ဗဟုသုတ

မာမာရဲ့ ပဲကောက်ညှင်းဆွမ်းမွှေးပြန်ပေါင်းလုပ်နည်းလေး

မာမာရဲ့ ပဲကောက်ညှင်းဆွမ်းမွှေးပြန်ပေါင်းလုပ်နည်းလေး

ငှက်ပျောရွက်ရှိရင် ငှက်ပျောရွက်နဲ့ ပေါင်းနိူင်သလို မာမာကတော့ ဆွမ်းမွှေးရွက်တွေ ရှိနေတာနဲ့ ဆွမ်းမွှေးရွက်လေးတွေရယ် အုန်းသီးဖတ်လေးတွေရယ်နဲ့ ပေါင်းတဲ့အတွက် အရမ်းကို စားလို့ကောင်းလွန်းလို့ ကောက်ညှင်းပြန်ပေါင်း ပေါင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန် – ၃ ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)

ကုလားပဲခြမ်း – ၁ ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)

ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ – ထမင်းစားဇွန်း ၂ ဇွန်း ခွဲ

အုန်းသီးခြစ်ပြီးသား – မိမိနှစ်သက်သလောက်

ဆွမ်းမွှေးရွက် – ၂ရွက်

ငါးခြောက် – မိမိနှစ်သက်သလောက်

ပဲဆီစိမ်း – လိုသလောက် (ငါးခြောက်ဆီစိမ်ရန်)

ပြင်ဆင်ပုံ

ကောက်ညှင်းဆန်ကို ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ရေ၉နာရီခန့် ရေစိမ်ထားပါ

ကုလားပဲခြမ်းကိုလဲ ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ၉နာရီခန့် ရေစိမ်ထားပါ

အုန်းသီးခြစ်ပြီးသားကို ပြင်ထားပါ (မာမာကတော့ အုန်းသီးမှုန့် အခြောက်ကို သုံးပါတယ်)

ဆွမ်းမွှေးရွက်ကို ရေဆေးပြီး ထက်ဝက်ပိုင်းထားပါ

ပါဝင်ပစ္စည်းများကို ပြင်ထားပါ

ငါးခြောက်ကို ပဲဆီစိမ်းနှင့် စိမ်ထားပါ

ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ရေနှင့် ခပ်ဖွဖွ နယ်ဆေးကာ ရေများသွန်ပြီး ရေစစ်ထားပေးပါ

ရေစိမ်ထားသော ကုလားပဲခြမ်းကိုလဲ ရေနှင့်ခပ်ဖွဖွ နယ်ဆေးကာ ရေများသွန်ပြီး ရေစစ်ပေးပါ

အားလုံး အဆင်သင့် ဖြစ်တာနဲ့ ထမင်းပေါင်းအိုးထဲကို ရေစစ်ထားသော ကောက်ညှင်းဆန် ကုလားပဲ သကြား ဆီ ဆားနှင့် ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးခွဲတို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ

အားလုံး သမသွားတာနဲ့ ပေါင်းအိုးခလုတ်ကို နှိပ်ပေးပြီး ထမင်းချက်သလို ချက်ပေးပါ

မာမာကတော့ ၄၅မိနစ်ကြာတဲ့ ခလုတ်ကိုနှိပ်ပြီး ချက်ပါတယ်

မိမိအိမ်မှာရှိတဲ့ ထမင်းပေါင်းအိုးနဲ့ အဆင်ပြေသလို ချက်နိူင်ပါတယ်

၄၅မိနစ်ပြည့်လို့ ကောက်ညှင်းကျက်တာနဲ့ အုန်းသီးဖတ်များကို ကောက်ညှင်းအပေါ်မှာ ဖြူးပေးပါ

ပြီးတာနဲ့ ဆွမ်းမွှေးရွက်ကို အုန်းသီးဖတ်အပေါ်မှ စီပြီးအုပ်ပေးကာ ထမင်းပေါင်းအိုးကို ပြန်ဖုံးပြီး ၈မိနစ်မှ ၁ဝမိနစ်ခန့်နှပ်ထားပေးပါ

ဆွမ်းမွှေးရွက်အနံ့လေးနှင့် အုန်းသီးအနံ့လေးပါ မွှေးနေတဲ့ ကောက်ညှင်း ပြန်ပေါင်းလေးကို ဒီအတိုင်း အစိမ့်လေးဘဲစားစား ငါးခြောက်ဆီစိမ်လေးနဲ့ဘဲစားစား မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

မာမာကတော့ ငါးခြောက်ကို ပဲဆီစိမ်း စိမ်ထားတာနဲ့ တွဲဖက်ပြီး စားပါတယ်။

Credit .marmar

မာမာရဲ႕ ပဲေကာက္ညႇင္းဆြမ္းေမႊးျပန္ေပါင္းလုပ္နည္းေလး

ငွက္ေပ်ာရြက္ရွိရင္ ငွက္ေပ်ာရြက္နဲ႔ ေပါင္းနိူင္သလို မာမာကေတာ့ ဆြမ္းေမႊးရြက္ေတြ ရွိေနတာနဲ႔ ဆြမ္းေမႊးရြက္ေလးေတြရယ္ အုန္းသီးဖတ္ေလးေတြရယ္နဲ႔ ေပါင္းတဲ့အတြက္ အရမ္းကို စားလို႔ေကာင္းလြန္းလို႔ ေကာက္ညႇင္းျပန္ေပါင္း ေပါင္းနည္းေလး မၽွေဝလိုက္ပါတယ္။

