ဒုရဲအုပ္ခ်ယ္ရီထက္အား စြဲဆိုထားေသာ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅ က အမႈအတြက္ အၿပီးသတ္အမိန္႔ခ်မွတ္ေတာ့မည္ျဖစ္ၿပီး ၊ လာမည့္႐ုံးခ်ိန္တြင္ႏွစ္ဘက္ေရွ႕ေနမ်ား အၿပီးသတ္ ေလ်ာက္လဲခ်က္ ေပးသြားရန္ရွိေၾကာင္း တရား႐ုံးႏွင့္ နီးကပ္သည့္ ေရွ႕ေနအသိုင္းအဝိုင္းထံမွ သိရသည္
လာမည့္ ႐ုံးခ်ိန္းကို မတ္လ ၂၄ ရက္ေန႔သို႔ခ်ိန္းဆိုထားၿပီး၊ အဆိုပါ႐ုံးခ်ိန္းတြင္ ႏွစ္ဖက္ေရွ႕ေနမ်ား အၿပီးသတ္ေလ်ာက္လဲခ်က္ ေပးၾကမည္ ျဖစ္ေၾကာင္းဆိုသည္
ၿပီးခဲ့သည္ ႐ုံးခ်ိန္တြင္ ဒုရဲအုပ္ခ်ယ္ရီထက္ဘက္မွ တရားခံျပသက္ေသတင္ သြင္းထားသူမ်ား ေရာက္ရွိလာျခင္း မရွိသည့္အတြက္ ၎၏ ဆႏၵအရ ယင္းသက္ေသမ်ားကို ပယ္ဖ်က္ေပးရန္ ေတာင္းဆိုလာသည့္အတြက္ တရား႐ုံးက ပယ္ဖ်က္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္
အဆိုပါအမႈအတြက္ ခ်ယ္ရီထက္ဘက္မွ သက္ေသ ၁၁ ဦးတင္သြင္းထားရွိၿပီး ယင္းအနက္ ၆ ဦးစစ္ေဆးၿပီးစီးၿပီျဖစ္ေၾကာင္းသိရသည္။ က်န္သက္ေသမ်ားေရာက္ရွိလာျခင္းမရွိသည့္အတြက္ ပယ္ဖ်က္ခဲ့ျခင္းလည္းျဖစ္သည္
လက္ရွိတြင္ ဒုရဲအုပ္ခ်ယ္ရီထက္အေနျဖင့္ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒအရ ေထာင္ဒဏ္သုံးႏွစ္ခ်မွတ္ခံထားရကာ ရမည္းသင္းအက်ဥ္းေထာင္သို႔ပို႔ေဆာင္ခံထားရျခင္းျဖစ္သည္
ဒုရဲအုပ္ခ်ယ္ရီထက္ လက္ရွိရင္ဆိုင္ေနရေသာ ရာဇသတ္ႀကီး ပုဒ္မ၅၀၅ က အမႈသည္ ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ၂၀၂၁ ခုႏွစ္ မတ္လ အတြင္းကေရးသားခဲ့သည့္ အေၾကာင္းအရာမ်ား ပတ္သက္၍ တရားစြဲဆိုခံထားရျခင္းျဖစ္ေၾကာင္း သိရသည္
ဒုရဲအုပ္ခ်ယ္ရီထက္သည္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည့္၏ အနီးကပ္ သက္ေတာ္ေစာင့္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူတစ္ဦးျဖစ္သည္ Crd
ဒုရဲအုပ်ချယ်ရီထက်အား စွဲဆိုထားသော ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ က အမှုအတွက် အပြီးသတ်အမိန့်ချမှတ်တော့မည်ဖြစ်ပြီး ၊ လာမည့်ရုံးချိန်တွင်နှစ်ဘက်ရှေ့နေများ အပြီးသတ် လျောက်လဲချက် ပေးသွားရန်ရှိကြောင်း တရားရုံးနှင့် နီးကပ်သည့် ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်
လာမည့် ရုံးချိန်းကို မတ်လ ၂၄ ရက်နေ့သို့ချိန်းဆိုထားပြီး၊ အဆိုပါရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ အပြီးသတ်လျောက်လဲချက် ပေးကြမည် ဖြစ်ကြောင်းဆိုသည်
ပြီးခဲ့သည် ရုံးချိန်တွင် ဒုရဲအုပ်ချယ်ရီထက်ဘက်မှ တရားခံပြသက်သေတင် သွင်းထားသူများ ရောက်ရှိလာခြင်း မရှိသည့်အတွက် ၎င်း၏ ဆန္ဒအရ ယင်းသက်သေများကို ပယ်ဖျက်ပေးရန် တောင်းဆိုလာသည့်အတွက် တရားရုံးက ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်
အဆိုပါအမှုအတွက် ချယ်ရီထက်ဘက်မှ သက်သေ ၁၁ ဦးတင်သွင်းထားရှိပြီး ယင်းအနက် ၆ ဦးစစ်ဆေးပြီးစီးပြီဖြစ်ကြောင်းသိရသည်။ ကျန်သက်သေများရောက်ရှိလာခြင်းမရှိသည့်အတွက် ပယ်ဖျက်ခဲ့ခြင်းလည်းဖြစ်သည်
လက်ရှိတွင် ဒုရဲအုပ်ချယ်ရီထက်အနေဖြင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရကာ ရမည်းသင်းအကျဉ်းထောင်သို့ပို့ဆောင်ခံထားရခြင်းဖြစ်သည်
ဒုရဲအုပ်ချယ်ရီထက် လက်ရှိရင်ဆိုင်နေရသော ရာဇသတ်ကြီး ပုဒ်မ၅၀၅ က အမှုသည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၂၁ ခုနှစ် မတ်လ အတွင်းကရေးသားခဲ့သည့် အကြောင်းအရာများ ပတ်သက်၍ တရားစွဲဆိုခံထားရခြင်းဖြစ်ကြောင်း သိရသည်
ဒုရဲအုပ်ချယ်ရီထက်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည့်၏ အနီးကပ် သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည် Crd