လူတိုင္းက အစားအေသာက္နဲ႔ ပက္သက္ၿပီး သူ႔အႀကိဳက္ ကိုယ့္အႀကိဳက္မတူညီမႈေလးေတြ ရွိေနသည္။တ႐ုတ္ႏိုင္ငံ Liuzhouျပည္နယ္တြင္ ခ႐ုဟင္းရည္ေခါက္ဆြဲသည္ လူႀကိဳက္မ်ားေသာ ေဒသထြက္ အစားအစာတစ္မ်ိဳးျဖစ္ေပမယ့္ ဟင္းရည္ရဲ႕အနံ႔ကို မႀကိဳက္ေသာသူမ်ားလည္း ရွိသည္။

ေဒသခံလူငယ္စုံတြဲႏွစ္ဦးသည္ အျပင္ထြက္ အစားစားခ်ိန္တြင္ မိန္းကေလးမွ ထိုဆိုင္သို႔ ျဖတ္သြားခိုက္ ခ႐ုေခါက္ဆြဲျပဳတ္ဟင္းရည္ေလးကို စားခ်င္ေၾကာင္း ခ်စ္သူေကာင္ေလးအား ဝယ္ေကြၽးရန္ ေျပာဆိုခဲ့သည္။

ထိုအခါ ေကာင္ေလးသည္ ခ်က္ခ်င္းပဲ ေဒါသထြက္သြားၿပီး တျခားဟာ ေျပာင္းစားဖို႔ ေျပာကာ ခ႐ုေခါက္ဆြဲျပဳတ္ကို အနံ႔မခံႏိုင္၍ မစားရန္ေျပာခဲ့ေပမယ့္ မရတာေၾကာင့္ စိတ္မရွည္လာေတာ့ပဲ လမ္းခြဲျပတ္စဲခဲ့သည္။

ဆိုင္ရွင္လည္း ေကာင္ေလးအား ခ်စ္သူမိန္းကေလးကို လိုက္ေခ်ာ့ရန္ေျပာဆိုခဲ့ေပမယ့္ ေကာင္ေလးက သူမအား အနမ္းေပးခ်ိန္တြင္ ခ႐ုေခါက္ဆြဲျပဳတ္ကို စားထားပါက ထိုအနံ႔အားမခံႏိုင္လို႔ဟု ဆိုခဲ့၍ ဆိုင္ရွင္ျဖစ္သူကိုယ္တိုင္ အံ့အားသင့္မိသြားၿပီး ဘားမွျပန္မေျပာႏိုင္ျဖစ္သြားခဲ့သည္။
Rain (For Ialinks)
Unicode
ခရုခေါက်ဆွဲပြုတ်ဝယ်ကျွေးခိုင်းသော ချစ်သူမိန်းကလေးအား စိတ်တိုပြီး လမ်းခွဲခဲ့သည့် ကြီးကြီးကျယ်ကျယ် ကောင်လေး
လူတိုင်းက အစားအသောက်နဲ့ ပက်သက်ပြီး သူ့အကြိုက် ကိုယ့်အကြိုက်မတူညီမှုလေးတွေ ရှိနေသည်။တရုတ်နိုင်ငံ Liuzhouပြည်နယ်တွင် ခရုဟင်းရည်ခေါက်ဆွဲသည် လူကြိုက်များသော ဒေသထွက် အစားအစာတစ်မျိုးဖြစ်ပေမယ့် ဟင်းရည်ရဲ့အနံ့ကို မကြိုက်သောသူများလည်း ရှိသည်။

ဒေသခံလူငယ်စုံတွဲနှစ်ဦးသည် အပြင်ထွက် အစားစားချိန်တွင် မိန်းကလေးမှ ထိုဆိုင်သို့ ဖြတ်သွားခိုက် ခရုခေါက်ဆွဲပြုတ်ဟင်းရည်လေးကို စားချင်ကြောင်း ချစ်သူကောင်လေးအား ဝယ်ကျွေးရန် ပြောဆိုခဲ့သည်။
ထိုအခါ ကောင်လေးသည် ချက်ချင်းပဲ ဒေါသထွက်သွားပြီး တခြားဟာ ပြောင်းစားဖို့ ပြောကာ ခရုခေါက်ဆွဲပြုတ်ကို အနံ့မခံနိုင်၍ မစားရန်ပြောခဲ့ပေမယ့် မရတာကြောင့် စိတ်မရှည်လာတော့ပဲ လမ်းခွဲပြတ်စဲခဲ့သည်။

ဆိုင်ရှင်လည်း ကောင်လေးအား ချစ်သူမိန်းကလေးကို လိုက်ချော့ရန်ပြောဆိုခဲ့ပေမယ့် ကောင်လေးက သူမအား အနမ်းပေးချိန်တွင် ခရုခေါက်ဆွဲပြုတ်ကို စားထားပါက ထိုအနံ့အားမခံနိုင်လို့ဟု ဆိုခဲ့၍ ဆိုင်ရှင်ဖြစ်သူကိုယ်တိုင် အံ့အားသင့်မိသွားပြီး ဘားမှပြန်မပြောနိုင်ဖြစ်သွားခဲ့သည်။
Rain (For Ialinks)



