လတ္တေလာမွာ တစ္ေက်ာ့ျပန္ျဖစ္ပြားလာခဲ့တဲ့ ဗီဇေျပာင္း ကိုဗစ္ေရာဂါေၾကာင့္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ ကူးစက္ႏႈန္းဟာ သိသိသာသာကို ျမင့္တက္လာတာေတြ႕ရပါတယ္။
ယခုတစ္ခါ တတိယလႈိင္း ကိုဗစ္ကူးစက္မႈကေတာ့ အရင္ျဖစ္ပြားခဲ့ ကိုဗစ္ဒုတိယလႈိင္းေတြထက္ေတာင္ တစ္ေန႔တာ ကူးစက္ႏႈန္းလည္း ျမင့္တက္လာသလို ေသဆုံးလူဦးေရးကလည္း မ်ားလာခဲ့ရပါတယ္။
ဒါ့အျပင္ ဇူလိုင္လ (၆)ရက္ေန႔ ည(၈)နာရီ ကိုဗစ္ေရာဂါထုတ္ျပန္ခ်က္ေတြရ ပိုးေတြ႕အတည္ျပဳလူနာသစ္(၃၆၀၂)ဦးျဖစ္ၿပီး ထပ္မံေသဆုံး (၅၂)ဦးရွိခဲ့ပါတယ္။
ဒါဟာ ျမန္မာျပည္မွာ စံခ်ိန္တင္ေလာက္တဲ့ ကူးစက္မႈႏႈန္းနဲ႔ ေသဆုံးသူဦးေရ ျမင့္မားခဲ့တဲ့ ဆိုးဆိုး႐ြား႐ြား ေန႔တစ္ေန႔ျဖစ္ခဲ့ပါတယ္။ ယခုအခ်ိန္အခါမွာ ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ကုသေရးကို အာဏာရွင္မ်ားက လုပ္ေဆာင္ေပးေနတာေၾကာင့္ အရင္လို က်န္းမာေရးေစာင့္ေရွာက္ေပးမႈေတြ မလုံေလာက္တာလည္း ေတြ႕ေနရပါတယ္။
ယခုလို ကိုဗစ္တတိယလႈိင္းမွာ မိမိကိုယ္ကိုယ္ကိုပဲ အားကိုးရမွာျဖစ္တာေၾကာင့္ ဂ႐ုတစိုက္သြားလာေနထိုင္ရမွာျဖစ္ပါတယ္။
ဒီလို ေရာဂါကူးစက္မႈမရွိေအာင္ ဂ႐ုတစိုက္ေနထိုင္သြားလာဖို႔အတြက္ ျပည္သူေတြနဲ႔အတူ အၿမဲတမ္းရပ္တည္ေပးေနတဲ့ သ႐ုပ္ေဆာင္ေဒါင္းကလည္း သူ႔ရဲ႕ လူမႈကြန္ယက္မွာ ျပည္သူေတြအတြက္ အႀကံျပဳေျပာဆိုလာခဲ့တာေတြ႕ျမင့္ရပါတယ္။
သူ႔ရဲ႕ အႀကံျပဳခ်က္ေတြထဲမွာေတာ့ ကိုယ္ခံအားေကာင္းေအာင္ ေနထိုင္စားေသာက္ဖို႔နဲ႔ ေဆးဝါးေတြကို အလြန္အကြၽံမေသာက္ၾကဖို႔ကို အဓိက အႀကံျပဳေျပာထားတာျဖစ္ပါတယ္။ ျပည္သူေတြအတြက္ ေဒါင္းရဲ႕ အႀကံျပဳခ်က္ေတြကိုေတာ့ ျပန္လည္ဖတ္ရႈ႕လို႔ရေအာင္ ျပန္လည္ေဖာ္ျပေပးထားပါတယ္။
CRD – Myanmarload
လတ်တလောမှာ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကူးစက်နှုန်းဟာ သိသိသာသာကို မြင့်တက်လာတာတွေ့ရပါတယ်။
ယခုတစ်ခါ တတိယလှိုင်း ကိုဗစ်ကူးစက်မှုကတော့ အရင်ဖြစ်ပွားခဲ့ ကိုဗစ်ဒုတိယလှိုင်းတွေထက်တောင် တစ်နေ့တာ ကူးစက်နှုန်းလည်း မြင့်တက်လာသလို သေဆုံးလူဦးရေးကလည်း များလာခဲ့ရပါတယ်။
ဒါ့အပြင် ဇူလိုင်လ (၆)ရက်နေ့ ည(၈)နာရီ ကိုဗစ်ရောဂါထုတ်ပြန်ချက်တွေရ ပိုးတွေ့အတည်ပြုလူနာသစ်(၃၆၀၂)ဦးဖြစ်ပြီး ထပ်မံသေဆုံး (၅၂)ဦးရှိခဲ့ပါတယ်။
ဒါဟာ မြန်မာပြည်မှာ စံချိန်တင်လောက်တဲ့ ကူးစက်မှုနှုန်းနဲ့ သေဆုံးသူဦးရေ မြင့်မားခဲ့တဲ့ ဆိုးဆိုးရွားရွား နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ယခုအချိန်အခါမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေးကို အာဏာရှင်များက လုပ်ဆောင်ပေးနေတာကြောင့် အရင်လို ကျန်းမာရေးစောင့်ရှောက်ပေးမှုတွေ မလုံလောက်တာလည်း တွေ့နေရပါတယ်။
ယခုလို ကိုဗစ်တတိယလှိုင်းမှာ မိမိကိုယ်ကိုယ်ကိုပဲ အားကိုးရမှာဖြစ်တာကြောင့် ဂရုတစိုက်သွားလာနေထိုင်ရမှာဖြစ်ပါတယ်။
ဒီလို ရောဂါကူးစက်မှုမရှိအောင် ဂရုတစိုက်နေထိုင်သွားလာဖို့အတွက် ပြည်သူတွေနဲ့အတူ အမြဲတမ်းရပ်တည်ပေးနေတဲ့ သရုပ်ဆောင်ဒေါင်းကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ ပြည်သူတွေအတွက် အကြံပြုပြောဆိုလာခဲ့တာတွေ့မြင့်ရပါတယ်။
သူ့ရဲ့ အကြံပြုချက်တွေထဲမှာတော့ ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ဖို့နဲ့ ဆေးဝါးတွေကို အလွန်အကျွံမသောက်ကြဖို့ကို အဓိက အကြံပြုပြောထားတာဖြစ်ပါတယ်။ ပြည်သူတွေအတွက် ဒေါင်းရဲ့ အကြံပြုချက်တွေကိုတော့ ပြန်လည်ဖတ်ရှု့လို့ရအောင် ပြန်လည်ဖော်ပြပေးထားပါတယ်။
CRD – Myanmarload