ဇနီးဖြစ်သူ ဒေါက်မြင့်ဖိနပ်အကြားကြီးစီးလို့ ခြေထောက်နာကျင်လာတာကြောင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘဲ သူမနဲ့ ဖိနပ်လဲစီးခဲ့တဲ့ ခင်ပွန်းသည်
Tiktok အသုံးပြုသူ @11yayang က သူမရဲ့ကားက မီးနီတွင် ရပ်သွားစဉ် အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦး ရုတ်တရက် ကားရှေ့မှဖြတ်သွားခဲ့တဲ့ ဗီဒီယိုကလစ်တစ်ခုကို မျှဝေလိုက်အခါမှာ အံ့သြစရာကောင်းတာက အဲဒီအမျိုးသားဟာ ဒေါက်မြင့်ဖိနပ်စီးထားပြီးအေးအေးဆေးဆေး လမ်းလျှောက်နေတာကို တွေ့ပါတယ် ။
ဗီဒီယိုကို လွှင့်တင်ပြီးနောက်မှာ အင်တာနက်သုံးစွဲသူများ အံ့ဩသွားကြပြီး ကြည့်ရှုမှုပေါင်း 1.6 သန်းကျော်ရှိနေပြီဖြစ်ပြီး အင်တာနက်အသုံးပြုသူများက ဒေါက်မြင့်ဖိနပ်စီးရခြင်း အကြောင်းရင်းကို မှန်းဆနေကြပါတယ် ။နောက်ပိုင်းမှာ အင်တာနက်အသုံးပြုသူတစ်ဦးက ၎င်းဟာ ဗီဒီယိုဖိုင်ရှိ မိန်းကလေးဖြစ်ကြောင်း အခိုင်အမာဆိုခဲ့ပြီး ဒေါက်မြင့်ဖိနပ်စီးတဲ့သူက သူမခင်ပွန်းဖြစ်ပါတယ် ။
ဒေါက်ဖိနပ်စီးရခြင်းရဲ့ အကြောင်းရင်းမှာ သူမက ဒေါက်ဖိနပ်ကို အကြာကြီးစီးထားတာကြောင့် ခြေထောက်တွင် နာကျင်ခြင်းများစွာ ခံစားခဲ့ရပြီး သူမရဲ့ ဖိနပ်ကို လဲလှယ်ပေးတာကြောင့် ဖြစ်ပါတယ် ။ ထိုအရာက ခင်ပွန်းသည်ဟာ ပတ်ဝန်းကျင်က မည်သို့မြင်ပါစေ သူမအစား စီးပေးခဲ့ပါတယ် ။
အမှန်တရားကို ဖော်ထုတ်ပြီးတဲ့အခါ ပျံ့နှံ့သွားပြီး အင်တာနက်အသုံးပြုသူများက ထိုအမျိုးသားရဲ့ လုပ်ရပ်ကြောင့် သဘောကျခဲ့ကြပါပါတယ် ။ “ဒါက အရမ်းချစ်စရာကောင်းတယ်လို့ ငါထင်တယ်”၊ “စစ်မှန်တဲ့ လက်တွဲဖော်၊မင်းအတွက် ဒီလိုလုပ်ပေးမယ့်လူက ရှားတယ် ” ဆိုပြီး မှတ်ချက်ပေးကြပါတယ် ။
Zawgyi