Life Style

လောကကြီးကို အော်ပြောလိုက်ပါငါ့ဘဝကို ငါ ကျေနပ်ပါတယ်လို့

လောကကြီးကို အော်ပြောလိုက်ပါငါ့ဘဝကို ငါ ကျေနပ်ပါတယ်လို့

(စိတ်ရှည်ရှည်ထားပြီး ပြီးအောင် ဖတ်ပါ
တစ်စုံတစ်ရာ စိတ်ခွန်အား ဖြစ်စေနိုင်မှာပါ)

လေပြည်တွေချည်း တိုက်ပါ့မယ်လို့
ပင်လယ်ဟာ အာမ မခံသလို
အမြဲ ဖြူမနေနိုင်တဲ့ တိမ်တွေကလဲ
ပြောင်းလဲတက်ကြောင်း ပြသနေလေရဲ့

အမှောင်ရှိတယ် အလင်းရှိတယ်
အနိမ့် အမြင့် အတက် အကျ
နောက် ပြီး
ပြောင်းလဲမှုတွေလဲ ရှိတယ်
ဘဝဆိုတာ ဒါပဲမဟုတ်လား

နှင်း ဆီ က
နှင်းဆီလောက်ပဲ လှမှာပေါ့
စံပယ်လောက်တော့ ဘယ်မွှေးပါ့မလဲ
ဘာလို့ အားငယ်နေမှာလဲ
လူ ဆို တာ
ကိုယ့်ရနံ့နဲ့ ကိုယ်ဘဲလေ

ကြယ်စင်တွေလောက် မလင်းနိုင်လို့ဆိုပြီး
ပိုးစုန်းကြူးလေး ရှက်လို့သေမသွားပါဘူး

သူများဘဝကို အားကျနေရုံနဲ့
ကိုယ့်ဘဝက တောက်ပလာမှာမှ မဟုတ်တာ

မပြည့်စုံခွင့် ရှိသလို
ကြိုးစားခွင့်လည်း ရှိတယ်

ကဲ့ရဲ့ခြင်း အထင်သေးခြင်း
အတင်းပြော ဝေဖန်ခြင်းတွေက
ပတ်ဝန်းရဲ့ အလုပ်ဆိုရင်
ဂ ရု မ စိုက် ဘဲ
ကိုယ့်လမ်းကိုယ် လျှောက်နေခြင်းကလဲ
ကိုယ့်ရဲ့ အလုပ်ပဲပေါ့

ဆင်းရဲတယ် ချမ်းသာတယ်
ခမ်းနားတယ် နွမ်းပါးတယ်
အသိုင်းအဝိုင်း ရှိတယ်
ဒါမှမဟုတ် တစ်ကောင်ကြွက်
ပုပုဝဝ ဖြူဖြူမည်းမည်း
အားလုံးဟာ ကံပစ်ချပေးတဲ့အတိုင်း
ကျရာဘဝမှာ ရှင်သန်နေကြရတာပါပဲ

အားလုံးကို မှတ်မိနေခြင်းဟာ
ပျော်စရာ မကောင်းသလို
အရာရာ အဘက်ဘက်က ပြည့်စုံနေရင်လဲ
အဲ့ဒါ ဘဝလို့ မေခၚဘူး

အမှားတွေထဲမှာ ပျော်ခဲ့ဖူးသလို
အမှန်တွေနဲ့လဲ တော်ခဲ့ဖူးကြမှာပဲ

လူ့ရဲ့ ဖြစ်တည်မှုဆိုတာ
တစ်ဖတ်မှာ အားနည်းချက်ရှိရင်
တစ်ဖတ်မှာလဲ အားသာချက်ဆိုတာ ရှိတယ်

အပြစ်အနာအဆာ မရှိ
စင်းလုံးချော မှန်ကန်တည့်မတ်မနေလို့လဲ
လူလို့ ခေါ်တာ

ကိုယ်ကျင့်တရားကိုပဲ
အဆင့်အတန်းလို့ တွက်ကြစို့ရဲ့

ရိုးသားခြင်းကိုပဲ
လူ့တန်ဖိုးလို့ မှတ်ကြစို့ရဲ့

သူတစ်ပါးကို ဒုက္ခမပေးဘဲ
သိက္ခာရှိစွာ နေကြစို့ရဲ့

ကိုယ်စားမယ့် ထမင်းလုတ်ထဲ
တစ်ပါးသူရဲ့ မျက်ရည်စက် မပါဘူးဆိုရင်
အသက်ရှင်နေတိုင်းမှာ
လိပ်ပြာလုံနိုင်တယ်မဟုတ်လား ?

