သၾကၤန္ရက္ ေခ်ာင္းသာမွာ အုပ္စုလိုက္ ယေန့ ျဖစ္သြားတာပါSee More…
ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ့နယ္အတြင္းက ေခ်ာင္းသာကမ္းေျခကို သၾကၤန္ရက္လာတဲ့ ခရီးသည္ တင္ကား ၁ စီး ဧၿပီလ ၁၄ ရက္ေန႔က လမ္းေဘးတိမ္းေမွာက္ခဲ့တယ္လို့ သိရပါတယ္။

ခရီးသည္တင္ကားဟာ အုပ္စုလိုက္စုေပါင္းငွားလာတဲ့ကားျဖစ္ၿပီး ေခ်ာင္းသာကို မေရာက္ခင္ ဉတိုတံတားကို ျဖတ္ေက်ာ္ကာ ကုန္းအတက္မွာ ေနာက္ျပန္ထိုးက်တိမ္းေမွာက္ခဲ့တာလို့ ေဒသခံေတြက ေျပာပါတယ္။
“ မေန႔က ျဖစ္သြားတာ ကုန္းမတက္နိုင္လို့ ေနာက္ျပန္ျပဳတ္က်တာ လူေတြေတာ့ ဘာမွျဖစ္မသြားဘူး ကားေတာ့ ေဘာ္ဒီထိသြားတယ္ လူေတြက ပြန္းတာပဲ့တာေလာက္ပဲျဖစ္သြားတာ”လို့ ေဒသခံတဦးက ေျပာပါတယ္။

အပ္စုလိုက္ လူစုၿပီး ေခ်ာင္းသာကို သၾကၤန္ေပ်ာ္ဖို့လာတဲ့ ခရီးသည္တင္ကားဟာ ေန႔လည္ ၁၂ နာရီေလာက္မွာ ကုန္းေပၚက ေနာက္ျပန္ျပဳတ္က်ခဲ့တာျဖစ္ၿပီး လူေသဆုံးထိခိုက္တာမ်ိဳးေတာ့မရွိဘူးလို့ ဆိုပါတယ္။
ေခ်ာင္းသာနားေရာက္ကာနီ ဉတိုတံတား ကုန္းတက္ဟာ ျမင့္တာေၾကာင့္ ခရီးလမ္းမကၽြမ္းက်င္တဲ့ ကားသမား အခ်ိဳ့ သတိထားေမာင္းႏွင္ရတဲ့ ေနရာျဖစ္ၿပီး ဧည့္သည္ကားတခ်ိဳ့ မေတာ္တဆမွုျဖစ္တက္တဲ့ေနရာလို့ ေဒသခံ ေတြက ေျပာပါတယ္။

#Ayeyarwaddy_Times
Unicode
သြင်္ကန်ရက် ချောင်းသာမှာ အုပ်စုလိုက် ယနေ့ ဖြစ်သွားတာပါSee More…
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းက ချောင်းသာကမ်းခြေကို သြင်္ကန်ရက်လာတဲ့ ခရီးသည် တင်ကား ၁ စီး ဧပြီလ ၁၄ ရက်နေ့က လမ်းဘေးတိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
ခရီးသည်တင်ကားဟာ အုပ်စုလိုက်စုပေါင်းငှားလာတဲ့ကားဖြစ်ပြီး ချောင်းသာကို မရောက်ခင် ဉတိုတံတားကို ဖြတ်ကျော်ကာ ကုန်းအတက်မှာ နောက်ပြန်ထိုးကျတိမ်းမှောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ မနေ့က ဖြစ်သွားတာ ကုန်းမတက်နိုင်လို့ နောက်ပြန်ပြုတ်ကျတာ လူတွေတော့ ဘာမှဖြစ်မသွားဘူး ကားတော့ ဘော်ဒီထိသွားတယ် လူတွေက ပွန်းတာပဲ့တာလောက်ပဲဖြစ်သွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
အုပ်စုလိုက် လူစုပြီး ချောင်းသာကို သြင်္ကန်ပျော်ဖို့လာတဲ့ ခရီးသည်တင်ကားဟာ နေ့လည် ၁၂ နာရီလောက်မှာ ကုန်းပေါ်က နောက်ပြန်ပြုတ်ကျခဲ့တာဖြစ်ပြီး လူသေဆုံးထိခိုက်တာမျိုးတော့မရှိဘူးလို့ ဆိုပါတယ်။
ချောင်းသာနားရောက်ကာနီ ဉတိုတံတား ကုန်းတက်ဟာ မြင့်တာကြောင့် ခရီးလမ်းမကျွမ်းကျင်တဲ့ ကားသမား အချို့ သတိထားမောင်းနှင်ရတဲ့ နေရာဖြစ်ပြီး ဧည့်သည်ကားတချို့ မတော်တဆမှုဖြစ်တက်တဲ့နေရာလို့ ဒေသခံ တွေက ပြောပါတယ်။
#Ayeyarwaddy_Times



