က်မၼာေရး ဗဟုသုတ

ဂရင်ဂျီနာအတွက် ကြောက်စရာမလိုပါ

ဂရင်ဂျီနာအတွက် ကြောက်စရာမလိုပါ

ဂရင်ဂျီနာကြောက်စရာကောင်းလား

စ အို ဘေးတွင် အဖုပေါက်ပြီး ပြည်တည်သောအနာမျိုးဖြစ်သည်။{လိပ်ခေါင်းရောဂါ}မဟုတ်ပါ။

အူမကြီးအဆုံး မစင်အိတ်အတွင်းမှစ၍ဖြစ်သည်။တမာရွက် ပြုတ်ရည်တွင် ဆားခါး ကိုထည့်ဖျော်၍ဖန်ထိုင်ပေးလျှင်အနာကျက်မြန်သည်။

ကြက်မောက်ဆူးပြန်အပင် ကိုပြာချပြီးဆားချက်ပါ။ထိုဆားကို အနာအတွင်းသို့ဝင်အောင် ဝါးသီတံချောင်းဖြင့်ထည့်ပေးလျှင်အနာပျက်ပြီးအသားနုတက်မြန်စေသည်။(ထိုဆားကို ရုက္ခမူဆားဟုခေါ်သည်။)

သံပရာရည်နှင့် ပျားရည် ရောစပ်ပြီးအနာဝတွင်တို့ပေးလျှင်အကိုက်သက်သာစေသည်။ခွေးတောက်ရွက်ကို မီးကင်ပြီး အနာဝတွင်ကပ်ပေးပါ။

ကျားမနိုင်မြစ်ကိုသွေး၍အနာဝတွင်လိမ်းပေးပါ။ဟင်းနုနယ်ဆူးပေါက်( အရိုင်းပင်) ပြုတ်ရည်ဖြင့်အနာဝကို ဖန်ဆေးပေးပါ။

ကွမ်းရွက်နှင့်လေးညှင့်ပွင့် ပြုတ်ရည်သောက်ပါက အနာကြောင့် နာကျင်ကိုက်ခဲခြင်းကိုသက်သာစေသည်။

သက်ရင်းကြီးရွက်အနု ကိုပြုတ်၍စားလျှင် အနာကိုသက်သာစေပါသည်။ကြည်လွင်မြင့် (မုဒြာ)

[တစ်နည်း]ဂရင်ဂျီနာ ဆေးနည်း။ ။

ခရုမျက်ပြဲ (ခေါ်) လယ်ခရုအခွံ၅ ကျပ်သား သရက်ပင်အပွေး (အပေါ်ယံအခွံကြမ်း) ၅ ကျပ်သား

ကွမ်းသီး (ကွမ်းယာထဲထည့်သောကွမ်းသီး)၅ကျပ်သားဆေး၃ မျိုးရော၍ပြာနုရအောင်ပြာချပါ။ထိုပြာကိုအုန်းဆီနှင့်ဖျော်လိမ်းနိုင်သည်။ဂရင်ဂျီနာ အမြစ်ပြတ်ပျောက်ပါသည်။

ဆရာကျော်လင်းအောင်

ဂရင္ဂ်ီနာအတြက္ ေၾကာက္စရာမလိုပါ

ဂရင္ဂ်ီနာေၾကာက္စရာေကာင္းလား

စ အို ေဘးတြင္ အဖုေပါက္ၿပီး ျပည္တည္ေသာအနာမ်ိဳးျဖစ္သည္။{လိပ္ေခါင္းေရာဂါ}မဟုတ္ပါ။

အူမႀကီးအဆုံး မစင္အိတ္အတြင္းမွစ၍ျဖစ္သည္။တမာရြက္ ျပဳတ္ရည္တြင္ ဆားခါး ကိုထည့္ေဖ်ာ္၍ဖန္ထိုင္ေပးလၽွင္အနာက်က္ျမန္သည္။

ၾကက္ေမာက္ဆူးျပန္အပင္ ကိုျပာခ်ၿပီးဆားခ်က္ပါ။ထိုဆားကို အနာအတြင္းသို႔ဝင္ေအာင္ ဝါးသီတံေခ်ာင္းျဖင့္ထည့္ေပးလၽွင္အနာပ်က္ၿပီးအသားႏုတက္ျမန္ေစသည္။(ထိုဆားကို ႐ုကၡမူဆားဟုေခၚသည္။)

သံပရာရည္ႏွင့္ ပ်ားရည္ ေရာစပ္ၿပီးအနာဝတြင္တို႔ေပးလၽွင္အကိုက္သက္သာေစသည္။ေခြးေတာက္ရြက္ကို မီးကင္ၿပီး အနာဝတြင္ကပ္ေပးပါ။

က်ားမနိုင္ျမစ္ကိုေသြး၍အနာဝတြင္လိမ္းေပးပါ။ဟင္းႏုနယ္ဆူးေပါက္( အရိုင္းပင္) ျပဳတ္ရည္ျဖင့္အနာဝကို ဖန္ေဆးေပးပါ။

ကြမ္းရြက္ႏွင့္ေလးညႇင့္ပြင့္ ျပဳတ္ရည္ေသာက္ပါက အနာေၾကာင့္ နာက်င္ကိုက္ခဲျခင္းကိုသက္သာေစသည္။

သက္ရင္းႀကီးရြက္အႏု ကိုျပဳတ္၍စားလၽွင္ အနာကိုသက္သာေစပါသည္။ၾကည္လြင္ျမင့္ (မုျဒာ)

[တစ္နည္း]ဂရင္ဂ်ီနာ ေဆးနည္း။ ။

ခ႐ုမ်က္ျပဲ (ေခၚ) လယ္ခ႐ုအခြံ၅ က်ပ္သား သရက္ပင္အေပြး (အေပၚယံအခြံၾကမ္း) ၅ က်ပ္သား

ကြမ္းသီး (ကြမ္းယာထဲထည့္ေသာကြမ္းသီး)၅က်ပ္သားေဆး၃ မ်ိဳးေရာ၍ျပာႏုရေအာင္ျပာခ်ပါ။ထိုျပာကိုအုန္းဆီႏွင့္ေဖ်ာ္လိမ္းနိုင္သည္။ဂရင္ဂ်ီနာ အျမစ္ျပတ္ေပ်ာက္ပါသည္။

ဆရာေက်ာ္လင္းေအာင္