ကျွန်တော်တို့ သပိတ်မှာ အမြဲလိုလို အသက် (၈) နှစ်လောက်ပဲ ရှိသေးတဲ့ ကလေးမတစ်ယောက်တွေ့ရတယ်။ တော်တော်အားကိုးရတယ်။
ရှေ့ တန်းထိ တက်တက်ပြေးပြီး သတင်းတွေ ယူပေးတယ်။
ဒိုင်းသမားတွေခွာပြီဆို သူက အရေးကြီး ပစ္စည်းတွေ လော်စပီကာတွေ အလံတွေကို ရသလောက် ကောက်ယူပြီးပြေးပြေး လာစုတယ်။
မနက်ဆိုလည်းအစောကြီး ပတ်ပြီး ဘယ်နားမှာ ခွေးဘယ်ကောင်ရှိလဲ ဆိုပြီး လိုက်ကြည့်ပေးတယ်။ ပုံစံက မာရေကြောရေနဲ့။မျက်နှာပေါ်မှာ သူ့ဘာသူ ယုံကြည်မှုက အပြည့်
ဆံပင်က ဘဲတောင်လို အပေါ်ကလန်လို့။ နင့်ခေါင်းက ဘယ်လိုဖြစ်နေရတာတုန်းလို့ လှမ်းမေးတော့ သမီးဒီနေ့ ခေါင်းလျှော်လာတယ် ဆီမလူးခဲ့လို့တဲ့ ပြန်ဖြေတယ်။
တော်တော်ကို ရဲရဲရင့်ရင့် သွက်သွက်လက်လက်ပဲ။ နားတဲ့အချိန်ထမင်းစားပြီးပြီလား မေးတော့ မစားသေးဘူးတဲ့။ လာ ငါ မုန့်လိုက်ဝယ်ကျွေးမယ်ပြောတော့ ရှေ့တန်းက ဒိုင်းကိုင်တဲ့ အကိုကြီးတွေကို ကျွေးတဲ့၊သမီးကမဆာဘူးတဲ့။
သူတို့ကိုရော နင့်ကိုပါကျွေးမယ်လို့ပြောပြီး မုန့်တွေ အအေးတွေ ဝယ်တိုက်တော့ အအေးပဲယူသောက်တယ်။
ဘယ်နားနေလဲ မေးတော့ _ _ _ _ _ _နားတဲ့။ လား… လား …
ရင်ထဲစူးကနဲ အောင့်သွားတယ်။ ဘေးက အသိတစ်ယောက်ကအဲ့ကလေးမက တကယ့်အာဂမလေးတဲ့။
ငါတို့နဲ့ လာပေါင်းတာ တပါတ်လောက် ရှိပြီတဲ့။ မနက်အစောကြီးဆို သူရောက်နေပြီတဲ့။ ဘာကား စီးလာလဲ မေးတော့YBS _ _ ရောက်တယ်တဲ့။
အဲ့ ကားကို နေ့တိုင်း အသွား၊အပြန် စီးတာတဲ့။ မျက်ရည်ပါ ဝဲမိတယ်။ အဖေ၊အမေ မဆူဘူးလားမေးတော့ ဟင့်အင်းတဲ့။ သူတို့လည်း ထွက်တာပဲတဲ့။
သမီးတစ်ယောက်တည်း မကြောက်ဘူးလား မေးတော့ မကြောက်ဘူးတဲ့။ သမီးတို့ တာဝန်တဲ့။ ကလေးနော်..မိန်းကလေး အသက်က (၈) နှစ်။
ပြန်ကာနီးတော့ ရော့ မုန့်ဖိုးလို့ (၅) ထောင်တန်တရွက်ပေးတာ ခပ်စိမ်းစိမ်းကြည့်ပြီး သမီးက (၅) ထောင်စား မဟုတ်ဘူးတဲ့။
ဒလန်လည်း မဟုတ်ဘူးတဲ့။
ကိုယ်လည်း အဲ့လိုရည်ရွယ်ပေးတာ မဟုတ်ပါဘူး တကယ်အကြွေမရှိလို့ပါလို့ ပြောတော့ ပေးချင်ရင် ကားခ (၂၀၀) ပေးတဲ့။ ရင်ထဲမကောင်းဘူး။ လေးလည်းလေးစားမိတယ်။
