ၾကားသိရသမွ်

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးဇော်နိုင်ဝင်း ထောင် ၇ နှစ် ကျ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးဇော်နိုင်ဝင်း ပုဒ်မ ၄၀၉ ဖြင့် ထောင် ၇ နှစ် ကျ

နေပြည်တော်၊ ဇူလိုင် ၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံတွင် ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေး ခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း ဦးဇော်နိုင်ဝင်းကို ပြီးခဲ့သည့် ဇွန်လက နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ် တရာရုံးက ယုံကြည်အပ်နှံဖောက်ဖျက်သည့် ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း သိရ သည်။

“သူက စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထွက်စာတင်တယ်။ ပြီးတော့ ဖေဖော် ဝါရီလထဲမှာပဲ Free Daw Aung San Su Kyi ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီး သပြေကုန်းအဝိုင်းမှာ လူတွေ အများစု ဆန္ဒပြတဲ့ နေ့တွေတုန်းက ထွက်လာသေးတယ်။

နောက်ပိုင်းတော့ CDM ဝန်ထမ်းတွေကို ကူညီပေးတယ်။ နောက်ဘဏ်ကနေ ငွေ တွေ ထုတ်လို့ရအောင် ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးနဲ့ ထောင်ချလိုက်တာ။ တော်တော်မြန်တယ်”ဟု ဦးဇော်နိုင်ဝင်း နှင့် နီးစပ်သူတဦးက ဆိုသည်။

ဦးဇော်နိုင်ဝင်းသည် စစ်တပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစား ယူခဲ့သည့် ရုရှားနိုင်ငံမှ ပြန်လာသူတဦး ဖြစ်ကြောင်း၊ ဘာသာ စကားနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတချို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေစဉ် ဒေါ် အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူသည့်အခါ ၎င်း၏ ကိုယ်ရေးအရာရှိအဖြစ် ၅ နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့သူတဦးလည်း ဖြစ်သည်။

နေပြည်တော်တွင် NLD အစိုးရတာဝန်ထမ်းဆောင်နေသည့် ကာလတွင် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပု ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရဝန်ကြီးများ၏ ကိုယ်ရေးအရာရှိ အများစုမှာ အကြမ်းဖက် စစ်ကောင်စီလက်ထက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မရှိတော့ဘဲ အလုပ်ထွက်ခြင်း ရှောင်တိမ်းခြင်းများ ပြုလုပ်ကြသကဲ့သို့ တာဝန် ဆက် လက် ထမ်းဆောင်သူများမှာလည်း စုံစမ်းစစ်ဆေးခြင်းများ ခံခဲ့ရကြောင်း သိရှိရသည်။