိမ့္မယ္။ က်န္းမာေရးကေတာ့ ဂ႐ုစိုက္ရမဲ့ အေနအထားပါ။

ေရာဂါရလြယ္တဲ့ ကာလပါပဲ။ အထူးသျဖင့္ေသြးအားနည္းတာမ်ိဳး၊အေၾကာအခ်ဥ္ တက္တာမ်ိဳး ေတြျဖစ္တတ္ပါတယ္။အိမ္တြင္းေရးမွာ အိမ္ေထာင္ဦးစီးေၾကာင့္ စိတ္ညစ္ရတတ္ပါတယ္။ အခ်စ္ေရးကံကေတာ့ ခ်စ္သူနဲ႔ အဆင္ေျပေခ်ာေမြ႕မဲ့ကာလပါပဲ။ ပညာေရးအားနည္းေနအတြက္ ပိုႀကိဳးစားေစခ်င္ပါ တယ္။အက်ိဳးေပးဂဏန္း ၂/၀/၉အထူးေဟာ က်န္းမာေရးယုတ္ေလ်ာ့အားနည္းေနပါတယ္ ယၾတာ နန္းႀကီးသုပ္ဘုရားကပ္လႉေပးပါ

စေန

ကံျမင့္မားေနခ်ိန္ပါပဲ။ အဓိကအေနနဲ႔အလုပ္အထူးအဆင္ေျပမယ္။ ဝန္ထမ္းဆို ေနရာေပးျခင္းခံရမယ္။ အထက္လူႀကီးခ်စ္ခင္မယ္။ ရာထူးေနရာတိုးတတ္ႏိုင္တယ္။အိမ္ဝယ္မဲ့သူေတြ အဆင္အေျပဆုံးကာလပါ။ အရႈပ္ အရွင္း ကင္းမယ္။ ေပ်ာ္စရာၾကည္ႏူးစရာေတြျပည့္ႏွက္ေနပါလိမ့္မယ္။ လုပ္ငန္းစီးပြားေကာင္းလာမည္။ စိတ္ လြတ္ လပ္ ေပါ့ပါးေနမည္။ အရင္းႏွီးဆုံးလူေတြရဲ႕ လက္၏ေဆာင္မျခင္း၊ႏႈတ္၏ေဆာင္မျခင္းေတြေၾကာင့္ အဘက္ဘက္က အဆင္ေျပမည္။

အခြင့္ထူးရျခင္း၊ ေငြေၾကးအစုလိုက္ဝင္ျခင္းေတြႀကဳံရမွာပါ။ ဘာသာတရားလိုက္စားသူ ၊ပရိတ္ ပဌာန္း မျပတ္႐ြတ္ေနသူေတြဆို အတိတ္ကံရဲ႕ ေကာင္းက်ိဳးေပးမႈေတြအလွည့္က်မဲ့အခ်ိန္ပါပဲ။ စက္ပစၥည္းေတြလဲ ဝင္လာပါ လိမ့္မယ္။ က်န္းမာေရးလဲ ေကာင္းေနပါလိမ့္မယ္။ ကိုယ္ခံအားေကာင္းေနမွာပါ။ကိုယ္ပိုင္လုပ္ငန္းရွင္မ်ား အလုပ္တိုးတတ္မည္။

စက္ပစၥည္းအသစ္ေတြ ဝင္လာတတ္ပါတယ္။ ခရီးတိုေလးေတြလဲ သြားရတတ္ပါတယ္။ အိမ္တြင္းေရးကေတာ့ သားသမီးေတြ ေၾကာင့္ပူပန္ရတတ္ပါတယ္။လူငယ္ေတြကေတာ့ အခ်စ္ေရးအထူးကံေကာင္း ခ်ိန္ ပါပဲ။ အခ်စ္ေရးမွာ ေပ်ာ္စရာ၊စိတ္ခ်မ္းေျမ့စရာေတြႀကဳံရမွာပါပဲ။အတန္းပညာထက္ ဘာသာေရးနဲ႔ပတ္သက္ ေသာ ပညာမ်ား သင္ယူသင့္ပါတယ္။အက်ိဳးေပးဂဏန္း ၁/၃/၇ အထူးေဟာ ကံျမင့္မားေနမယ္ ယၾတာ အုန္းထမင္းဆြမ္းဘုရားကပ္ပါ။

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695