ဒီအဖြစ်အပျက်လေးကတော့ အိန္နိယနိုင်ငံ ၊ Siliguri မြို့မှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲတစ်ခုမှာ ဖြစ်ပျက်ခဲ့တာပါ ။ သတို့သားကတော့ မင်္ဂလာပွဲအစ ကနေ အဆုံးထိ လုံးဝကို ဂိမ်းအဆော့မပျက်ခဲ့ပါဘူး ။
သတို့သမီးမှာလည်း သတို့သားကို နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း အဆိုပါမင်္ဂလာပွဲဟာ မိဘတွေစီစဉ်ကျင်းပပေးခဲ့တဲ့ ပွဲဖြစ်ကြောင်းလည်း သိရပါတယ် ။
သတို့သားမှာတော့ မင်္ဂလာပွဲလာရောက်တဲ့သူတွေရဲ့ လက်ဖွဲ့ကိုတောင် လက်မခံနိုင်တော့ဘဲ ဖယ်ထုတ်ပစ်ခဲ့တဲ့အထိ ဂိမ်းအဆော့ပျက်မှာကိုသာ စိုးရိမ်နေခဲ့ကြောင်း သိရပါတယ် ။
အချို့သောသူတွေကတော့ သတို့သမီးအနေနဲ့ အဆိုပါယောင်္ကျားမျိုးကို လက်ထပ်ယူခြင်းက သူမရဲ့ ဘဝအနာဂတ်အတွက် မသေချာမရေရာနိုင်ကြောင်း ဝေဖန်ထောက်ပြခဲ့ကြတဲ့အပြင် အချို့မှာတော့လည်း အဆိုပါယောင်္ကျားမျိုးဟာ ဂိမ်းကိုသာ အာရုံစိုက်ပြီး မိန်းမတွေကို လုံးဝဂရုမစိုက်နိုင်လို့ သူမအနေနဲ့ သစ္စာမဖောက်ဖျက်တဲ့ ယောင်္ကျားမျိုးရရှိသွားခဲ့တာဖြစ်ကြောင်း မျိုးစူံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။
Jasmine (Mckzone Daily)
Source : rachfeed