၁။ ခါးပတ္ပတ္လည္မွ အဆီပိုမ်ား
( ၁ ) ငါးကြီးဆီစားပါ။
# Credit#
Unicode
ခန္ဓာကိုယ် မဝလည်း ဗိုက်နားမှာ ရှိနေတတ်တဲ့ ရုပ်ဆိုးဆိုးအဆီပိုများ ဘယ်လို ချမလဲ?
၁။ ခါးပတ်ပတ်လည်မှ အဆီပိုများ
ခါးပတ်ပတ်လည်မှာ အလှပျက်စွာ ရှိနေတတ်တဲ့ အဆီအဖုအထစ်တွေ ဖြစ်ပါတယ်။ ဖြစ်ပွားရသည့်အ ကြောင်းရင်းတွေ က တော့ အထိုင်များခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ အချိုစားလွန်းခြင်းနဲ့ ကစီဓာတ်ပါတဲ့ အစားအစာတွေကို ပိုမိုစားသုံးခြင်းတို့ကြောင့် ဖြစ်ပါ တယ်။ ခါးပတ်ပတ်လည်က အဆီပိုတွေကို ဖယ်ရှားချင်ရင်တော့..
( ၁ ) အယ်ကိုဟောလ်ပါဝင်တဲ့ ဝိုင်၊ အရက်၊ ဘီယာ တွေကို လျှော့သောက်ပါ။
( ၂ ) အဆီနည်းပြီး အာဟာရဓာတ်ဖြစ်စေတဲ့ အစားအစာတွေ၊ အသီးအနှံတွေကို စားသောက်ပါ။
( ၃ ) ဘယ်လောက်ပဲအလုပ်များများ အချိန်တစ်ခုပေးပြီး gym ကစားပါ။
၂ ။ ဝမ်းဗိုက်အောက်နားလေးက အဆီပြင်ထူများ
ဝမ်းဗိုက်အောက်နားလေးမှာ စုနေတတ်တဲ့ အဆီပြင်တွေဖြစ်ပြီး အဆီတွေဟာ ပျော့ပျောင်းလျော့တွဲခြင်းမရှိဘဲ ထူထဲကျစ်လျစ်နေတတ်ပါတယ်။
ဖြစ်ပွားရတဲ့ အ ကြောင်းရင်းတွေ က တော့ စိတ်ဖိစီးမှုများခြင်း၊ အစာစားချိန်မမှန်ခြင်း၊ ကော်ဖီအသောက်များခြင်း၊ အူမကြီးဆိုင်ရာ ရောဂါ ဖြစ်ခြင်းနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေ စားသောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဝမ်းဗိုက်အောက်ပိုင်းက အဆီတွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့…
( ၁ ) စောစောအိပ်ပါ။ အိပ်ရေးပျက်ခြင်းက အစာစားချင်စိတ်နဲ့ ခန္ဓာကိုယ်ဓာတ်ပြောင်းလဲမှုကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။
( ၂ ) ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေဖို့ ညမအိပ်ခင် တရားထိုင်တာ၊ ရေနွေးနဲ့ရေချိုးတာ၊ အသက်ရှူလေ့ကျင့်ခန်းတွေကို လုပ်ပါ။
( ၃ ) ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။ နှလုံးကို ပင်ပန်း စေ တဲ့ cardio လေ့ကျင့်ခန်းတွေ အလွန် အမင်း လုပ်တဲ့ အခါ ကော်တီ စောလ် (cortisol) ဟော်မုန်းတွေထွက်လာပြီး အဆီ ဖြစ် ပေါ် စေပါတယ်။ ဒါကြောင့် ယောဂကျင့်ပါ။ လမ်းများများလျှောက်ပါ။ လေ့ကျင့် ခန်းကို ပုံမှန်ပဲလုပ်ပါ။
( ၄ ) မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစိမ်းရောင် အသီးအရွက်တွေ၊ အခွံမာအစေ့အဆံတွေ များများစားပါ။
( ၅ ) ယောဂလေ့ကျင့်ခန်းတွေ၊ အကြောလျှော့လေ့ကျင့်ခန်းတွေ များများလုပ်ပါ။ စိတ်ဖိစီးစရာတွေကို မတွေးဘဲနေပါ။
၃ ။ ချက်အောက်ပိုင်းက အဆီများ
လူက ပိန်ပေမဲ့ ချက်အောက်ပိုင်းမှာ ဖြစ်နေတတ်တဲ့ ခပ်ပျော့ပျော့ အဆီပြင်တွေဖြစ်ပါတယ်။
ဖြစ်ပွားရတဲ့ အ ကြောင်းရင်းတွေက တော့ လတ်တလော ကလေးမီးဖွားထားခြင်း၊ စားသောက်မှု မူမမှန်ခြင်းနဲ့ ကျောရိုးမကြီးခုံးလွန်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ချက်အောက်ပိုင်းကအဆီတွေကို ဖယ်ရှားချင်တယ်ဆိုရင်…
( ၁ ) အမျှင်ဓာတ်များတဲ့အစားအစာတွေ များများစားပါ။
