က်မၼာေရး ဗဟုသုတ

နံနက်ခင်းမှာ ရေပူရေပန်းနဲ့ အကြာကြီး မချိုးပါနဲ့

နံနက်ခင်းမှာ ရေပူရေပန်းနဲ့ အကြာကြီး မချိုးပါနဲ့

နံနက်ခင်းရေချိုးခန်းတဲ့အခါ ရေချိုးခန်းထဲမှာရေပူရေပန်းနဲ့ အချိန်ကြာကြာလေးချိုးပေးခြင်းက အလွန်နှစ်သက်စရာ ကောင်းပါတယ်။

ဒါပေမဲ့ ကျွမ်းကျင်သူအများစုက ဒီလိုရေနွေးနွေးနဲ့ရေချိုးတာကို ညနေပိုင်းမှသာ ကျင့်သုံးဖို့ အကြံပြုထားပါတယ်။

ရေပူရေပန်းနဲ့ချိုးခြင်းက (အလွန်စိတ်အပန်းပြေစေသော်လည်း) ရေအေးနဲ့ရေချိုးလိုက်ပြီးတဲ့အခါ ခွန်အားတွေပိုရလာပြီး ခဏတာအပန်းပြေစေကာ သက်တောင့်သက်သာဖြစ်စေပါတယ်။

သင့်နှလုံးခုန်နှုန်းကိုလည်း လျော့ကျစေပါလိမ့်မယ်။

ဒါကြောင့် မနက်ခင်းမှာ အကောင်းဆုံးစွမ်းအင်ကို ရရှိစေဖို့ ရေအေးနဲ့ ချိုးလိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။

သင့်ကိုယ်ခန္ဓာကို နိုးထစေရန် နှင့် တစ်နေ့တာအတွက် ခွန်အားတွေအပြည့်နဲ့ အဆင်သင့်ဖြစ်နေစေရန်အတွက် နံနက်ခင်းမှာ ရေအေးနဲ့ ရေချိုးလိုက်ပါ။






