စစ်ကိုင်းတိုင်း၊ကသာမြို့နယ်တွင် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် ၄ ရက်အတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၈၀ ဦး သေဆုံးကြောင်း စစ်ကိုင်းPDF က ယနေ့ သတင်းထုတ်ပြန်သည်။
ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် KIA တပ်မဟာ (၈)၊ တပ်ရင်း (၅) ၏ ဦးဆောင်မှုဖြင့် စစ်ကောင်စီတပ်များဖြစ်သည့် တပ်မ (၈၈)၊ ကသာတပ်ရင်း (၃၀၄) နှင့် (၃၀၉) တို့ကို မြို့လှကျေးရွာအနီးတွင် ခုခံကာကွယ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
ဇူလိုင်လ ၅ ရက်နေ့ ည ၉ နာရီခန့်တွင် PDF နှင့် KIA က ထောင်ထားသောမိုင်း (၂) လုံးမိသဖြင့် စစ်ကောင်စီအဖွဲ့ဝင် (၁၀) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊
ဇူလိုင်လ ၆ ရက်နေ့ နံနက် (၈) နာရီခန့်တွင် ကောက်ကွေ့ချောင်းအတိုင်းနယ်ချဲ့လာသော စစ်ကောင်စီအဖွဲ့ဝင် ၁၀၀ ဦးပါစက်လှေ (၃) စီးအား RPG ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ရာ ၂ စီး နစ်မြုပ်ပျက်စီးကာ စစ်ကောင်စီအဖွဲ့ဝင် ၆၀ ဦးထက်မနည်းသေပြီး (၁) စီးမှာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူးဦး ဆောင်၍ နယ်မြေအတွင်း ကျွံဝင်လာရာ အသင့်ကာကွယ်ထားသည့်မိုင်း (၄) လုံးမိ၍ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီဘက်မှ ၃၀ ထက် မနည်းသေဆုံးကြောင်း သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၉ ရက်နေ့တွင် မြို့လှကျေးရွာသို့ စစ်ကောင်စီတိုက်လေယာဉ် ၄ စီးနှင့် လေကြောင်းပစ်ကူ ခြေလျင်ထိုးစစ်တို့ဖြင့်ဝင်ရောက်လာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး
စစ်ကောင်စီဘက်မှ ၅၀ ဦးထက်မနည်း သေဆုံးကာ ၇၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF ဘက်မှ ၃ ဦးကျဆုံးကာ ၃ ဦး အဆက် အသွယ်ပြတ်နေကြောင်း သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းတွင် ကသာ (၃၀၉) တပ်ရင်းမှ မြို့လှသို့စစ်ကူလာသော Double Cub (၁) စီးနှင့် (၆) ဘီးကား (၁) စီးတို့အား ပေါမမြိုင်ကျေးရွာနှင့် ကသာကားကြီးကွင်းကြားတွင် KPDF နှင့် KIA ပူးပေါင်းတပ်မှ ပဒေသာမိုင်းအတွဲဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃၀ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးတားကြီးအုပ်စု၊ မိုးတားလေးအုပ်စု၊ အုပ်ချေ၊ မြို့လှ၊ မှတ်တိုင်၊ နမ့်စန်း၊ ဆူးပုတ်ကုန်းရွာအနီးတဝိုက်တွင်၎င်းတို့၏အလောင်းများကို ကျင်းတူးမြုပ်နှံလျက်ရှိပြီး ဒဏ်ရာရနှင့် မသေမရှင်များကို ရေကြောင်းမှသယ်ယူလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
