ၾကားသိရသမွ်

ရင်တွေခွဲခဲ့တဲ့ “ရင်ခွဲရုံ”….

ရင်တွေခွဲခဲ့တဲ့ “ရင်ခွဲရုံ”

“ရင်ခွဲရုံ” တဲ့… ဟုတ်တယ်

ပြည်သူတွေရဲ့ မိသားစုတွေရဲ့ ရင်တွေကိုပါ ခွဲသွားတာ။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးရဲ့ 15.3.2021 နံက်ခင်း ရေခဲတိုက် ရင်ခွဲရုံမှာ ညကပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့ အလောင်း(၁၆)လောင်းရှိနေပါတယ်။ (၃)လောင်းကတော့ အမည်မသိပိုင်ရှင်မဲ့ဖြစ်နေပြီး ပိုင်ရှင်သိရတဲ့ (၁၃)လောင်းရဲ့ မိသားစုတွေက ရင်ခွဲရုံရှေ့မှာ မနက်အစောပိုင်းထဲက ရောက်ရှိနေကြပါတယ်။

ကျနော်တို့မီဒီယာတွေရောက်သွားချိန် မြင်ကွင်းက အရမ်းဆို့နင့်ကြေကွဲစရာကောင်းပါတယ်။

ရင်ခွဲရုံထဲမှာဆရာဝန်ကြီးတွေ ခွဲစိတ်နေတယ်လို့သိရပြီး အပြင်မှာတော့ မိသားစုတွေရဲ့ ငိုကြွေးသံတွေက ပြည့်နက်နေတာပေါ့။

(၁၇)နှစ် သားလေးရဲ့မိခင်က

“နင်တို့တွေလိုချင်တာအကုန် ငါ့ဆီကယူသွားပါ၊ ငါ့သားလေးကိုတော့ပြန်ပေးပါ၊ သားလေးကိုမမြင်ရသေးပဲငါမယုံဘူး၊ သားလေးကငါ့ကိုစနေတာငါသိတယ်” အရူးတစ်ယောက်လိုပါပဲ။

တက်တူးတွေအပြည့် ထောင်ထောင်မောင်းမောင်းအကိုကြီးတစ်ယောက် မျက်ရည်တွေနဲ့ “ငါ့ညီအတွက် မင်းတို့တွေကို ကမ္ဘာမကြေဘူး” တဲ့အမျိုးသမီးငယ်တစ်ယောက်ကတော့ “အကိုကြီးရယ် ညီမလေးကိုတစ်ယောက်ထဲထားခဲ့ပြီလား”တဲ့။မောင်နှမ နှစ်ယောက်ထဲရှိတာလို့ ဘေးကတစ်ယောက်က ခပ်တိုးတိုးပြောတယ်။

ကျနော်လည်းဒီလိုငိုယို အော်ဟစ်သံတွေကြားမှာ ကင်မရာကိုဆက်ပြီးမရိုက်ချင်တော့လောက်အောင့ရင်ထဲမှာ ဆို့နင့် လာတယ်။

ဒီလိုရင်ကွဲစရာတွေဘယ်လောက်ထိ မှတ်တမ်းတင်နေရမှာလည်းဗျာ။

ပျော်စရာသတင်းတွေ ရိုက်ကူးရမယ့်အချိန်ကိုမြန်မြန်ရောက်ချင်ပြီဗျာ…

ချမ်းငြိမ်းစိုး

Photo – Chan Nyein Soe

unicode

သီဟိုဠ္မွ ဉာဏ္ႀကီးရွင္သည္ အာယုဝၯနေဆးၫႊန္းစာကို ဇလြန္ေဈးေဘး ဗာဒံပင္ထက္ အဓိ႒ာန္လ်က္ ဂဃနဏဖတ္ခဲ့သည္။ရင္ေတြခြဲခဲ့တဲ့ “ရင္ခြဲ႐ုံ”

“ရင္ခြဲ႐ုံ” တဲ့… ဟုတ္တယ္

ျပည္သူေတြရဲ႕ မိသားစုေတြရဲ႕ ရင္ေတြကိုပါ ခြဲသြားတာ။

သဃၤန္းကြၽန္းစံျပေဆး႐ုံႀကီးရဲ႕ 15.3.2021 နံက္ခင္း ေရခဲတိုက္ ရင္ခြဲ႐ုံမွာ ညကပစ္ခတ္ခံရၿပီးေသဆုံးသြားတဲ့ အေလာင္း(၁၆)ေလာင္းရွိေနပါတယ္။ (၃)ေလာင္းကေတာ့ အမည္မသိပိုင္ရွင္မဲ့ျဖစ္ေနၿပီး ပိုင္ရွင္သိရတဲ့ (၁၃)ေလာင္းရဲ႕ မိသားစုေတြက ရင္ခြဲ႐ုံေရွ႕မွာ မနက္အေစာပိုင္းထဲက ေရာက္ရွိေနၾကပါတယ္။

က်ေနာ္တို႔မီဒီယာေတြေရာက္သြားခ်ိန္ ျမင္ကြင္းက အရမ္းဆို႔နင့္ေၾကကြဲစရာေကာင္းပါတယ္။

ရင္ခြဲ႐ုံထဲမွာဆရာဝန္ႀကီးေတြ ခြဲစိတ္ေနတယ္လို႔သိရၿပီး အျပင္မွာေတာ့ မိသားစုေတြရဲ႕ ငိုေႂကြးသံေတြက ျပည့္နက္ေနတာေပါ့။

(၁၇)ႏွစ္ သားေလးရဲ႕မိခင္က

“နင္တို႔ေတြလိုခ်င္တာအကုန္ ငါ့ဆီကယူသြားပါ၊ ငါ့သားေလးကိုေတာ့ျပန္ေပးပါ၊ သားေလးကိုမျမင္ရေသးပဲငါမယုံဘူး၊ သားေလးကငါ့ကိုစေနတာငါသိတယ္” အ႐ူးတစ္ေယာက္လိုပါပဲ။

တက္တူးေတြအျပည့္ ေထာင္ေထာင္ေမာင္းေမာင္းအကိုႀကီးတစ္ေယာက္ မ်က္ရည္ေတြနဲ႔ “ငါ့ညီအတြက္ မင္းတို႔ေတြကို ကမာၻမေၾကဘူး” တဲ့အမ်ိဳးသမီးငယ္တစ္ေယာက္ကေတာ့ “အကိုႀကီးရယ္ ညီမေလးကိုတစ္ေယာက္ထဲထားခဲ့ၿပီလား”တဲ့။ေမာင္ႏွမ ႏွစ္ေယာက္ထဲရွိတာလို႔ ေဘးကတစ္ေယာက္က ခပ္တိုးတိုးေျပာတယ္။

က်ေနာ္လည္းဒီလိုငိုယို ေအာ္ဟစ္သံေတြၾကားမွာ ကင္မရာကိုဆက္ၿပီးမ႐ိုက္ခ်င္ေတာ့ေလာက္ေအာင့ရင္ထဲမွာ ဆို႔နင့္ လာတယ္။

ဒီလိုရင္ကြဲစရာေတြဘယ္ေလာက္ထိ မွတ္တမ္းတင္ေနရမွာလည္းဗ်ာ။

ေပ်ာ္စရာသတင္းေတြ ႐ိုက္ကူးရမယ့္အခ်ိန္ကိုျမန္ျမန္ေရာက္ခ်င္ၿပီဗ်ာ…

ခ်မ္းၿငိမ္းစိုး

Photo – Chan Nyein Soe