ကိုဗစ် တတိယလှိုင်းက အတော်ဆိုးပါတယ် ။ကာကွယ်ဆေးထိုးပြီးသူတွေပါ ဖြစ်တာကိုတွေ့ရပါတယ်
ကာကွယ်ဆေးထိုးထားသူတွေမှာ အသက်အန္တရာယ် ဖြစ်ပွားမှု နည်းပါးပြီး ကာကွယ်ဆေးမထိုးထားသူ သက်ကြီးရွယ်အိုတွေ ရောဂါ အခံရှိသူတွေမှာ ဖြစ်ပွားရင် သေနှုန်းများပါတယ်
“ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ဝေဒနာရှင်တွေ အားလုံးကို ပိန်းကြာဖက် ရေမတင်သလို ရောဂါတွေ ကင်းစင် ပပျောက်သွားစေချင်တာပါ ဒါပေမယ့် ခုလက်ရှိ အနေအထားကတော့ လူနာတိုင်း ကုတင်နဲ့နေရရေး ကြမ်းပြင်ပေါ်မှာ ချထားတာ မရှိရေး အောက်စီဂျင်လိုသူများ အောက်စီဂျင် ရစေရေး ဆေးဝါးများ ပြတ်လတ်မှုမရှိရေးကို ဦးစားပေးစီစဉ်နေပါတယ်” လို့ ပြည်နယ်ကုသရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်
ကျိုက်ခမီမှာတော့ ဘုရားဇောင်းတန်းက သစ်သားဆောင်တွေမှာမို့ ကုတင်နှင့် မသုံးပဲ သစ်သားကြမ်းပေါ်နေရာချထားတယ်လို့ ကျိုက်ခမီတိုက်နယ်ဆေးရုံက သိရပါတယ်
“လူတွေကိုမသေစေချင်ဘူးဗျာ ဒါပေမယ့်ရောဂါက အတော်ဆိုးတယ်
ကွယ်လွန်သွားသူတွေဟာ ကိန်းဂဏန်းအရ လူတစ်ရာဖြစ် ၂ယောက်ပဲသေတာ ၃ယောက်ပဲသေတာ ဆိုပြီး ပြောလို့ရပေမယ့် သေဆုံးသူတွေရဲ့ မိသားစုတွေကတော့ ၁၀၀% ဆုံးရှုံးတာပါ ပြည်သူတွေ ကိုဗစ် စည်းကမ်း လိုက်နာဖို့ လိုပါတယ်” လို့ ပရဟိတ သမားတစ်ဦးကဆိုပါတယ်
တာဝန်ရှိသူတွေ မြို့မိမြို့ဖတွေ ကျန်းမာရေးက တာဝန်ရှိသူတွေကတော့ အောက်စီဂျင်အဆက်မပြတ်ရရှိရေး ကိုဗစ်စင်တာများတိုးချဲ့ရေး ချိတ်ဆက်ကြိုးစားနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်
မော်လမြိုင်ဆေးရုံကြီးကို အောက်စီဂျင် အိုးကြီး (၇၀) ဒီနေ့ထပ်ဖြည့်တင်းလှူဒါန်း ပေးကြပါတယ် (၁၀)မြို့နယ်ဆောင်ကို မနက်ဖြန် အောက်စီဂျင် အိုးကြီး (၁၅)အိုး ဖြည့်တင်းပေးမယ်
သထုံခရိုင်ဆေးရုံကြီးအတွက် သိန်း(၁၅၀၀) လောက်တန်တဲ့ အောက်စီဂျင်ထုတ်စက် Oxygen Plant တစ်ခုကို အလှူရှင်တွေက တာဝန်ရှိသူတွေက တဆင့် လှူဒါန်းတာ မနက်ဖြန်ဆို ကွင်းဆင်းဆောင်ရွက်မှုတွေလုပ်မယ်လို့ ပြည်နယ်ကျန်းမာက ဆိုပါတယ်
သီးသန့်ဆောင် အမှတ်(၃) ရဲ့ အလှူရှင် ကျော်ကြား ဆောက်လုပ်ရေးကလည်း Iso 3 တစ်ခုလုံးက ကုတင် ၂၀၀ ကို အောက်စီဂျင်ရအောင် ကြိုးစားနေပါတယ် “ကျွန်တော်တို့ မြို့အတွက်ပဲ လုပ်ရမှာပေါ့” လို့ ကျော်ကြားဆောက်လုပ်ရေးပိုင်ရှင်က ပြောပါတယ်
ပုဂ္ဂလိက ဆေးရုံများက ဝိုင်းဝန်းဖြည့်ဆည်းမယ့် ပရိယတ္တိဗိမာန် ကိုဗစ်စင်တာကိုလည်း oxygen concentrate r center အဖြစ် ကြိုးစားဖွင့်လှစ်မယ် ကုတင် ၁၂၆လုံးမှာ အလုံး ၃-၄၀ ကို အောက်စီဂျင်ပေးစက်လေးတွေနဲ့ တွဲဆင်ထားမယ် လက်ရှိတော့ ငွေမိုးဆေးရုံက သုံးလုံး လာလှူထားတယ်လို့ စင်တာ တာဝန်ခံက ဆိုပါတယ်
ပုဂ္ဂလိက ဆေးရုံမိသားစုများကိုလည်း အောက်စီဂျင်ပေးစက်ငယ်လေးတွေ လာလှူပေးဖို့ ပြည်နယ်ကျန်းမာက အလှူခံထားတယ် ဟောင်းပါစေ ကောင်းရင် ကျေးဇူး လို့ဆိုပါတယ် လှူဒါန်းလိုသူများ ပြည်နယ်ကျန်းမာကို ဆက်သွယ်နိုင်ပါတယ်
ပူးတွဲပါ ပုံများမှာ ယနေ့ အောက်စီဂျင် ရရှိရေး စင်တာများတိုးချဲ့ရေး ဆောင်ရွက်နေကြသော ပုံများဖြစ်ပါတယ်
မွန်ပြည်နယ်ကျန်းမာ
——————-
မွန်ပြည်နယ်ကျန်းမာ