သူငယ်ချင်း…
မင်းအမေကို..မင်းလုပ်အားလေးနဲ့..မင်းမရှာကျွေးလဲပဲ..မင်းအမေစားတဲ့စားလက်စ ထမင်းလုပ်လေး ရပ်တန့်လို့သွားရတဲ့အထိ ရင်ထဲဆု့ိနစ်မှုတွေမပေးပါနဲ့လား
သူငယ်ချင်း…
မင်းအမေကို မင်းလုပ်အားလေးနဲ့ပြည့်စုံသာယာတဲ့နေထိုင်မှုမျိုး မင်းဖန်တီးပြီးမထားပေးနိုင်ရင်တောင်မှ
မင်းအမေရဲ့မပြည့်မစုံနဲ့ရုန်းကန်နေရရှာတဲ့ဘဝ လေးကိုတော့မင်းထပ်ပြီးတော့ ဒုက္ခအပိုတွေ မသယ်ဆောင် လာပါနဲ့လား
သူငယ်ချင်း…
မင်းအမေကိုပြုံးပျော်ရွှင်အောင်မင်းမှာထားနိုင် စွမ်းမရှိခဲ့ရင်တောင်မှ သားသမီးတွေရဲ့ခေါင်းစဉ်မျိုးမျိုးအောက်ကလိုအပ်မှုတွေကို သူတို့နှလုံးသားအသဲအိမ်ဝယ် သံမှိုစွဲရိုက်ဖြည့်ဆည်းပေးရေး လုံးပမ်းနေရင်း နဲ့အပြုံးမပျက်တတ်တဲ့မင်းအမေမျက်နှာပေါ်က အပြုံးပန်းပွင့်လေးတွေ မင်းကြောင့်နဲ့တော့အပြုံးပန်းကြွေမျက်ရည်တွေမချွေလိုက်ပါနဲ့လား
မှာခွင့်ရှိမယ်ဆိုတော့ မှာလိုက်ချင်တာပေါ့ ခုမှသိလဲမှီပါသေးတယ်။သူငယ်ချင်းလေး အခါပေါင်းများစွာအမေကိုမပြုစုရသေးပေမယ့် မင်းအပြေးပြန်ပြီပြုစုမဲ့ အဲ့ဒီတစ်ကြိမ်တစ်ခါလေးဟာ မင်းအမေအတွက်တော့အတိုင်းမသိတဲ့ ကြည်နူးမှုတွေကိုပေးစွမ်းမှာပါလားဆိုတာမင်းမေ့များနေတာလားသူငယ်ချင်းရာ…
Credit- orginal uploader
Unicode
မှာခွင့်လေးများ တို့မှာရှိခဲ့ရင်ပေါ့ သူငယ်ချင်း