ခဲအိုက ခယ်မဖြစ်သူ (၁၄)နှစ်ကို အဓ-မ္မပြု-ကျင့်ပီး (၁၃) နှစ်အရွယ် ခယ်မလေးကို….See more
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ၊ အင်းဒရန့် ကျေးရွာတွင်မနက်ပိုင်းအချိန်က ခဲအို ဖြစ်သူမှ အသက် ၁၃ နှစ်အရွယ် ခယ်မ ဖြစ်သူအား အဓမ္မပြုကျင့် သော ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။
အဓမ္မပြုခြင်း ခံရသူ၏ အမကြီးဖြစ်သူမှ အခင်းဖြစ်စဉ်အား မြင်တွေ့ခဲ့ခြင်းဖြစ်ပြီး၊
၎င်းဖြစ်စဉ်အား အင်းဒရန့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။
ဒုံးအော့ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့် အကွာရှိ တံတားအနီးတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေထိုင်ကြပြီး ကောင်မလေးဖြစ်သူအား မနက်ပိုင်းအချိန်က လယ်ဘေးရှိ ကောက်လှိုင်းပုံကို ဖုံးအုပ်ထားသော
မိုးကာ ယူခိုင်းရာ ကြံ့ကြာနေသဖြင့် အမကြီးဖြစ်သူမှ လိုက်လံကြည့်ရှုစဉ် မိုးကာအောက်တွင် (အမကြီး၏ ယောကျာင်္း) ခဲအိုနှင့် ခယ်မ ထပ်လျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင် ကောင်မလေး၏ မိခင်နှင့် အမကြီးတို့မှ လာရောက် တိုင်တန်းခဲ့ခြင်းဖြစ်သည် ။
ကာယကံရှင် ကောင်မလေး ပြောပြသည်မှာ မိုးကာသွားယူစဉ် ခဲအိုဖြစ်သူ ရောက်လာပြီး ငါယူပေးမယ်ဟု ဆိုကာ ကောင်မလေးအား တောစပ်သို့ ပွေ့ချီ၍ အဓမ္မပြုကျင့်ခြင်း ဖြစ်ကြောင်း ပြောပြကာ အခင်းဖြစ်နေရာအား ရပ်မိ ရပ်ဖများ အပါအဝင် တာဝန်ရှိသူများရှေ့တွင် လိုက်လံ ပြသခဲ့သည် ဟု သိရသည် ။
ပြစ်မှုကျူးလွန်ခဲ့သူမှာ အင်းဒရန့် ကျေးရွာနေ အောင်ဖြိုး အသက် ၃၅ နှစ်ဟု သိရပြီး၊ လွန်ခဲ့သော ၂၀၀၇ ခုနှစ် ခန့်က ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းကြည် လက်ထက်တွင် အသက် ၁၄ နှစ်ခန့် ကျောင်းသူ(ခယ်မ အလတ်)အား သားမယား ပြုကျင့်ခဲ့သဖြင့် ထောင်ဒဏ် ၈ နှစ်ကျသွားခဲ့သည် ။
ထောင်မှ ထွက်လာပြီး နှစ်အကြာတွင် ၁၃ နှစ်အရွယ်ခယ်မ အငယ်ဆုံးဖြစ်သူကို ထပ်မံ၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ၎င်းဖြစ်စဉ်အား ကောင်မလေး၏ အမကြီးဖြစ်သူမှ တွေ့ရှိခဲ့သဖြင့် အင်းဒရန့် ကျေးရွာအုပ်ချ ုပ်ရေးမှူ းရုံးသို့ လာရောက်ကာ စတင်တိုင်တန်း ခဲ့ခြင်းဖြစ်သည် ။
အဆိုပါ ဖြစ်စဉ်များအား ဥပဒေနှင့် အညီဆောင်ရွက်နိုင်ရန် အင်းဒရန့် ကျေးရွာအုပ်ချ ုပ်ရေးမှူ းမှ ကျောက်ထုံးကြီး ရဲ ကင်းစခန်းသို့ ဆက်သွယ်အကြောင်းကြား ခဲ့သဖြင့် ကျောက်ထုံးကြီး စခန်းမှ သက်သေများနှင့်အတူ ပြစ်မှုကျ ူ းလွန်သူအားဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်များ သိမ်းဆည်းခြင်း၊ အခင်းဖြစ်နေရာအား လိုက်လံကြည့်ရှုခြင်း၊
မှတ်တမ်း ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ကာ ကသာမြို့မ ရဲစခန်း သို့ ခေါ်ဆောင်သွားကြောင်း၊ ရဲ စခန်းသို့ ရောက်ရှိချိန်တွင် (မည်သို့ မည်ပုံပြုလုပ်လိုက်သည် မသိ) ကာယကံရှင်များ က ဆက်လက်၍ အမှုရေးဖွင့်ခြင်းမပြုပဲ ခံဝန် ကတိများ ပြုလုပ်ကာ ပြန်သွားခဲ့ကြောင်း သိရသည် ။
မြင့် လွင်
Credit Original writer
zawgyi
မြင့် လွင်



