နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလအစပိုင်းကတည်းက လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လှူဒါန်းမှုတွေကိုလည်း
တတ်နိုင်သလောက်ပြုလုပ်ပြီး ဖေးမကူညီကာ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။
နှိုင်းယှဉ်မြင့်မိုရ်ဟာ ယခုလက်ရှိအချိန်မှာဒုတိယမြောက်ကိုယ်၀န်ဆောင်ထားရတာလည်းဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကိုဗစ်ကူး
စက်ခံခဲ့ရတယ်လို့သိရပါတယ်။ ကိုယ်၀န်ဆောင်ထားရချိန်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့အတွက် ပရိသတ်တွေကလည်း သူမအတွက်စိတ်ပူနေကြသလို မိသားစုမိတ်ဆွေတွေကလည်း စိုးရိမ်ပူပန်နေကြတာပါ……
အခုလို ကိုယ်၀န်ကြီးနဲ့ကိုဗစ်ကူးစက်ခံထားရပေမယ့်လည်း နှိုင်းယှဉ်မြင့်မိုရ်ဟာ ရောဂါကိုအံတုရင်ဆိုင်ရင်း သူမကျော်ဖြတ်ခဲ့ပုံလေးကို
ပရိသတ်တွေအတွက် မျှဝေလာခဲ့ပါတယ်။ “ဒီရောဂါ အကြောင်း ကိုယ်တစ်ကိုယ်စာ ခံစားလို့ရသလောက် ပြောပြပေးမယ်ရှင့်….ကိုယ်ဝန်
ကြီးနဲ့မို့ ဖစ်တာသိချင်နေလို့တဲ့…..ကျွန်မ ရောဂါပျောက်ခါနီးမှ ကိုဗစ်ဖစ်နေတာသိတာ 😁
ကျွန်မလွန်ခဲ့တဲ့ 10ရက်လောက်ထဲက ခါးတွေ လက်တွေ ပေါင်တွေ ခြေသလုံးတွေ နာတာနာတာဆိုတာအားလုံးက ကိုယ်ဝန်ဆိပ်တက်နေ
တာလို့ပဲ ပြောကြတယ်ကျွန်မလည်းအဲ့လိုပဲထင်ခဲ့တာ ကိုဗစ် ကိုယ်ထဲ ဝင်နေတာသိတောင်မသိခဲ့ဘူး အစားအသောက်မပျက်ဘူး
လူမမာကြီးလို မနေခဲ့ဘူး ဖြစ်နေမှန်းတောင်မသိခဲ့ဘူးးညညကျရင် တုန်ပီး ချမ်းတက်လာတာကိုလည်းဗိုက်ကြီးသည်မို့ မီးယပ်ချမ်း ထ
တယ်ပဲထင်နေခဲ့တာ😁ဘာဆေးမှလည်းမသောက်ခဲ့ဘူး ညညကျရင် ခြေတွေလက်တွေ ကိုက်တော့ ယောက်က်ျားကို ဆေးလိမ်းခိုင်းတယ်…နင်းခိုင်း နှိပ်ခိုင်းတယ်….။
လွန်ခဲ့တဲ့ 4ရက်လောက်က အာခေါင်တွေစနာတယ်…နှာခေါင်းပိတ်တယ်…ကိုယ်နည်းနည်းပူတယ်….အဲ့ဒါလည်း ငါမိုးမိလို့ တုတ်ကွေး ဖစ်
တယ်လောက်ပဲသဘောထားတယ်….စားစရာရှိတာကတော့ အရင်ကထက်ပိုစားတယ်….ပိုအိပ်တယ်….အင်တာနက်မှာ ဟာသတွေရှာကြည့်တယ်….သရဏဂုံ ရွတ်နေတယ်…
ဆရာသမားတွေ ကလည်း မေတ္တာပို့ပေးနေတယ်တဲ့…ပီးတော့ လွန်ခဲ့တဲ့ 2ရက်က အနံ့စပျောက်တယ်….ဘာရေမွှေးနံ့ ဘာဟင်းနံ့မှမရ
တော့ဘူး
မကြောက်ပါဘူး နှာခေါင်းပိတ်နေတယ်ပဲ သဘောထားလိုက်တယ်….အိမ်ကလူတွေနဲ့ သူငယ်ချင်းတွေကတော့ စိုးရိမ်ကြတာပေါ့ ကိုယ်ဝန်
ကြီးနဲ့ဆိုတော့….တနေ့ ပါရာဒက် 500 အားနဲ့ စီဗစ် မနက်နဲ့ည သောက်တယ်….အားရှိတာတွေစားတယ်…အိပ်တယ်….
ရေပုံမှန်ချိုးတယ်…ဒီနေ့မနက် အနံ့ပြန်ရပီ…နေလည်းကောင်းတယ်….ခု ယောက်ခမက ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ် ကျွေးတယ်…
ညနေ အိတုံမရဲ့ ဟော့ပေါ့ အကောင်းစားလာပို့လိမ့်မယ်….စားမယ်…အိပ်မယ်…နားမယ်….
အားလုံး စိတ်ချရမှ အလုပ်တွေပြန်လုပ်မယ်….
ငါ့ဆီ ဒီရောဂါ ရောက်ကိုရောက်လာနိုင်တယ်
ဘာဆေးနဲ့မှ မပျောက်ဘူးသာမာန်ပါရာစီတမော့နဲ့ပဲအဓိက အစာအဟာရမပြတ်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ကပျောက်မယ့်တစ်ခုတည်းသော
နည်းလမ်းပါပဲ အမျိုးတို့🙏…..” တို့ဆိုပြီးရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Nhying Shin Facebook acc