ၾကားသိရသမွ်
ဘယ်လိုမှဖြေရှင်းလို့မရတဲ့ အလုပ်အကိုင်၊ စီးပွားရေး၊ ငွေကြေး၊ လူမှုရေး၊ အချစ်ရေး အိမ်ထောင်ရေးအတွက် အထူးယတြာအလှူ ပြုလုပ်နည်း
ဘယ်လိုမှဖြေရှင်းလို့မရတဲ့ အလုပ်အကိုင်၊ စီးပွားရေး၊ ငွေကြေး၊ လူမှုရေး၊ အချစ်ရေး အိမ်ထောင်ရေးအတွက် အထူးယတြာအလှူ ပြုလုပ်နည်း
ကံအရမ်း အညံ့ပိုင်းမှာရှိနေချိန်မျိုးမှာသင့်အနေဖြင့်….အလုပ်အကိုင်..၊ စီးပွားရေး..၊ လူမှုရေး..၊ ငွေကြေး.. ၊အချစ်ရေး..အိမ်ထောင်ရေး အစစအရာရာတို့မှာ..မိမိဘက်ကသာ ဆုံးရှုံးနစ်နာခြင်း…၊ ပေးဆပ် အနစ်နာခံရခြင်း မျိုးတွေသာကြုံတွေရပြီး စိတ်ညစ်နေရကာ အိမ်တွင်းရေးမှာလည်း အရမ်းပူပင်သောက ရှိနေတတ်ပါတယ်…။
စိတ်တွေလည်း လေးလံ ထိုင်းမှိုင်း တွေဝေ ငေးမောနေတယ်၊ အကြံကောင်း ဉာဏ်ကောင်းတွေလည်းမထွက် ၊ ပြသနာမျိုးမျိုးတက်နေတတ်ပါတယ်…။ဒီလိုအဆင်မပြေမှုတွေသာ ကျတော်ပြောသလို သင့်မှာတကယ်ကြုံတွေ့ခံစားနေရတာမှန်ကန်တယ်ဆိုရင်တော့…သေချာပြီ….သင့်ကို အိမ်တွင်းနတ်တွေက သူတို့ မကြေလည်မှုတစ်ခုခုကြောင့် နှောက်ထားတာမျိုး ဖြစ်နေပါလိမ့်မယ်။
မှက်ချက် ။ အိမ်တွင်းဆိုင်ရာနတ် ရိုးရာပျက်သူတွေ ၊ အိမ်တွင်းနတ်နန်းမှာ ပန်းများညှိးနွမ်း ခြောက်တွေ့နေတဲ့ အိမ်တွေ ၊ မီးထွန်းချိန် အိမ်တွင်းနတ်နန်းအား လိုက်ကာမပိတ်တဲ့အိမ်တွေ၊ အိမ်တွင်းနတ်နန်းတွင် မသန့်ရှင်းသော ပစ္စည်းတွေတင်ထားမိတာတွေ ၊ အိမ်တွင်းနတ်နန်းပေါ် မီးထွန်းမိသောအိမ်တွေ၊ စသည်..စသည်.. သတိမထားမလေးမစားပြုမိသောအခါ မျိုးတွေမှာကြုံရတတ်ပါတယ်…..။
မည်သည့်ကြောင်းကြောင့်ဘဲ ဒီလိုအဆင်မပြေမှုတွေကြုံတွေ့နေရစေကာမူ….ဒီလိုလက်တလောအဆင်မပြေမှုတွေအတွက် အထိရောက်ဆုံး ယတြာအနေနဲ့ကတော့….သြဇာသီး (မိမိနေ့နံအလိုက်အလုံးအရေအတွက်အတိအကျ ) ကို မိမိအိမ်ဘုရားမှာလှူ၍ အိမ်တွင်းနှင့်သက်ဆိုင်သောပုဂ္ဂိုလ်တွေကို အမျှဝေပါ။
ထူးခြားသိသာစွာ..အဆင်ပြေသွားပါလိမ့်မယ်…
Credit
Credit