ရေခဲချောင်းရောင်းပြီး ကျောင်းထားပေးခဲ့တဲ့ ဖခင်အတွက် ဂုဏ်ထူးတွေနဲ့ ကျေးဇူးဆပ်လိုက်တဲ့ သမီးလေး
ရေခဲချောင်းရောင်းပြီး ကျောင်းထားပေးတဲ့ ဖခင်အတွက်ဝမ်းမြှောက်စေမယ့် ဂုဏ်ထူးတွေ ဆွတ်ခူးပေးခဲ့တဲ့ သမီးလေးနာမည်လေးက ထူးထူးဆန်းဆန်း ဒြာတဲ့လား။

ဖခင် ဦးတင်ဝင်း မိခင် ဒေါ်ခင်သန်းဝေ တို့ရဲ့ သမီးငယ်လေးကအသက် ၁၆ နှစ် မိသားစုလေးဟာ လှိုင်သာယာ ၉ ရပ်ကွက်မှာမိသားစုလိုက် အဆောင်ငှားပြီး နေကြသတဲ့။မိခင်ဖြစ်သူက နံရိုးထိခိုက်မိထားတာမို့ အလုပ် မလုပ်နိုင်ဘဲဖခင်ဖြစ်သူကပဲ ရေခဲချောင်းရောင်းပြီး သမီးဖြစ်သူကိုလည်းကျောင်းထားလို့ မိသားစုရဲ့ စားဝတ်နေရေးအတွက်ကြိုးစားရုန်းကန် ရရှာတဲ့ဘဝလေး။
အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း လှိုင်သာယာကနေတက္ကသိုလ်ဝင်တန်း ခုံအမှတ် ဆသယ ၃၈၄ နဲ့ ၂၀၁၉ ၂၀၂၀ ပညာသင်နှစ်၊

တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အင်္ဂလိပ်စာ သင်္ချာ ရူပဗေဒ ဇီဝဗေဒဂုဏ်ထူး လေးဘာသာနဲ့အတူ သမီးလေးဖြစ်သူကနှစ်ချင်းပေါက် အောင်မြင်ခဲ့ပါတယ်။
နွမ်းပါးတဲ့ ကလေးငယ်လေးရဲ့ ကြိုးစားအောင်မြင်မှုအတွက်သွားရောက်ပြီး ဂုဏ်ပြုစကားဆို စကားပြောကြည့်တဲ့အခါ၊သူမရဲ့ ရည်မှန်းချက်က နာမကျန်းမှုတွေကို ကုသမှုပေးတဲ့ ဆရာဝန်ဘဝတဲ့။အမှတ်စာရင်းထွက်တဲ့အခါ ဆေးကျောင်းတက်ဖို့ အမှတ်မီတဲ့အခါမှညီမလေးရဲ့ ပညာရေးအတွက် အကူအညီပေးနိုင်သူတွေနဲ့တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit-Original Post
zawgyi
ေရခဲေခ်ာင္းေရာင္းၿပီး ေက်ာင္းထားေပးခဲ့တဲ့ ဖခင္အတြက္ ဂုဏ္ထူးေတြနဲ႕ ေက်းဇူးဆပ္လိုက္တဲ့ သမီးေလး
ေရခဲေခ်ာင္းေရာင္းၿပီး ေက်ာင္းထားေပးတဲ့ ဖခင္အတြက္ဝမ္းျမႇောက္ေစမယ့္ ဂုဏ္ထူးေတြ ဆြတ္ခူးေပးခဲ့တဲ့ သမီးေလးနာမည္ေလးက ထူးထူးဆန္းဆန္း ျဒာတဲ့လား။

ဖခင္ ဦးတင္ဝင္း မိခင္ ေဒၚခင္သန္းေဝ တို႔ရဲ႕ သမီးငယ္ေလးကအသက္ ၁၆ ႏွစ္ မိသားစုေလးဟာ လွိုင္သာယာ ၉ ရပ္ကြက္မွာမိသားစုလိုက္ အေဆာင္ငွားၿပီး ေနၾကသတဲ့။မိခင္ျဖစ္သူက နံရိုးထိခိုက္မိထားတာမို႔ အလုပ္ မလုပ္နိုင္ဘဲဖခင္ျဖစ္သူကပဲ ေရခဲေခ်ာင္းေရာင္းၿပီး သမီးျဖစ္သူကိုလည္းေက်ာင္းထားလို႔ မိသားစုရဲ႕ စားဝတ္ေနေရးအတြက္ႀကိဳးစား႐ုန္းကန္ ရရွာတဲ့ဘဝေလး။
အမွတ္ ၂ အေျခခံပညာ အထက္တန္းေက်ာင္း လွိုင္သာယာကေနတကၠသိုလ္ဝင္တန္း ခုံအမွတ္ ဆသယ ၃၈၄ နဲ႕ ၂၀၁၉ ၂၀၂၀ ပညာသင္ႏွစ္၊
တကၠသိုလ္ဝင္တန္း စာေမးပြဲမွာ အဂၤလိပ္စာ သခၤ်ာ ႐ူပေဗဒ ဇီဝေဗဒဂုဏ္ထူး ေလးဘာသာနဲ႕အတူ သမီးေလးျဖစ္သူကႏွစ္ခ်င္းေပါက္ ေအာင္ျမင္ခဲ့ပါတယ္။

ႏြမ္းပါးတဲ့ ကေလးငယ္ေလးရဲ႕ ႀကိဳးစားေအာင္ျမင္မႈအတြက္သြားေရာက္ၿပီး ဂုဏ္ျပဳစကားဆို စကားေျပာၾကည့္တဲ့အခါ၊သူမရဲ႕ ရည္မွန္းခ်က္က နာမက်န္းမႈေတြကို ကုသမႈေပးတဲ့ ဆရာဝန္ဘဝတဲ့။အမွတ္စာရင္းထြက္တဲ့အခါ ေဆးေက်ာင္းတက္ဖို႔ အမွတ္မီတဲ့အခါမွညီမေလးရဲ႕ ပညာေရးအတြက္ အကူအညီေပးနိုင္သူေတြနဲ႕ေတြ႕ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႕ေလးကိုပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Credit-Original Post