ပုံစံလေးက ဂျစ်ကန်ကန်နဲ့ အရွယ်နဲ့ မမျှဘူး။ ဆင်းရဲပေမဲ့ကိုယ့်ကျင့်သိက္ခာ အပြည့်ရှိတယ်။ အမှားအမှန်ကို သူနှလုံးသားကနေ ခံစားတတ်တယ်။
ကိုယ်လည်း ကားခ (၂၀၀) ပေးပြီး ပြန်တော့ပြောပြီး လမ်းခွဲခဲ့တာတအောင့်ကြာတော့ ပြန်ပြေးလာပြီး ကိုကြီးရေ ဒိုင်းကိုင်တဲ့အကိုတွေ ကားမရလို့လားမသိဘူးလမ်းထိပ်မှာစောင့်နေကြတုန်းတဲ့။
ခွေးတွေက ဟိုဖက်မှာရှိသေးတယ် ဆိုပြီး လာပြောတယ်။ သူများကို စိတ်ပူတတ်တဲ့စိတ်၊ အသင်းအဖွဲ့စိတ်၊ ကိုယ်လွတ်မရုန်းဘဲ အားလုံးအဆင်ပြေဖို့ကြိုးစားတဲ့စိတ်၊လေးစားလောက်တယ်။
ကိုယ်လည်းမနေသာ အဲ့အဖွဲ့ကို သွားမေးတော့ သူတို့ အသိကားလာခေါ်မှာမလို့ စောင့်နေတာပါတဲ့။ အဲ့အခါကျမှပဲ ကလေးမကပိုက်ဆံ (၂၀၀) ကိုင်ပြီး ဒါဆို သမီးသွားပြီနော်ဆိုပြီး နူတ်ဆက်ပြီး ဘက်စကားဂိတ်ဖက်ကို သုတ်သုတ်နဲ့ ထွက်သွားရော။
သူ့နောက်ကျော ကြည့်ပြီး ဝမ်းသာ၊ဝမ်းနည်း အမည်မဖော်နိုင်တဲ့ ခံစားချက် ပေါင်းစုံနဲ့ ကျန်ခဲ့ရတယ်။
ဒီကလေးတွေ လက်ထဲ ပိုကောင်းတဲ့ အနာဂတ် ကျွန်တော်တို့ထည့်ပေးရမှာပါ။ ပိုကောင်းအောင် လုပ်နိုင်မယ်လို့လည်းယုံကြည်တယ်။
Credit
Zawgyi
ကြၽန္ေတာ္တို႔ သပိတ္မွာ အၿမဲလိုလို အသက္ (၈) ႏွစ္ေလာက္ပဲ ရွိေသးတဲ့ ကေလးမတစ္ေယာက္ေတြ႕ရတယ္။ ေတာ္ေတာ္အားကိုးရတယ္။
ေရွ႕ တန္းထိ တက္တက္ေျပးၿပီး သတင္းေတြ ယူေပးတယ္။
ဒိုင္းသမားေတြခြာၿပီဆို သူက အေရးႀကီး ပစၥည္းေတြ ေလာ္စပီကာေတြ အလံေတြကို ရသေလာက္ ေကာက္ယူၿပီးေျပးေျပး လာစုတယ္။
မနက္ဆိုလည္းအေစာႀကီး ပတ္ၿပီး ဘယ္နားမွာ ေခြးဘယ္ေကာင္ရွိလဲ ဆိုၿပီး လိုက္ၾကည့္ေပးတယ္။ ပုံစံက မာေရေၾကာေရနဲ႔။မ်က္ႏွာေပၚမွာ သူ႔ဘာသူ ယုံၾကည္မႈက အျပည့္။
ဆံပင္က ဘဲေတာင္လို အေပၚကလန္လို႔။ နင့္ေခါင္းက ဘယ္လိုျဖစ္ေနရတာတုန္းလို႔ လွမ္းေမးေတာ့ သမီးဒီေန႔ ေခါင္းေလွ်ာ္လာတယ္ ဆီမလူးခဲ့လို႔တဲ့ ျပန္ေျဖတယ္။
ေတာ္ေတာ္ကို ရဲရဲရင့္ရင့္ သြက္သြက္လက္လက္ပဲ။ နားတဲ့အခ်ိန္ထမင္းစားၿပီးၿပီလား ေမးေတာ့ မစားေသးဘူးတဲ့။ လာ ငါ မုန္႔လိုက္ဝယ္ေကြၽးမယ္ေျပာေတာ့ ေရွ႕တန္းက ဒိုင္းကိုင္တဲ့ အကိုႀကီးေတြကို ေကြၽးတဲ့၊သမီးကမဆာဘူးတဲ့။
သူတို႔ကိုေရာ နင့္ကိုပါေကြၽးမယ္လို႔ေျပာၿပီး မုန္႔ေတြ အေအးေတြ ဝယ္တိုက္ေတာ့ အေအးပဲယူေသာက္တယ္။
