ၾကားသိရသမွ်

ဖခင်ဖြစ်သူမှရုပ်ဆိုးသလောက် သမီးလေးမှာ အရမ်းချောမောလှပနေ၍ မသင်္ကာပဲ DNAစစ်ကြည့်လိုက်ရာမှ

တရုတ်နိုင်ငံမှ အသက်၅နှစ်အရွယ် ကလေးမလေးသည်မိဘနှစ်ပါးလုံးနှင့် ရုပ်ချင်းမတူသည့်အပြင် ချောမောလှပနေတာကြောင့်
သံသယများစွာနဲ့ ဖခင်ဖြစ်သူမှ DNAစစ်ကြည့်ခဲ့ရာမှ အလွန်အမင်း အံ့သြသွားခဲ့ရသည်။

သမီးလေးသည် လှပသော မျက်လုံးလေးတွေကို ပိုင်ဆိုင်ထားပြီးချစ်စရာကောင်းလွန်းသည့်အတွက်ပတ်ဝန်းကျင်မှ သဘာဝအလှတရားဆိုပြီးချီးမွမ်းခဲ့ကြရာ ဖခင်ဖြစ်သူမှရုပ်ဆိုးလွန်းတာကြောင့် ဆေးရုံတစ်ခုတွင်DNAစစ်ဆေးကြည့်ခဲ့ရာ သမီးလေးမှာ
ထင်ထားသည့်အတိုင်း သွေးသားရင်းချာမဟုတ်ခဲ့ပေ။

အမျိုးသားလည်း စိတ်တိုတိုနဲ့ အိမ်ပြန်လာပြီး ဇနီးဖြစ်သူအား
မေးမြန်းခဲ့ရာရည်းစားပင်မထားခဲ့ဖူးကြောင်းဆိုခဲ့၍ ဇနီးဖြစ်သူကိုပါDNAစစ်ကြည့်လိုက်ခဲ့ချိန်မှာတော့ချောမောလှပလွန်းသည့် သမီးလေးဟာသူတို့နဲ့သွေးသားတော်စပ်မှု လုံးဝမရှိကြောင်းကို သိခဲ့ရသည်။

ဇနီးဖြစ်သူမှာသူတို့ရဲ့ပထမဆုံးရင်သွေးလေးအား ဆေးရုံတွင်
မွေးဖွားခဲ့ရာ ကလေးတွေကို ဆေးစစ်ကြည့်ရာတွင်သူနာပြုဆရာမတို့မှ ကလေးများစွာကို တစ်နေရာထဲတွင်မည်သည့်အမှတ်အသားမှမလုပ်ပဲ အတူထားရှိခြင်းဖြင့်ကလေးချင်းလွဲသွားကြောင်း သိခဲ့ရသည်။

Credit
zawgyi





Credit