ၾကားသိရသမွ်

မြန်မာနိုင်ငံအတွက် နေပူကြီးထဲမှာ တစ်ကိုယ်တော်ဆန္ဒပြနေတဲ့ ကိုရီးယားလူမျိုးတစ်ယောက်ရဲ့စကားလေးကြောင့် မျက်ရည်ကျခဲ့ရတဲ့ ပြည်သူတစ်ဦး

အမှန်တရားဘက်ကနေ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြတဲ့ နိုင်ငံတွေထဲ ကိုရီးယားနိုင်ငံနဲ့ဂျပန်နိုင်ငံတွေလည်း ထိပ်ဆုံးကပါဝင်ကြပါတယ်။

ကိုရီးယားရောက်မြန်မာပြည်သူတွေကလည်း အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးကို မကြာခဏဆင်နွှဲနေကြပါတယ်။

ကိုရီးယားသတင်းဌာနတွေကလည်း မြန်မာနိုင်ငံအ​ကြောင်းစိတ်ဝင်တစားရှိကြပြီး အာဏာရှင်တွေရဲ့ မတရားလုပ်ရပ်တွေ၊ဖမ်းဆီးပြီးညှင်းပန်းနှိပ်စက်တဲ့ သတင်းအမှန်တွေကို မကြာခဏဖော်ပြပေးလေ့ရှိပါတယ်။

ယခုမှာတော့ ကိုရီးယားလူမျိုးတစ်ယောက်ဟာ မြန်မာနိုင်ငံအရေးအတွက် နေပူကြီးထဲမှာ တစ်ကိုယ်တော်ဆန္ဒပြနေခဲ့ပါတယ်။

ပြည်သူတွေကတော့ အခက်အခဲတွေ၊ပြဿနာတွေရင်ဆိုင်နေရတဲ့ မြန်မာပြည်အတွက် အခုလိုဆန္ဒထုတ်ဖော်ပေးနေတဲ့ ကိုရီးယားလူမျိုးကို ကျေးဇူးတင်စကားတွေ ပြောဆိုနေကြပါတယ်။

ကိုရီးယားရောက်မြန်မာပြည်သူတစ်ယောက်က ဆန္ဒထုတ်ဖော်နေကြတဲ့ အဆိုပါအမျိုးသားကို သွားမိတ်ဆက်ရင်း ကိုရီးယားလူမျိုးပြောလိုက်တဲ့ စကားလေးကြောင့် မျက်ရည်ကျခဲ့ရပါတယ်။

မြန်မာပြည်သူတစ်ဦးကတော့ ” ဒီနေ့ ဘူဆန် ဘူတာရှေ့မှာ မြန်မာနိုင်ငံအတွက်နေပူထဲမှာတစ်ကိုယ်တော် ဆန္ဒပြနေတဲ့ ကိုရီးယား လူမျိုး သူကိုဓါတ်ပုံရိုက်ပြီး ကျွန်တော်မြန်မာလူမျိုးဆိုပြီး သွားမိတ်ဆက်တယ် ပြန်မိတ်ဆက်မယ်ထင်တာ သူပြန်ပြောလိုက်တာက ဘာမှအားမငယ်နဲ့ ငါတို့နိုင်မှာတဲ့ လူမျိုးခြားဆီက ကြားလိုက်တဲ့ စကားတစ်ခွန်းက မျက်ရည်ပါကျခဲ့တယ် ။

ဘယ်တော့မှ ကျေးဇူးမမေ့ဘူး Korea နိုင်ငံနဲ့ korea လူမျိုးကို”ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။တစ်ကိုယ်တော်ဆန္ဒပြနေတဲ့ ကိုရီးယားလူမျိုးတစ်ယောက်ရဲ့ ပုံရိပ်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder