ၾကားသိရသမွ်

ထွက်လက်စတောင်ပံ တန်းလန်းကြီးဆိုတဲ့ မီးအိမ်ရှင်မလေး ဒေါက်တာအငြိမ်းကို အသဲခွဲသွားတဲ့ စာရေးဆရာ

ထွက်လက်စတောင်ပံ တန်းလန်းကြီးဆိုတဲ့ မီးအိမ်ရှင်မလေး ဒေါက်တာအငြိမ်းကို အသဲခွဲသွားတဲ့ စာရေးဆရာ

မင်္ဂလာပါ စာဖတ်သူတို့ခင်ဗျာ … ဆရာမလေးအငြိမ်းကိုတော့ စာဖတ်ပရိတ်သတ်တွေ သိကြမယ်ထင်ပါတယ်။ တောင်တန်းမြေမှာ ပရဟိတတွေလုပ် ဆေးတွေကုပေးနေရင်းနဲ့ ပြည်သူတွေရဲ့ ချစ်ခင်ခြင်းကို ခံနေရတဲ့ ဒေါက်တာအငြိမ်းရဲ့ ဒီနေ့ရင်ဖွင့်သံလေးတွေကို

စာဖတ်သူတို့ အတွက် ပြန်လည်ဝေမျှပေးချင်ပါတယ်။ ဒေါက်တာအငြိမ်းဟာ သိပ်ပြီးကိုယ်ကျိုးစွန့်တက်တဲ့ ပြည်သူ့ ဆရာဝန်မလေးပါ… အခုတော့ စစ်ဘေးရှောင်ပြည်သူတွေကြားမှာ မေတ္တာအလင်းရောင်တွေပေးနေတဲ့ မီးအိမ်ရှင်မလေး။

သူပေါ့… ကျွန်တော်အားကျရတဲ့ အမျိုးသမီး။ သူပေါ့…မိဘက ကြိုးစားပြီး ဆေးကျောင်းထားတာကို အေးဆေးမနေဘဲ စစ်ဖြစ်နေတဲ့နေရာမှာ သွားကူညီနေတယ်တဲ့လေ။ သူပေါ့…မိန်းကလေးတန်မဲ့ သာမန်ယောကျာ်းလေးတွေ မလုပ်နိုင်တဲ့

စွန့်စားမှုမျိုးလုပ်နိုင်တဲ့ အာဂ အမျိုးသမီးလေးပေါ့။ သူပေါ့… ကိုယ်ကျိုးကို မငဲ့ပဲ တစ်ခါမှမတွေ့ဘူး မစုံဘူးတဲ့ လူတွေအတွက် စာနာစိတ်လေးတစ်ခုနဲ့ စိတ်ရောလူပါ ကူညီနေလိုက်တာ။ သူပေါ့… ဂျုတီကုတ်လေးနဲ့ aricon ခန်းထဲမှာ ဆေးလေးကုပြီး

နေရင်ရတာကို သေနတ်သံတွေ ဗုံးသံတွေကြားမှာ သွားနေနေလေရဲ့။ သူပေါ့…ရွယ်တူတွေ ကိုယ့်ဘဝတက်လမ်းအတွက် ဘွဲ့လွန်စာမေးပွဲတွေဖြေ အပြိုင်ကြိုးစားနေတဲ့ အချိန်မှာ သူကတော့ တောထဲတောင်ထဲမှာ အသပြာတစ်ပြားမှ မရတဲ့အလုပ်ကို လုပ်နေလေသတဲ့။

သူပေါ့… မိန်းကလေးတန်မဲ့ skin care အတွက်ပိုက်ဆံရှိဖို့ နေနေသာသာ မရွေးမုန့်ကို မျှစားရမဲ့အခြေအနေမှာ သွားနေလေရဲ့။ သူပေါ့…အသပြာမရပေမယ့် ပြည်သူတွေရဲ့ရင်ထဲက ချစ်ခြင်းတွေအပြည့်အ၀ ရထားတဲ့ ဆရာဝန်မလေးလေ။

သူကြောင့်ပဲ ရခဲလှတဲ့ လူဘဝမှာကိုယ့်အတွက်ချည်း မစဉ်းစားပဲ သူများအတွက် စဉ်းစားပေးရမယ်ဆိုတာသိလာတယ်။ သူကြောင့်ပဲ ကိုယ့်ဆုံးဖြတ်ချက်တစ်ခု ခိုင်မာလာခဲ့တယ်။ သူပေါ့…တကယ့် wonder woman ကြီးပါကွာ။

(2019) မှာ လူတစ်ယောက်ရဲ့ တနေ့တာအခက်အခဲကိုကူညီပေးခဲ့တဲ့ A Nyein က အခု (2021) နွေဦးတော်လှန်ရေးရဲ့ မီးအိမ်ရှင် သူရဲကောင်းမလေးပေါ့ဗျာ …

ဒီလိုအကြောင်းတွေကြောင့် သူ့ကို တပြည်လုံးကခေါ်ကြတာက တောင်တန်းမြေကမီးအိမ်ရှင်မလေးတဲ့မီးအိမ်ရှင်မလေး အငြိမ်း…