————————–
စစ္ကိုင္းတိုင္း၊ကသာၿမိဳ႕နယ္တြင္ KIA ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF တို႔ ပူးေပါင္းတိုက္ခိုက္ခဲ့ရာတြင္ ၄ ရက္အတြင္း စစ္ေကာင္စီဘက္မွ ဗ်ဴဟာမႉးအပါအဝင္ တပ္ဖြဲ႕ဝင္ ၁၈၀ ဦး ေသဆုံးေၾကာင္း စစ္ကိုင္းPDF က ယေန႔ သတင္းထုတ္ျပန္သည္။
ကသာၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕သည္ KIA တပ္မဟာ (၈)၊ တပ္ရင္း (၅) ၏ ဦးေဆာင္မႈျဖင့္ စစ္ေကာင္စီတပ္မ်ားျဖစ္သည့္ တပ္မ (၈၈)၊ ကသာတပ္ရင္း (၃၀၄) ႏွင့္ (၃၀၉) တို႔ကို ၿမိဳ႕လွေက်း႐ြာအနီးတြင္ ခုခံကာကြယ္တိုက္ခိုက္ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္သည္။
ဇူလိုင္လ ၅ ရက္ေန႔ ည ၉ နာရီခန႔္တြင္ PDF ႏွင့္ KIA က ေထာင္ထားေသာမိုင္း (၂) လုံးမိသျဖင့္ စစ္ေကာင္စီအဖြဲ႕ဝင္ (၁၀) ဦးထက္မနည္းေသဆုံးခဲ့ေၾကာင္း၊
ဇူလိုင္လ ၆ ရက္ေန႔ နံနက္ (၈) နာရီခန႔္တြင္ ေကာက္ေကြ႕ေခ်ာင္းအတိုင္းနယ္ခ်ဲ႕လာေသာ စစ္ေကာင္စီအဖြဲ႕ဝင္ ၁၀၀ ဦးပါစက္ေလွ (၃) စီးအား RPG ျဖင့္ အခ်က္ေပါင္းမ်ားစြာပစ္ခတ္ခဲ့ရာ ၂ စီး နစ္ျမဳပ္ပ်က္စီးကာ စစ္ေကာင္စီအဖြဲ႕ဝင္ ၆၀ ဦးထက္မနည္းေသၿပီး (၁) စီးမွာထြက္ေျပးသြားခဲ့ေၾကာင္း သိရွိရသည္။
ဇူလိုင္လ ၇ ရက္ေန႔ ည ၁၀ နာရီခန႔္တြင္ စစ္ေကာင္စီတပ္မွ ဗ်ဴဟာမႉးဦး ေဆာင္၍ နယ္ေျမအတြင္း ကြၽံဝင္လာရာ အသင့္ကာကြယ္ထားသည့္မိုင္း (၄) လုံးမိ၍ ဗ်ဴဟာမႉးအပါအဝင္ စစ္ေကာင္စီဘက္မွ ၃၀ ထက္ မနည္းေသဆုံးေၾကာင္း သတင္းထုတ္ျပန္သည္။
ဇူလိုင္လ ၉ ရက္ေန႔တြင္ ၿမိဳ႕လွေက်း႐ြာသို႔ စစ္ေကာင္စီတိုက္ေလယာဥ္ ၄ စီးႏွင့္ ေလေၾကာင္းပစ္ကူ ေျခလ်င္ထိုးစစ္တို႔ျဖင့္ဝင္ေရာက္လာသျဖင့္ တိုက္ပြဲျပင္းထန္ခဲ့ၿပီး
စစ္ေကာင္စီဘက္မွ ၅၀ ဦးထက္မနည္း ေသဆုံးကာ ၇၀ ထက္မနည္း ဒဏ္ရာရရွိခဲ့ေၾကာင္း၊ PDF ဘက္မွ ၃ ဦးက်ဆုံးကာ ၃ ဦး အဆက္ အသြယ္ျပတ္ေနေၾကာင္း သတင္းထုတ္ျပန္သည္။
ဇူလိုင္လ ၉ ရက္ေန႔ ညေနပိုင္းတြင္ ကသာ (၃၀၉) တပ္ရင္းမွ ၿမိဳ႕လွသို႔စစ္ကူလာေသာ Double Cub (၁) စီးႏွင့္ (၆) ဘီးကား (၁) စီးတို႔အား ေပါမၿမိဳင္ေက်း႐ြာႏွင့္ ကသာကားႀကီးကြင္းၾကားတြင္ KPDF ႏွင့္ KIA ပူးေပါင္းတပ္မွ ပေဒသာမိုင္းအတြဲျဖင့္ တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီဘက္မွ ၃၀ ဦး ထက္မနည္းေသဆုံးခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ မိုးတားႀကီးအုပ္စု၊ မိုးတားေလးအုပ္စု၊ အုပ္ေခ်၊ ၿမိဳ႕လွ၊ မွတ္တိုင္၊ နမ့္စန္း၊ ဆူးပုတ္ကုန္း႐ြာအနီးတဝိုက္တြင္၎တို႔၏အေလာင္းမ်ားကို က်င္းတူးျမဳပ္ႏွံလ်က္ရွိၿပီး ဒဏ္ရာရႏွင့္ မေသမရွင္မ်ားကို ေရေၾကာင္းမွသယ္ယူလ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။