ပါ၀င္ပစၥည္းမ်ား

ေကာက္ညႇင္းဆန္ – ၃ ဗူး (ထမင္းေပါင္းအိုး ဆန္ခ်င္ဗူး)

ကုလားပဲျခမ္း – ၁ ဗူး (ထမင္းေပါင္းအိုး ဆန္ခ်င္ဗူး)

ဆား – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

သၾကား – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ဆီ – ထမင္းစားဇြန္း ၂ ဇြန္း ခြဲ

အုန္းသီးျခစ္ၿပီးသား – မိမိႏွစ္သက္သေလာက္

ဆြမ္းေမႊးရြက္ – ၂ရြက္

ငါးေျခာက္ – မိမိႏွစ္သက္သေလာက္

ပဲဆီစိမ္း – လိုသေလာက္ (ငါးေျခာက္ဆီစိမ္ရန္)

ျပင္ဆင္ပုံ

ေကာက္ညႇင္းဆန္ကို ဇလုံတလုံးထဲမွာထည့္ၿပီး ေရျမဳပ္ေအာင္ထည့္ကာ ေရ၉နာရီခန္႔ ေရစိမ္ထားပါ

ကုလားပဲျခမ္းကိုလဲ ဇလုံတလုံးထဲမွာထည့္ၿပီး ေရျမဳပ္ေအာင္ထည့္ကာ ၉နာရီခန္႔ ေရစိမ္ထားပါ

အုန္းသီးျခစ္ၿပီးသားကို ျပင္ထားပါ (မာမာကေတာ့ အုန္းသီးမႈန္႔ အေျခာက္ကို သုံးပါတယ္)

ဆြမ္းေမႊးရြက္ကို ေရေဆးၿပီး ထက္ဝက္ပိုင္းထားပါ

ပါ၀င္ပစၥည္းမ်ားကို ျပင္ထားပါ

ငါးေျခာက္ကို ပဲဆီစိမ္းႏွင့္ စိမ္ထားပါ

ေရစိမ္ထားေသာ ေကာက္ညႇင္းဆန္ကို ေရႏွင့္ ခပ္ဖြဖြ နယ္ေဆးကာ ေရမ်ားသြန္ၿပီး ေရစစ္ထားေပးပါ

ေရစိမ္ထားေသာ ကုလားပဲျခမ္းကိုလဲ ေရႏွင့္ခပ္ဖြဖြ နယ္ေဆးကာ ေရမ်ားသြန္ၿပီး ေရစစ္ေပးပါ

အားလုံး အဆင္သင့္ ျဖစ္တာနဲ႔ ထမင္းေပါင္းအိုးထဲကို ေရစစ္ထားေသာ ေကာက္ညႇင္းဆန္ ကုလားပဲ သၾကား ဆီ ဆားႏွင့္ ေရ ထမင္းေပါင္းအိုး ဆန္ခ်င္ဗူး ၃ဗူးခြဲတို႔ကို ထည့္ေပးၿပီး သမေအာင္ ေမႊေပးပါ

အားလုံး သမသြားတာနဲ႔ ေပါင္းအိုးခလုတ္ကို ႏွိပ္ေပးၿပီး ထမင္းခ်က္သလို ခ်က္ေပးပါ

မာမာကေတာ့ ၄၅မိနစ္ၾကာတဲ့ ခလုတ္ကိုႏွိပ္ၿပီး ခ်က္ပါတယ္

မိမိအိမ္မွာရွိတဲ့ ထမင္းေပါင္းအိုးနဲ႔ အဆင္ေျပသလို ခ်က္နိူင္ပါတယ္

၄၅မိနစ္ျပည့္လို႔ ေကာက္ညႇင္းက်က္တာနဲ႔ အုန္းသီးဖတ္မ်ားကို ေကာက္ညႇင္းအေပၚမွာ ျဖဴးေပးပါ

ၿပီးတာနဲ႔ ဆြမ္းေမႊးရြက္ကို အုန္းသီးဖတ္အေပၚမွ စီၿပီးအုပ္ေပးကာ ထမင္းေပါင္းအိုးကို ျပန္ဖုံးၿပီး ၈မိနစ္မွ ၁၀မိနစ္ခန္႔ႏွပ္ထားေပးပါ

ဆြမ္းေမႊးရြက္အနံ့ေလးႏွင့္ အုန္းသီးအနံ့ေလးပါ ေမႊးေနတဲ့ ေကာက္ညႇင္း ျပန္ေပါင္းေလးကို ဒီအတိုင္း အစိမ့္ေလးဘဲစားစား ငါးေျခာက္ဆီစိမ္ေလးနဲ႔ဘဲစားစား မိမိႏွစ္သက္သလို သုံးေဆာင္နိုင္ပါၿပီ။

မာမာကေတာ့ ငါးေျခာက္ကို ပဲဆီစိမ္း စိမ္ထားတာနဲ႔ တြဲဖက္ၿပီး စားပါတယ္။

Credit .marmar