ၾကားသိရသမွ်

မ်က္ရည္ေတြဝဲေနတဲ့ အသက္(၇၀)ေက်ာ္အဖိုးအိုနဲ႔ ဘတ္စ္ကားေပၚက ျဖစ္ရပ္

မျက်ရည်တွေဝဲနေတဲ့ အသက်(၇၀)ကျော်အဖိုးအိုနဲ့ ဘတ်စ်ကားပေါ်က ဖြစ်ရပ်

ဒီနေ့ ဂုဏ် သိက္ခာနဲ့မေတ္တာတရား ကိုလဲလှယ်ခဲ့တယ်…

Busကားပေါ် ကျွန်မ တက်သွားတော့ လက်ထဲမှာပိုက်ဆံ၂ထောင် ပါလာတယ်….။

အလုပ်မှာထမင်းစားမှာက1800 ကားခက၂၀၀..ကွက်တိ ။ကားပေါ်မှာရှေ့ဆုံးခုံမှာနေရာရတယ်….။

အဲ့ဒီမှာ..ချောင်လေးမှာကုတ်ကုတ်လေးနဲ့..မျက်ရည်တွေဝဲနေတဲ့.

အသက်(၇၀)ကျော်ခန့် ရှိတဲ့အရမ်းဆင်းရဲချို့တဲ့ပုံရတဲ့အဘိုးတစ်ယောက်ကို သွားတွေ့တယ် … ။

ကိုယ့်ေ ဘးမှာထိုင်နေတဲ့သူတွေ ကိုဝေ့ဝဲကြည့်လိုက်တော့အသက်ခပ် လတ်လတ်ပိုင်းတွေအများကြီး..

သူတို့ကို အာ့အဘိုးအိုကြီးကိုမမြင်ကြဘူးလားဆိုတဲ့အကြည့်မျိုးနဲ့ အားမနာတမ်းကြည့်ပလိုက်မိတယ်။

တချို့ဆိုအဲ့အဘိုးအိုခြေထောက်တွေတောင်တက်နင်းကြတယ်။ဘေးနားကအန်တီကြီးကိုမေးကြည့်တော့

အဲ့တာ သူတောင်းစားကြီးလေ ဘယ်သူကသူ့ကိုခုံပေးမှာလဲရွံဖို့လဲကောင်းတာကိုးတဲ့…

ကျွန်မ မစဉ်စားတော့ပဲချက်ခြင်းထပြီး ပါလာတဲ့ပိုက်ဆံ၂ထောင်လုံးပေးပြီး..

“ဘဘ လာ သမီးခုံလာထိုင်ဆိုပြီးတွဲခေါ်ပေးလိုက်တယ်…။

စိတ်ထဲမှာလဲ ငါ့အဖေအမေသာဆိုရင်ဆိုတဲ့အတွေးတွေ နဲ့မျက်ရည်တောင်ဝဲတယ်။

ကားခ၂ဝဝမရှိလို့ပါဆိုပြီးပြော စီးလာတယ်။ကားပေါ်မှာအသိတွေလဲပါကောင်းပါနိုင်တယ်…

ဒါမယ့်မရှက်ပါဘူး..အခုစာရေးနေတဲ့အချိန် ကျွန်မဖျားနေတယ်လေ….

အစာလွန်ပြီးဗိုက်တွေအောင့်လို့…ဘာဖြစ်ဖြစ်ကျေနပ်မိတယ်…။

မူရင်း shinnkhyant

မ်က္ရည္ေတြဝဲေနတဲ့ အသက္(၇၀)ေက်ာ္အဖိုးအိုနဲ႔ ဘတ္စ္ကားေပၚက ျဖစ္ရပ္

ဒီေန႔ ဂုဏ္ သိကၡာနဲ႔ေမတၱာတရား ကိုလဲလွယ္ခဲ့တယ္…

Busကားေပၚ ကြၽန္မ တက္သြားေတာ့ လက္ထဲမွာပိုက္ဆံ၂ေထာင္ ပါလာတယ္….။

အလုပ္မွာထမင္းစားမွာက1800 ကားခက၂၀၀..ကြက္တိ ။ကားေပၚမွာေရွ႕ဆုံးခုံမွာေနရာရတယ္….။

အဲ့ဒီမွာ..ေခ်ာင္ေလးမွာကုတ္ကုတ္ေလးနဲ႔..မ်က္ရည္ေတြဝဲေနတဲ့.

အသက္(၇၀)ေက်ာ္ခန႔္ ရွိတဲ့အရမ္းဆင္းရဲခ်ိဳ႕တဲ့ပုံရတဲ့အဘိုးတစ္ေယာက္ကို သြားေတြ႕တယ္ … ။

ကိုယ့္ေ ဘးမွာထိုင္ေနတဲ့သူေတြ ကိုေဝ့ဝဲၾကည့္လိုက္ေတာ့အသက္ခပ္ လတ္လတ္ပိုင္းေတြအမ်ားႀကီး..

သူတို႔ကို အာ့အဘိုးအိုႀကီးကိုမျမင္ၾကဘူးလားဆိုတဲ့အၾကည့္မ်ိဳးနဲ႔ အားမနာတမ္းၾကည့္ပလိုက္မိတယ္။

တခ်ိဳ႕ဆိုအဲ့အဘိုးအိုေျခေထာက္ေတြေတာင္တက္နင္းၾကတယ္။ေဘးနားကအန္တီႀကီးကိုေမးၾကည့္ေတာ့

အဲ့တာ သူေတာင္းစားႀကီးေလ ဘယ္သူကသူ႔ကိုခုံေပးမွာလဲ႐ြံဖို႔လဲေကာင္းတာကိုးတဲ့…

ကြၽန္မ မစဥ္စားေတာ့ပဲခ်က္ျခင္းထၿပီး ပါလာတဲ့ပိုက္ဆံ၂ေထာင္လုံးေပးၿပီး..

“ဘဘ လာ သမီးခုံလာထိုင္ဆိုၿပီးတြဲေခၚေပးလိုက္တယ္…။

စိတ္ထဲမွာလဲ ငါ့အေဖအေမသာဆိုရင္ဆိုတဲ့အေတြးေတြ နဲ႔မ်က္ရည္ေတာင္ဝဲတယ္။

ကားခ၂ဝဝမရွိလို႔ပါဆိုၿပီးေျပာ စီးလာတယ္။ကားေပၚမွာအသိေတြလဲပါေကာင္းပါႏိုင္တယ္…

ဒါမယ့္မရွက္ပါဘူး..အခုစာေရးေနတဲ့အခ်ိန္ ကြၽန္မဖ်ားေနတယ္ေလ….

အစာလြန္ၿပီးဗိုက္ေတြေအာင့္လို႔…ဘာျဖစ္ျဖစ္ေက်နပ္မိတယ္…။

မူရင္း shinnkhyant