ပရိသတ်ကြီးရေ မြန်မာပြည်ရဲ့လက်ရှိနိုင်ငံရေးအခြေ အနေတွေကို အားလုံးသိကြမယ်ထင်ပါတယ်။ ဖေဖော် ဝါရီလကစခဲ့တဲ့ နိုင်ငံရေး
မီးလောင်ကျွမ်းနေတာဆိုရင် ကိုးလကျော်အချိန်ကိုကြာမြှင့်ခဲ့ပါပြီ။
အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေအားလုံးနီးပါး ပါဝင်တဲ့ဆန္ဒပြပွဲတွေ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပေါ်ပေါက်လာခဲ့တာ
ပါ။နိုင်ငံတော်ကခန့်အပ်ထားတဲ့ အစိုးရဝန်ထမ်းတွေကလဲ CDM အနေနဲ့ပါဝင် သပိတ်မှောက်ခဲ့ကြပါတယ်။
ထိုအထဲတွင် အာဏာစသိမ်းခဲ့တဲ့အချိန်အစောပိုင်းကထဲက CDM ပြုလုပ်ခဲ့တဲ့ MRTV ရုပ်သံရဲ့ သတင်းတင်ဆက်သူ ကိုကျော်သက်လင်း
တစ်ယောက်လဲပါဝင်ခဲ့ပါတယ်။ကိုကျော်သက်လင်း ဟာလက်ရှိမှာလွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတယ်ဆိုတဲ့အကြောင်းကို ပရိသတ်
တွေကိုအသိပေးလာခဲ့ပါတယ်။
ဆရာတပည့်ဖြစ်တဲ့ မြနှင်းရည်လွင် ကတော့ ဆရာဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်နေပါတယ်။သတင်းတင်ဆက်သူ ကိုကျော်သက်လင်း
ဟာ လွတ်မြောက်နယ်မြေရောက်ရှိနေတယ်ဆိုတဲ့အကြောင်းကို ” တောထဲဝင် ယူနီဖောင်းလေးဝတ် သေနတ်လေးကိုင်ပြီးဓာတ်ပုံရိုက်ပြရင်
အဆင်ပြေမလားကျနော်fb accလေးပြန်ရပြီး မိတ်ဆွေတွေကိုလိုက်ကြည့်မိတယ်။အများအားဖြင့်တော့ အရင်အတိုင်းပါပဲ…ကျနော်
လား…? ကိုဗစ် ငှက်ဖျား တုတ်ကွေး အားလုံးထိပြီး လွန်မြောက်ခဲ့ပါပြီ။ ကိုယ်ရောစိတ်ပါ ကျန်းမာလျက်ပါ။မီးစိမ်းလေးမလင်း ပြန်မလာ ပြန်
မဆုံတော့တဲ့မိတ်ဆွေတွေအတွက်စိတ်မကောင်းကြီးစွာဖြစ်မိပါတယ်။
မြို့ပြမှာ စိတ်ရောကိုယ်ပါဒုက္ခရောက်နေကြသူတွေအတွက်လည်း စိတ်ထိခိုက်ရပါတယ်။စိတ်ပူနေကြသူတွေအားလုံးကိုလည်း ကျေးဇူးတင်
စွာ နှုတ်ခွန်းဆက်ပါတယ် ” သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်ကနေ အသိ ပေးရေးသားထားတာကြောင့် ပရိသတ်တွေနဲ့ မိတ်ဆွေများက
လေးစားအံ့သြခဲ့ကြရပါတယ်။
အမှန်တရားအတွက် လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ “ကျန်းမာတော်မူကြပါစ”ဆိုတဲ့ အသံပိုင်ရှင် MRTV ရုပ်သံရဲ့သတင်းတင်ဆက်
သူ ကိုကျော်သက်လင်း အတွက်ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ပြည်သူဘက် တော်သား CDM သရဲကောင်း ကိုကျော်သက်လင်း ဘေးကင်း
လုံခြုံပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။