Mave Mason အမည်ဝှက်ဖြင့် စင်္ကာပူနိုင်ငံသားတစ်ဦးဟာ လောင်းကစားနှင့်ပတ်သက်လျှင် စည်းကမ်းရှိပြီး self-control ကောင်းမွန်သူတစ်ဦးဖြစ်ပါတယ်။ လောင်းကစားသမားအများစုက ၎င်းတို့ရဲ့ကြွယ်ဝမှုကို အလောင်းအထပ်လုပ်နေစဉ် Mave Mason ကတော့ ကံဆိုးတဲ့ဘ၀များကိုလှည့်ပတ်နိုင်ရန်နှင့် ဗဟုသုတရရှိရန်အတွက်သာ ကစားလေ့ရှိပါတယ်။ ထို့ပြင် Netizens များက သူ့ကို Robin Hood ရဲ့စင်္ကာပူဗားရှင်းလို့ခေါ်ကြပါတယ်။ သုတေသနအစုရှယ်ယာကုမ္ပဏီတစ်ခု၌အကြီးတန်းစီမံခန့်ခွဲမှုအခန်းကဏ္ဍာ၌အလုပ်လုပ်နေတဲ့ Mason က သူ့မိဘများထံမှမကောင်းတဲ့လောင်းကစားအကျင့်များဖြင့် ငယ်စဉ်ကလေးဘဝကတည်းကပင် ဘဝကိုလုံးပန်းခဲ့ရပါတယ်။
၁၅ နှစ်ကျော်ကာလအတွင်း Mason ဟာ လောင်းကစားအမည်ဖြင့်ကမ္ဘာအနှံ့ခရီးလှည့်လည်ခဲ့ပြီးကာစီနိုကြမ်းပြင်တစ်လျှောက် အတွေ့အကြုံများစွာဖြင့်ကျင်လည်ခဲ့ရပါတယ်။ ထို့ကြောင့် သူဟာ လောင်းကစားကနေသူ့အလေ့အထနဲ့သင်ခန်းစာတွေကိုဝေမျှဖို့ TikTok အကောင့်တစ်ခုဖွင့်ဖို့ဆုံးဖြတ်လိုက်ပြီး လောင်းကစားအကြံဥာဏ်ပေးတဲ့အကောင့်များကအဆန်းမဟုတ်တော့သော်လည်း Mason ရဲ့ပထမပြင်ဆင်ချက်ဟာလောင်းကစားအပေါ်သူ့ရဲ့အမြင်ကို ထပ်ဟပ်စေခဲ့ပါတယ်။
လောင်းကစားသမားတစ်ယောက်အနေနဲ့ အင်တာနက်လောကထဲသို့ဝင်ရောက်ခြင်းက အချို့ကိုစိတ်ပျက်အားလျော့စေတဲ့အချက်ကိုသိနေတာကြောင့် Mason ဟာ သူ့ရဲ့အဆင့်အတန်းကိုမြင့်တင်စေမဲ့အစီအစဉ်တစ်ခုကိုစတင်စီစဉ်ခဲ့ပါတယ်။
အနည်းငယ်စဉ်းစားပြီးနောက် သူဟာ သူရဲ့ပရဟိတလုပ်ငန်းများကိုရိုက်ကူးရန်ဆုံးဖြတ်ပြီး သူဖြန့်ဝေပေးတဲ့လောင်းကစားအကြံဥာဏ်ဟာ လိုအပ်သူများရဲ့စိတ်ထဲသို့ရောက်လိမ့်မည်ဟုမျှော်လင့်နေခဲ့ပါတယ်။
သူဟာ လူတွေရဲ့အခက်အခဲမှတ်ချက်များကိုကြားသိရပြီးနောက် ကာစီနိုစသွားတဲ့လူများအား တတ်နိုင်သလောက်ကုသိုလ်ဖြင့် သူ့ရဲ့လောင်းကစားအလေ့အထများကိုမျှဝေပေးခဲ့ပြီး အနိုင်ရတဲ့ဝင်ငွေများအား လိုအပ်နေသူများကိုလှူဒါန်းဖို့လည်းကတိပေးခဲ့ပါတယ်။
ထို့ကြောင့် Mason ဟာ သူ့ရဲ့လှူဒါန်းမှုများစွာစတင်ပြုလုပ်ခဲ့ပြီး သူ့အတွက်လူသိများသွားစေခဲ့တဲ့လှူဒါန်းမှုကတော့ ခင်ပွန်းဖြစ်သူအဓမ္မပြုကျင့်မှုကိုခံနေရပြီး အခက်အခဲများကိုတစ်ကိုယ်တည်းရင်ဆိုင်နေရတဲ့ single mother တစ်ဦးဖြစ်တဲ့ Zoey ကိုအကူအညီပေးခဲ့ခြင်းဘဲဖြစ်ပါတယ်။
Zoey ဟာ အလုပ်တစ်ခုရဖို့ သူ့ထံလာခဲ့ပေမဲ့ Mason က သူမအားအလုပ်မခန့်ပေးနိုင်ခဲ့ပေမဲ့ သူမအတွက် ဒေါ်လာ ၃,၀၀၀ ကို လက်ဆောင်အဖြစ်ပေးခဲ့စဉ်မှာ မထင်မှတ်ထားခဲ့တဲ့ Zoey ဟာ မျက်ရည်ကျသွားခဲ့ရတဲ့ဗီဒီယိုကိုလည်းပြန်မျှဝေပေးခဲ့ပါတယ်။ Netizen များက Mason အား သူ့ကိုယ်သူခက်ခဲတဲ့ဘ၀ ကိုဖြတ်သန်းခဲ့ရပြီး အခုတော့သူက သူ့ရဲ့အကြင်နာတရားတွေကိုပြန်လည်ပေးဆပ်ခဲ့တဲ့အမွေအနှစ်တစ်ခုကိုချန်ထားခဲ့ဖို့ရည်ရွယ်နေကြောင်းပြောဆိုချီးကျူးခဲ့ကြပါတယ်။
Mia (KB Chimmy One)
Reference :