အခု အငြိမ်းက သူ့ရဲ့အကြောင်းလေးတွေကို စာရေးဆရာ တစ်ဦးကို ပြောပြနေရာက စာရေးဆရာက ဘက်ပြောင်းသွားတဲ့အခါ သူခံစားရတာလေးတွေကို” အင်း မရေးသင့်ဘူးထင်ပေမဲ့ အရမ်းရေးချင်လာလို့

ဆရာက comment တွေလာလာရေးတော့ ငါ့မှာတော့ ငါ့အကြောင်း ဝတ္ထုရေးရင်ရေးမှာဆိုပြီး ရင်တွေသွားဖွင့်လိုက်ရတာ Comment တွေလာမရေးတော့ဘဲပျောက်သွားတာ ကြာတော့ဘာများဖြစ်လို့လဲလို့စိတ်ပူလိုက်ရတာအကူးစောလို့ နှမြောပါဘိ

အခုတော့ သမီးတောင်ပံတွေက ထွက်လက်စ တန်းလန်းကြီးဆရာရဲ့ ပြီးအောင်တော့စောင့်သွားပါဦးတော့လားသမီးကတော့ သမီးအကြောင်း ဆရာ ဝတ္ထုရေးရင်ရေးလို့ရအောင်ဆိုပြီး ကိုယ့်ဘာကို စာတွေစီထားတာလေ Interview တွေတောင်လေ့ကျင့်နေပေါ့ဟာ

နာမည်တောင်ပေးပြီးပေါ့ အခုတော့ နာမည် ပြောင်းလိုက်ပါပြီချင်းတောင်ကြိုးကြာတန်းလန်းဆိုပြီး🥴🥴🥴🥴🥴🥴🥴 ” ဆိုပြီး ရင်ဖွင့်ထားတာပါသြော် တခါတလေတော့လဲ ကိုယ်ယုံကြည်လို့ ရင်ဖွင့်မိတဲ့ သူကကိုယ်နဲ့ ဆန့်ကျင်ဘက်အရပ်ကို

ရောက်သွားတက်တာလဲ လောကဓံတခုပဲလားနော်” ဆိုပြီးရေးသားထားပါတယ်။ အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Credit

Zawgyi

ထြက္လက္စေတာင္ပံ တန္းလန္းႀကီးဆိုတဲ့ မီးအိမ္ရွင္မေလး ေဒါက္တာအၿငိမ္းကို အသဲခြဲသြားတဲ့ စာေရးဆရာ

မဂၤလာပါ စာဖတ္သူတို႔ခင္ဗ်ာ … ဆရာမေလးအၿငိမ္းကိုေတာ့ စာဖတ္ပရိတ္သတ္ေတြ သိၾကမယ္ထင္ပါတယ္။ ေတာင္တန္းေျမမွာ ပရဟိတေတြလုပ္ ေဆးေတြကုေပးေနရင္းနဲ႔ ျပည္သူေတြရဲ႕ ခ်စ္ခင္ျခင္းကို ခံေနရတဲ့ ေဒါက္တာအၿငိမ္းရဲ႕ ဒီေန႔ရင္ဖြင့္သံေလးေတြကို

စာဖတ္သူတို႔ အတြက္ ျပန္လည္ေဝမွ်ေပးခ်င္ပါတယ္။ ေဒါက္တာအၿငိမ္းဟာ သိပ္ၿပီးကိုယ္က်ိဳးစြန႔္တက္တဲ့ ျပည္သူ႔ ဆရာဝန္မေလးပါ… အခုေတာ့ စစ္ေဘးေရွာင္ျပည္သူေတြၾကားမွာ ေမတၱာအလင္းေရာင္ေတြေပးေနတဲ့ မီးအိမ္ရွင္မေလး။

သူေပါ့… ကြၽန္ေတာ္အားက်ရတဲ့ အမ်ိဳးသမီး။ သူေပါ့…မိဘက ႀကိဳးစားၿပီး ေဆးေက်ာင္းထားတာကို ေအးေဆးမေနဘဲ စစ္ျဖစ္ေနတဲ့ေနရာမွာ သြားကူညီေနတယ္တဲ့ေလ။ သူေပါ့…မိန္းကေလးတန္မဲ့ သာမန္ေယာက်ာ္းေလးေတြ မလုပ္ႏိုင္တဲ့

စြန႔္စားမႈမ်ိဳးလုပ္ႏိုင္တဲ့ အာဂ အမ်ိဳးသမီးေလးေပါ့။ သူေပါ့… ကိုယ္က်ိဳးကို မငဲ့ပဲ တစ္ခါမွမေတြ႕ဘူး မစုံဘူးတဲ့ လူေတြအတြက္ စာနာစိတ္ေလးတစ္ခုနဲ႔ စိတ္ေရာလူပါ ကူညီေနလိုက္တာ။ သူေပါ့… ဂ်ဳတီကုတ္ေလးနဲ႔ aricon ခန္းထဲမွာ ေဆးေလးကုၿပီး