ဘယ္နားေနလဲ ေမးေတာ့ _ _ _ _ _ _နားတဲ့။ လား… လား …
ရင္ထဲစူးကနဲ ေအာင့္သြားတယ္။ ေဘးက အသိတစ္ေယာက္ကအဲ့ကေလးမက တကယ့္အာဂမေလးတဲ့။
ငါတို႔နဲ႔ လာေပါင္းတာ တပါတ္ေလာက္ ရွိၿပီတဲ့။ မနက္အေစာႀကီးဆို သူေရာက္ေနၿပီတဲ့။ ဘာကား စီးလာလဲ ေမးေတာ့YBS _ _ ေရာက္တယ္တဲ့။
အဲ့ ကားကို ေန႔တိုင္း အသြား၊အျပန္ စီးတာတဲ့။ မ်က္ရည္ပါ ဝဲမိတယ္။ အေဖ၊အေမ မဆူဘူးလားေမးေတာ့ ဟင့္အင္းတဲ့။ သူတို႔လည္း ထြက္တာပဲတဲ့။
သမီးတစ္ေယာက္တည္း မေၾကာက္ဘူးလား ေမးေတာ့ မေၾကာက္ဘူးတဲ့။ သမီးတို႔ တာဝန္တဲ့။ ကေလးေနာ္..မိန္းကေလး အသက္က (၈) ႏွစ္။
ျပန္ကာနီးေတာ့ ေရာ့ မုန္႔ဖိုးလို႔ (၅) ေထာင္တန္တ႐ြက္ေပးတာ ခပ္စိမ္းစိမ္းၾကည့္ၿပီး သမီးက (၅) ေထာင္စား မဟုတ္ဘူးတဲ့။
ဒလန္လည္း မဟုတ္ဘူးတဲ့။
ကိုယ္လည္း အဲ့လိုရည္႐ြယ္ေပးတာ မဟုတ္ပါဘူး တကယ္အေႂကြမရွိလို႔ပါလို႔ ေျပာေတာ့ ေပးခ်င္ရင္ ကားခ (၂၀၀) ေပးတဲ့။ ရင္ထဲမေကာင္းဘူး။ ေလးလည္းေလးစားမိတယ္။
ပုံစံေလးက ဂ်စ္ကန္ကန္နဲ႔ အ႐ြယ္နဲ႔ မမွ်ဘူး။ ဆင္းရဲေပမဲ့ကိုယ့္က်င့္သိကၡာ အျပည့္ရွိတယ္။ အမွားအမွန္ကို သူႏွလုံးသားကေန ခံစားတတ္တယ္။
ကိုယ္လည္း ကားခ (၂၀၀) ေပးၿပီး ျပန္ေတာ့ေျပာၿပီး လမ္းခြဲခဲ့တာတေအာင့္ၾကာေတာ့ ျပန္ေျပးလာၿပီး ကိုႀကီးေရ ဒိုင္းကိုင္တဲ့အကိုေတြ ကားမရလို႔လားမသိဘူးလမ္းထိပ္မွာေစာင့္ေနၾကတုန္းတဲ့။
ေခြးေတြက ဟိုဖက္မွာရွိေသးတယ္ ဆိုၿပီး လာေျပာတယ္။ သူမ်ားကို စိတ္ပူတတ္တဲ့စိတ္၊ အသင္းအဖြဲ႕စိတ္၊ ကိုယ္လြတ္မ႐ုန္းဘဲ အားလုံးအဆင္ေျပဖို႔ႀကိဳးစားတဲ့စိတ္၊ေလးစားေလာက္တယ္။
ကိုယ္လည္းမေနသာ အဲ့အဖြဲ႕ကို သြားေမးေတာ့ သူတို႔ အသိကားလာေခၚမွာမလို႔ ေစာင့္ေနတာပါတဲ့။ အဲ့အခါက်မွပဲ ကေလးမကပိုက္ဆံ (၂၀၀) ကိုင္ၿပီး ဒါဆို သမီးသြားၿပီေနာ္ဆိုၿပီး ႏူတ္ဆက္ၿပီး ဘက္စကားဂိတ္ဖက္ကို သုတ္သုတ္နဲ႔ ထြက္သြားေရာ။
သူ႔ေနာက္ေက်ာ ၾကည့္ၿပီး ဝမ္းသာ၊ဝမ္းနည္း အမည္မေဖာ္ႏိုင္တဲ့ ခံစားခ်က္ ေပါင္းစုံနဲ႔ က်န္ခဲ့ရတယ္။
ဒီကေလးေတြ လက္ထဲ ပိုေကာင္းတဲ့ အနာဂတ္ ကြၽန္ေတာ္တို႔ထည့္ေပးရမွာပါ။ ပိုေကာင္းေအာင္ လုပ္ႏိုင္မယ္လို႔လည္းယုံၾကည္တယ္။
Credit