အသိပညာ

ပျော်ရွှင်သော စံပြအိမ်ထောင်ရေး

ပျော်ရွှင်သော စံပြအိမ်ထောင်ရေး

လင်နဲ့ မယား နှစ်ယောက်စလုံး လိုက်နာရမဲ့အရာများ

အိမ်ထောင်ရေးဆိုတာမျိုးကဘောလုံးအသင်းတစ်သင်းလိုပဲတစ်ယောက်တည်း ကွင်းပတ်ကစားလို့ မရနိူင်ပါဘူး။လင်နဲ့ မယားအပေးအယူအချိတ်အဆက်မိမှသာယာသော အိမ်ထောင်ရေးဖြစ်လာမှာပါ။

အိမ်ထောင်ဦးစီးကလည်း ငွေကြေးရှာဖွေပေးရုံနဲ့မလုံလောက်သလို အိမ်ရှင်မကလည်း အိမ်မှုကိစ္စလုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။

အိမ်ထောင်ဦးစီးတစ်ယောက်ပြုလုပ်သင့်သောတာဝန်များမှာ….

(၁)အလုပ်တစ်ခုကို အတည်တကျ လုပ်ပါ။

(၂)အသုံးနဲ့အဖြုန်းကို နားလည်တတ်ပါစေ။

(၃)မိသားစုအတွက် တတ်နိူင်သမျှ အချိန်ပေးပါ။

(၄)အရက်သေစာ၊လောင်းကစား၊အပျော်အပါးများကိုတတ်နိူင်သမျှရှောင်ကြဉ်ပါ။

(၅)သားသမီးများကို အချိန်ရရင်ရသလိုနွေးထွေးမှုပေးပြီး ဆုံးမပါ။

(၆)ကိုယ်ကျင့်တရား ကို အတတ်နိူင်ဆုံးလုံခြုံအောင်ထိမ်းပါ။

(၇)ဘုရား တရား၊မိဘ ဆရာကို ရိုသပေါ။

(၈)အသိပညာမြင့်မားအောင် စာဖတ်ပါ။

(၉)အကောင်းအဆိုးကို ခွဲခြားတတ်ဖို့ လိုပါတယ်။

(၁၀)အမြင်ကျယ်ပြီး စိတ်သဘောထားမြင့်မားဖို့လိုပါတယ်။

(၁၁)ဇနီးသည်ကို လေးစားတန်ဖိုးထားပါ(ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ သားသမီးနှင့်ပတ်ဝန်းကျင်က လေးစားတန်ဖိုးထားမှာပါ)

(၁၂)အလုပ်ရဲ့ဖိအားကို အိမ်မှာ မပေါက်ကွဲမိပါစေနဲ့နော်။

(၁၃)တည်ကြည်သောစကား၊ နွေးထွေးသော အပြုအမူနဲ့ အိမ်ရှင်မရဲ့ ချွေးကိုသုတ်ပေးပါ။

(၁၄)အိမ်ရှင်မကို ရိုက်နှက်ခြင်းနှင့်စကားကြမ်းကြမ်းပြောဆိုခြင်း မပြုလုပ်သင့်ပါ။

အိမ်ထောင်ဦးစီးဆိုတာ ဇနီးမယား၏ အားကိုးရာဖြစ်သလို သားသမီးများအတွက် စံနမူနာ ပုဂ္ဂိုလ်ဖြစ်သောကြောင့် “ကိုယ်ကျင့်တရား”လုံခြုံဖို့တော့ လိုတယ်။အိမ်ရှင်မ ဆိုတာ အိမ်ကို ရှင်သန်အောင် “မစ” သူဖြစ်သလို သားသမီးများ၏ ဘဝကို တည့်မတ်အောင် “မစ” ပေးနိူင်သော အနွေးထွေးဆုံးရင်ခွင်တစ်ခုပါ။

အိမ်ရှင်မတစ်ယောက် ပြုလုပ်သင့်သော တာဝန်များမှာ

(၁)စည်းကမ်းရှိပါ။

(၂)နှစ်ဖက်ဆွေမျိုးတွေအပေါ် အတတ်နိူင်ဆုံးကြည့်ရူပေးကမ်းပါ။

(၃)ဖြစ်သလိုမနေသင့်သလိုအလွန်အကျွံ အလှအပ မမက်မောသင့်ပါ(တစ်ချို့ အမျိုးသမီးတွေက အိမ်ထောင်ကျပြီးပြီဆိုပြီး အနေအထိုင် ပက်စက်လာကြတယ်။တကိုယ်ရေ သန့်ရှင်းမှု သိပ်မလုပ်ကြတော့ဘူး။ဒါဟာ လင်ယောကျာင်္းကို သိပ်စိတ်ပျက်စေပါတယ်

(၄)အနေအထိုင် အပြောအဆိုသတိထားပါ။

(၅)ဝင်ငွေထွက်ငွေကို အသုံးချတတ်ပါစေ။

(၆)သစ္စာ တရားကို လက်ကိုင်ထားပါ။

(၇)မယ်တစ်ရွက် မရွက်နိူင်ရင်တောင်မှပလိုင်းပေါက်မဖြစ်ဖို့အရေးကြီးပါတယ်။

(၈)ဘုရားတရား၊ မိဘ ဆရာ ကိုလေးစားပါ။

(၉)အိမ်လည်ခြင်း ၊ ချဲထီစသောလောင်းကစားများကို ရှောင်ကြဉ်ပါ။

(၁၀)ဘေးလူပြောစကားထက် ကိုယ့်လင်သားကိုယုံကြည်မှုထားပါ။

(၁၁)ကိုယ်လင်သားကို လေးစားပါ(ကိုယ်လေးစားမှသားသမီးနှင့် ပတ်ဝန်းကျင်က လေးစားမှာပါ)

(၁၂)လင်ယောက်ျားအလုပ် အဆင်ပြေသည်ဖြစ်စေ၊မပြေသည်ဖြစ်စေ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ။

(၁၃)ချိုသာသောစကား၊နှစ်လိုဖွယ်အပြုံးနဲ့လင်ယောက်ျားရဲ့ ဘဝအမောတွေကို ဖြေဖျောက်ပါ။

(၁၄)လင်ယောက်ျားစိတ်ရှုပ်နေတဲ့အခါ စကားကိုသတိထားပြောပါ။

(၁၅) လင်ယောက်ျားကို စိတ်ဖိစီးမှုဖြစ်စေမယ့် အပြောအဆိုကို ဆင်ချင်ပါ။အိမ်ထောင်ရေးမှာ အရေးအကြီးဆုံးကတော့“အတ္တ”တွေလျော့ချပြီး ချစ်ခြင်းထက် ယုံကြည်မှု၊နားလည်မှုကို ခိုင်မာအောင်တည်ဆောက်ရတာမျိုးပါ။

အတ္တတွေ လျော့ချပြီး သူ့ဘက် ကိုယ့်ဘက်မျှတအောင်ကြည့်ရူခံစားပေးခဲ့ရင် “သစ္စာ”တရား ခိုင်မာလာပြီးမေတ္တာတရား လေးနက်လာပါလိမ့်မယ်။

ပျော်ရွှင်စရာကောင်းသော စံပြအိမ်ထောင်ရေးဖြစ်လာဖို့က နှစ်ဦးစလုံးနဲ့ သက်ဆိုင်ပြီးဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးမှသာပျော်စရာဘဝတစ်ခု ဖြစ်လာပါလိမ့်မယ်။

ကိုကြိုက်တဲ့စာစုများကိုအမြဲတမ်းမျှဝေလျက်ပါ

©®…မူရင်းရေးသားသူအား။