( ၂ ) ထိုင်ထ လေ့ကျင့်ခန်းကို စနစ်တကျလုပ်ပါ။ ထိုင်ထ လေ့ကျင့်ခန်းလုပ်ရာမှာ ကျောအောက်ပိုင်းကို အားစိုက်လွန်းရင် ကျောရိုးမကြီး ကွေးသွားပြီး အဆီဖြစ်စေပါတယ်။
( ၃ ) Gym ဆော့တဲ့အခါမှာ အောက်ပိုင်း၊ အပေါ်ပိုင်းတွေနဲ့ ပတ်သက်တဲ့လေ့ကျင့်ခန်းတွေကို မျှတအောင်ဆော့ပါ။
( ၄ ) ရေများများသောက်ပါ။ အသီးအရွက်တွေ၊ ငါးနဲ့ ကြက်သားများများစားပါ။
၄။ မီးဖွားပြီးနောက် ဖြစ်လာတဲ့ အဆီများ
က လေး မီးဖွားပြီးတဲ့ မိခင်တွေမှာ ဖြစ်တတ်ပြီး ကလေးမွေးပြီးတာတောင် အဆီတွေကြောင့် ဗိုက်ပူပြီး ကိုယ်ဝန်ဆောင်ထားသလို ထင်ရတတ်ပါတယ်။
ဖြစ်ပွားရတဲ့ အ ကြောင်းရင်းတွေ က တော့ ကလေးမီးဖွားပြီး သားအိမ်ကျခြင်း၊ မီးဖွားပြီး ၂လမပြည့်ခင် လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ တင်ပဆုံးတစ်ဝိုက်က ကြွက်သားတွေ အားနည်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ မီးဖွားပြီးနောက် ဖြစ်လာတဲ့ အဆီတွေကို ဖယ်ရှားချင်ရင်တော့…
( ၁ ) ငါးကြီးဆီစားပါ။
( ၂ ) ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေကိုပဲ စားပါ။ ဥပမာ – အစေ့အဆံတွေ၊ ဟင်းသီးဟင်းရွက်ဆီနဲ့ သံလွင်ဆီကိုပဲသုံးပါ။
( ၃ ) တင်ပဆုံကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေနဲ့ ဗိုက်ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ။
( ၄ ) မီးဖွားပြီးကာစမှာ ထိုင်ထ လေ့ကျင့်ခန်းတွေကို မလုပ်ပါနဲ့။
( ၅ ) နေ့လည်နေ့ခင်းတွေမှာ တ ရေး တ မော အိပ်ပါ။ အိပ်ရာမဝင်ခင် အ ကြော လျှော့လေ့ကျင့်ခန်းတွေလုပ်ပါ။
၅။ ဝမ်းဗိုက်တစ်ဝိုက်က အဆီပြင်များ
ခန္ဓာကိုယ်မှာ အဆီမရှိပေမဲ့ တစ်ခုခုစားပြီးချိန်၊ နေ့လည်နေ့ခင်းတွေမှာ အဆီတွေစုပြီး ဗိုက်ပူသလို ဖြစ်လာတတ်တာဟာ ဝမ်းဗိုက်တဝိုက်က inflated belly တွေကြောင့် ဖြစ်ပါတယ်။
ဖြစ်ပွားရတဲ့အ ကြောင်းရင်းတွေက တော့ အစားအစာဓာတ်မတည့်ခြင်း၊ အူလှုပ်ရှားမှုနှေးကွေးခြင်း၊ အစာချေဖျက်မှုမညီမျှခြင်းတိုကြောင့် ဖြစ်ပါတယ်။ Inflated belly တွေကို ဖယ်ရှားချင်တယ်ဆိုရင်….
( ၁ ) ခန္ဓာကိုယ်ကို ဝစေတဲ့ အစားအစာတွေ (ဥပမာ – ပေါင်မုန့်၊ ပါစတာ၊ ကိတ်၊ ဘီယာ၊ ချိစ်နဲ့ ထောပတ်) ကို ရှောင်ပါ။ ဒီအစားအစာတေကို ၂ပတ်လောက် လုံးဝရှောင်လိုက်ရင် ဗိုက်သိသိသာသာ ချပ်ရပ်သွားမှာပါ။
( ၂ ) လတ်ဆတ်တဲ့အသီးအနှံတွေ၊ အဆီမပါတဲ့အသားတွေ၊ ငါးတွေများများစားပါ။
( ၃ ) မနက်စာကို စားဖြစ်အောင်စားပါ။ ညနေစာလျှော့စားပါ။ အစာကို ဖြည်းဖြည်းနဲ့ ကျေညက်အောင် ဝါးစားပါ။ ရေများများသောက်ပါ။
( ၄ ) အစာချေစနစ်ကို ပုံမှန်လည်ပတ်စေတဲ့ အစားအစာတွေ (ဥပမာ – ဒိန်ချဉ်၊ ချဉ်တဲ့အသီးတွေ၊ ဂေါ်ဖီထုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ) များများစားပါ။ အစာအိမ်ကျန်းမာမှ ဝမ်းဗိုက်ချပ်ရပ် လှပမှာ ဖြစ်ပါတယ်။
( ၅ ) မနက်ခင်းတွေမှာ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းလုပ်ပါ။ အစာစားပြီးတိုင်း လမ်းခဏလျှောက်ပါ။
သူငယ်ချင်းတွေ သိစေဖို့ mention ခေါ်လိုက်ပါနော်။
# Credit#