Uncategorized ၾကားသိရသမွ်

အေဒၚျဖစ္သူမွ စေတာ္ဘယ္ရီသီးအား မခူးရန္ေျပာဆိုခဲ့၍ အသီးကိုမခူးေတာ့ပဲ အပင္မွာတင္ တစ္ခါတည္းကိုက္စားခဲ့သည့္၂ႏွစ္အ႐ြယ္တူမေလးေၾကာင့္ ရယ္ေမာေနခဲ့ရ…

ကလေးငယ်လေးများသည် အရာရာကို စူးစမ်းလေ့လာချင်ကြပြီး ဉာဏ်ရည်ထက်မြက်မှုကလည်း တစ်ခါတစ်လေ လူကြီးတွေတောင် မစဉ်းစားမိတဲ့အရာတွေဖြစ်နေတတ်၍ အံ့သြကြရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၂နှစ်ခွဲအရွယ် ကလေးမလေးတစ်ဦးသည် စတော်ဘယ်ရီသီးခိုးစားမှုကြောင့် နာမည်ကြီးလာခဲ့ပြီး ချစ်စရာကောင်းသော အပြုအမူလေးကို လုပ်ဆောင်တတ်ခြင်းဖြင့် အများမှ မွေးစားချင်နေကြသည်။

ကလေးမလေးသည် အဒေါ်ဖြစ်သူစိုက်ပျိုးထားသည့် စတော်ဘယ်ရီသီးလေးတွေကို တစ်နေ့တစ်နေ့ ရေလည်းမဆေးပဲ ခူးခူးစားနေ၍ တစ်ခုခုဖြစ်မည်စိုးကာ ဆူဆဲခဲ့ရာ ကလေးမလေးမှ နောက်ထပ်ခူးမစားဖို့ ဂတိပေးခဲ့သည်။

တစ်နေ့တွင် မိခင်ဖြစ်သူနဲ့အဒေါ်ဖြစ်သူမှ ဈေးဝယ်ထွက်ခဲ့ရာ အိမ်တွင်မြေးအဖိုးနှစ်ယောက်တည်း ကျန်ခဲ့စဉ် ကလေးမလေးသည် မှည့်နေသော စတော်ဘယ်ရီသီးကို မြင်ပြီးနောက် မစားပဲမနေနိုင်ရာ ခူးမစားရပူးဆိုတဲ့ ဂတိကိုလည်း မဖျတ်ချင်သည့်အတွက် အပင်ပေါ်မှာသာ ကိုက်စားပစ်ခဲ့သည်။

အဖိုးဖြစ်သူမှ မြင်သောအခါ မြေးလေးအား ခူးပေးမည်ဟု ဆိုသော်လည်း ဂတိစကားကြောင့် အဒေါ်ဖြစ်သူစိတ်ဆိုးမည်စိုး၍ မခူးခိုင်းပဲ အပင်မှာ ကိုက်စားနေသော ပုံရိပ်လေးကို ဓာတ်ပုံလေးရိုက်ထားပြီး အဒေါ်ဖြစ်သူပြန်လာချိန်တွင် ပြသခဲ့ရာ တူမလေးရဲ့ဉာဏ်ထက်မှုကြောင့် သဘောကျကာ ရယ်မောခဲ့ပြီး လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

ကေလးငယ္ေလးမ်ားသည္ အရာရာကို စူးစမ္းေလ့လာခ်င္ၾကၿပီး ဥာဏ္ရည္ထက္ျမက္မႈကလည္း တစ္ခါတစ္ေလ လူႀကီးေတြေတာင္ မစဥ္းစားမိတဲ့အရာေတြျဖစ္ေနတတ္၍ အံ့ၾသၾကရသည္။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ အသက္၂ႏွစ္ခြဲအ႐ြယ္ ကေလးမေလးတစ္ဦးသည္ စေတာ္ဘယ္ရီသီးခိုးစားမႈေၾကာင့္ နာမည္ႀကီးလာခဲ့ၿပီး ခ်စ္စရာေကာင္းေသာ အျပဳအမူေလးကို လုပ္ေဆာင္တတ္ျခင္းျဖင့္ အမ်ားမွ ေမြးစားခ်င္ေနၾကသည္။

ကေလးမေလးသည္ အေဒၚျဖစ္သူစိုက္ပ်ိဳးထားသည့္ စေတာ္ဘယ္ရီသီးေလးေတြကို တစ္ေန႔တစ္ေန႔ ေရလည္းမေဆးပဲ ခူးခူးစားေန၍ တစ္ခုခုျဖစ္မည္စိုးကာ ဆူဆဲခဲ့ရာ ကေလးမေလးမွ ေနာက္ထပ္ခူးမစားဖို႔ ဂတိေပးခဲ့သည္။

တစ္ေန႔တြင္ မိခင္ျဖစ္သူနဲ႔အေဒၚျဖစ္သူမွ ေစ်းဝယ္ထြက္ခဲ့ရာ အိမ္တြင္ေျမးအဖိုးႏွစ္ေယာက္တည္း က်န္ခဲ့စဥ္ ကေလးမေလးသည္ မွည့္ေနေသာ စေတာ္ဘယ္ရီသီးကို ျမင္ၿပီးေနာက္ မစားပဲမေနႏိုင္ရာ ခူးမစားရပူးဆိုတဲ့ ဂတိကိုလည္း မဖ်တ္ခ်င္သည့္အတြက္ အပင္ေပၚမွာသာ ကိုက္စားပစ္ခဲ့သည္။

အဖိုးျဖစ္သူမွ ျမင္ေသာအခါ ေျမးေလးအား ခူးေပးမည္ဟု ဆိုေသာ္လည္း ဂတိစကားေၾကာင့္ အေဒၚျဖစ္သူစိတ္ဆိုးမည္စိုး၍ မခူးခိုင္းပဲ အပင္မွာ ကိုက္စားေနေသာ ပုံရိပ္ေလးကို ဓာတ္ပုံေလး႐ိုက္ထားၿပီး အေဒၚျဖစ္သူျပန္လာခ်ိန္တြင္ ျပသခဲ့ရာ တူမေလးရဲ႕ဥာဏ္ထက္မႈေၾကာင့္ သေဘာက်ကာ ရယ္ေမာခဲ့ၿပီး လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။