အသိပညာ
ယနေ့ခေတ်ဖုန်းတွေ ပေါ်လာတဲ့ ခေတ်မှာ မိသားစု ထမင်းဝိုင်းလေးတွေ တိတ်ဆိတ်လာတယ်
တကယ်တော့….
Crd…
Zawgyi
ယနေ့ခေတ်ဖုန်းတွေ ပေါ်လာတဲ့ ခေတ်မှာ မိသားစု ထမင်းဝိုင်းလေးတွေ တိတ်ဆိတ်လာတယ်။
လင်မယားတွေအိပ်ယာထဲမှာ တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းလာတယ်။
အဝေးကလူတွေကို ပိုရင်းနှီးလာပြီး၊ အနီးက လူတွေ နဲ့ တဖြည်းဖြည်း စိမ်းလာကြတယ်။
လက်ဖက်ရည်ဆိုင်မှာ ဝိုင်းဖွဲ့သောက်တဲ့ လက်ဖက်ရည်ဝိုင်းလေးက အသံတိတ်ခေါင်းငိုက်ဆိုက်နဲ့ဖုန်းကိုယ်စီပွတ်ရင်း ခြောက်ကပ်နေတယ်။
အဝေးကမိတ်ဆွေတွေအတွက် စိတ်ပူနေပြီး၊ အနီးလူတွေကို မေ့လျော့ နေတတ်ကြတယ်။
တကယ်တော့….
Online ပေါ်ကလူတွေက မိမိ တကယ် နေထိုင်မကောင်းဖြစ်ရင် လာမပြုစုနိုင်ဘူး၊ ကိုယ်သေသွားတဲ့အခါ လဲ လိုက်မပို့နိုင်ပါဘူး။
Online ဟာ Online ပါပဲ ။Online မှာပဲ ပြီးသွားတာကို သတိထားပါ။
မိမိရဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်း အရင်းတွေအပေါ်မှာ အချိန်ပေးပါ၊ ဂရုစိုက်ပါ။
တကယ်တော့ Facebook က တကယ့် ဘဝမဟုတ်ဘူးဆိုတာ သိထားပါ။
အပျင်းပြေ၊ အပျော်သက်သက်နဲ့ ဗဟုသုတ ရှာဖွေရာ နေရာတစ်ခု အဖြစ်သာ အသုံးချတတ်ပါစေ။
Crd…