ေနရင္ရတာကို ေသနတ္သံေတြ ဗုံးသံေတြၾကားမွာ သြားေနေနေလရဲ႕။ သူေပါ့…႐ြယ္တူေတြ ကိုယ့္ဘဝတက္လမ္းအတြက္ ဘြဲ႕လြန္စာေမးပြဲေတြေျဖ အၿပိဳင္ႀကိဳးစားေနတဲ့ အခ်ိန္မွာ သူကေတာ့ ေတာထဲေတာင္ထဲမွာ အသျပာတစ္ျပားမွ မရတဲ့အလုပ္ကို လုပ္ေနေလသတဲ့။

သူေပါ့… မိန္းကေလးတန္မဲ့ skin care အတြက္ပိုက္ဆံရွိဖို႔ ေနေနသာသာ မေ႐ြးမုန႔္ကို မွ်စားရမဲ့အေျခအေနမွာ သြားေနေလရဲ႕။ သူေပါ့…အသျပာမရေပမယ့္ ျပည္သူေတြရဲ႕ရင္ထဲက ခ်စ္ျခင္းေတြအျပည့္အ၀ ရထားတဲ့ ဆရာဝန္မေလးေလ။

သူေၾကာင့္ပဲ ရခဲလွတဲ့ လူဘဝမွာကိုယ့္အတြက္ခ်ည္း မစဥ္းစားပဲ သူမ်ားအတြက္ စဥ္းစားေပးရမယ္ဆိုတာသိလာတယ္။ သူေၾကာင့္ပဲ ကိုယ့္ဆုံးျဖတ္ခ်က္တစ္ခု ခိုင္မာလာခဲ့တယ္။ သူေပါ့…တကယ့္ wonder woman ႀကီးပါကြာ။

(2019) မွာ လူတစ္ေယာက္ရဲ႕ တေန႔တာအခက္အခဲကိုကူညီေပးခဲ့တဲ့ A Nyein က အခု (2021) ေႏြဦးေတာ္လွန္ေရးရဲ႕ မီးအိမ္ရွင္ သူရဲေကာင္းမေလးေပါ့ဗ်ာ …

ဒီလိုအေၾကာင္းေတြေၾကာင့္ သူ႔ကို တျပည္လုံးကေခၚၾကတာက ေတာင္တန္းေျမကမီးအိမ္ရွင္မေလးတဲ့မီးအိမ္ရွင္မေလး အၿငိမ္း…

အခု အၿငိမ္းက သူ႔ရဲ႕အေၾကာင္းေလးေတြကို စာေရးဆရာ တစ္ဦးကို ေျပာျပေနရာက စာေရးဆရာက ဘက္ေျပာင္းသြားတဲ့အခါ သူခံစားရတာေလးေတြကို” အင္း မေရးသင့္ဘူးထင္ေပမဲ့ အရမ္းေရးခ်င္လာလို႔

ဆရာက comment ေတြလာလာေရးေတာ့ ငါ့မွာေတာ့ ငါ့အေၾကာင္း ဝတၳဳေရးရင္ေရးမွာဆိုၿပီး ရင္ေတြသြားဖြင့္လိုက္ရတာ Comment ေတြလာမေရးေတာ့ဘဲေပ်ာက္သြားတာ ၾကာေတာ့ဘာမ်ားျဖစ္လို႔လဲလို႔စိတ္ပူလိုက္ရတာအကူးေစာလို႔ ႏွေျမာပါဘိ

အခုေတာ့ သမီးေတာင္ပံေတြက ထြက္လက္စ တန္းလန္းႀကီးဆရာရဲ႕ ၿပီးေအာင္ေတာ့ေစာင့္သြားပါဦးေတာ့လားသမီးကေတာ့ သမီးအေၾကာင္း ဆရာ ဝတၳဳေရးရင္ေရးလို႔ရေအာင္ဆိုၿပီး ကိုယ့္ဘာကို စာေတြစီထားတာေလ Interview ေတြေတာင္ေလ့က်င့္ေနေပါ့ဟာ

နာမည္ေတာင္ေပးၿပီးေပါ့ အခုေတာ့ နာမည္ ေျပာင္းလိုက္ပါၿပီခ်င္းေတာင္ႀကိဳးၾကာတန္းလန္းဆိုၿပီး🥴🥴🥴🥴🥴🥴🥴 ” ဆိုၿပီး ရင္ဖြင့္ထားတာပါေၾသာ္ တခါတေလေတာ့လဲ ကိုယ္ယုံၾကည္လို႔ ရင္ဖြင့္မိတဲ့ သူကကိုယ္နဲ႔ ဆန႔္က်င္ဘက္အရပ္ကို

ေရာက္သြားတက္တာလဲ ေလာကဓံတခုပဲလားေနာ္” ဆိုၿပီးေရးသားထားပါတယ္။ အဆုံးထိဖတ္ရႈေပးၾကတဲ့အတြက္ ေက်းဇူးအထူးတင္ရွိပါတယ္။

Credit