လော က မှာ
ဘာမှ သုံးစားလို့မရတဲ့လူဆိုတာ မရှိဘူး
လိုအပ်ချက်နဲ့ ကိုယ့်မှာရှိတဲ့အရည်အချင်း
တိုက်ရိုက် အသုံးမတည့်သေးလို့သာ
အလုပ် မဖြစ်သေးတာပါ

မှတ်ထားပါ အနင်းခံမြက်တွေ
တစ်ခါပြန် ရှင်သန်လာပြီးဆိုရင်
သာမန်မြက်တွေထက် ပိုသန်မာတယ်ဆိုတာ

အချက်အပြုက် မကောင်းတဲ့
မိန်းမတစ်ယောက်ဟာ
ကိုယ်ပိုင် ဝင်ငွေ ရှာတက်သလို

ပေါင်းသင်းဆက်ဆံရေးမှာ
ညံ့ဖျင်းနေတဲ့ ယောင်္ကျားတစ်ယောက်ကလဲ
မိသားစုအပေါ် သစ္စာရှိနေတက်တယ်

တစ်နေရာထဲမှာ အားလုံးအသုံးဝင်နေရင်
လူတွေဟာ အပိုဖြစ်သွားမှာပေါ့
ကိုယ့်အရည်အချင်းနဲ့ ကိုယ်
ကိုယ်အသုံးဝင်တဲ့နေရာနဲ့ ကိုယ်ရှိတယ်

အတ္တမာနတွေ များနေတာ မကောင်းသလို
နေရာတကာမှာ
ဒူးထောက် ပျော့ညံ့ ငြိမ်ခံနေခြင်းကလဲ
မှန်ကန်တဲ့ ဖြေရှင်းနည်းတော့ မဟုတ်ဘူး

ရိုး သား တာ ကို
တုံအတယ်လို့ ထင်တဲ့လူတွေနဲ့တွေ့ရင်တော့
စွာသင့်သလောက် စွာပေးရပါတယ်

လိုချင်တာ အကုန်ရနေမှ
ပျော်ရမယ်လို့ မတွေးပါနဲ့လား

အမြဲတမ်း အချိန်တိုင်း ပျော်နေဖို့ဆိုတာက
တကယ် မဖြစ်နိုင်လို့ပါ

ဒါ ပေ မယ့်
ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးနိုင်တယ်
ကိုယ့်ဘဝကို ကိုယ်ကျေနပ်တယ်
ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကို နှစ်ခြိုက်တယ်
ကိုယ့်ကြောင့် ဖြစ်လာတဲ့
အကောင်း အဆိုးမှန်သမျှကို
ကိုယ် လက်ခံနိုင်မယ်ဆိုရင်တော့

အချိန်တိုင်း မဟုတ်ပေမယ့်
အချိန် အများစုမှာ မင်း ပျော်ရမှာပါ

မိသားစု သူငယ်ချင်း ချစ်သူ
တော တောင် ရေ မြေ လေ သဘာဝ
အခွင့်အရေး ကိုယ်ပိုင်းဖန်တီးမှုဆိုပြီး
လောကကြီးက ငါတို့ကို
အများကြီး လက်ဆောင်ပေးထားပါတယ်

ကျေ နပ် ပါ
အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ်
ပြီးတော့ ကိုယ့်ဘဝကို ကျေနပ်ပါ

ကျေ နပ် တယ် ဆို တာ က
အရာရာမှာ ပြည့်စုံနေတယ်
ချမ်းသာနေတယ်လို့ မဆိုလိုပါဘူး

ကျေ နပ် တယ် ဆို တာ က
ကိုယ့်မှာရှိတာနဲ့ ရောင်ရဲတက်တာ

ကျေ နပ် တယ် ဆို တာ က
ရှိတာလေးနဲ့ လှအောင် ဝတ်ပြီး
ရတာလေးနဲ့ ဝအောငျ စားနျိုငျတာ

ကျေ နပ် တယ် ဆို တာ က
အဝေးကလူတွေကို လွမ်းနေမှာထက်
အနားကလူတွေနဲ့ ပျော်အောင်နေတက်တာ

ကျေ နပ် တယ် ဆို တာ က
ဆုံးရှုံးသွားတဲ့အရာတွေကို လက်လွှက်လိုက်ပြီး
ပိုင်ဆိုင်ထားတဲ့အရာတွေကို တန်ဖိုးထားနိုင်တာ

ကျေ နပ် တယ် ဆို တာ က
နေတက်အောင် နေပြီးတော့
သေတက်အောင် သေသွားတာ

လောကကြီးကို အော်ပြောလိုက်ပါ
ငါ့ဘဝကို ငါ ကျေနပ်တယ်လို့

လောကကြီးကို အော်ပြောလိုက်ပါ
တစ်ရက်ပဲ နေရနေရ
နှစ်ရက်ပဲ နေရနေရ
ရိုးသား ကြိုးစား စိတ်ကောင်းထားပြီး
ငါဟာ လူပီသအောင် နေသွားမယ်လို့ ။