စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်း
စိုးရိမ်ပူပန်ခြင်းကို လူတိုင်းကြုံတွေ့ဖူးပါတယ်။ နေ့စဉ်ဘဝမှာ မမျှော်လင့်ဘဲ ကြုံလာတဲ့ အခြေအနေတွေ အပေါ် စိုးရိမ်ပူပန်မှုတော့ ရှိကြပါတယ်။ ဒါပေမယ့် လူတစ်ချို့ မှာတော့ စိုးရိမ်ပူပန်မှုကို မကြာခဏခံစားနေပြီး စိတ်ခံစားမှုသက်သက်တွင်မကဘဲ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ဖြစ်ပေါ်လာတတ်ပါတယ်။
ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကလည်း တခြားသော ရောဂါကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ တူနေတတ်ပါတယ်။ ဥပမာအားဖြင့် စိုးရိမ်ပူပန်မှုကြောင့် ရင်ဘတ်အောင့်တတ်ပါတယ်။ ရင်ဘတ်အောင့်တာဟာ ရုတ်တရက် နှလုံးထိခိုက်ခြင်းနဲ့ တခြားနှလုံးရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ မိမိက စိုးရိမ်ပူပန်မှု ကို မကြာခဏ ခံစားရတဲ့ သူဆိုရင် သူ့ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းကို သိထားသင့်ပါတယ်။
စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့် လက္ခဏာတွေက ဘာလဲ
စိုးရိမ်ပူပန်မှု လက္ခဏာဟာ လူတစ်ဦးခြင်းအပေါ်လိုက်ပြီး ကွာခြားပါတယ်။ လူတစ်ဦးထဲတောင်မှ တစ်ခါတရံ ခံစားရတဲ့လက္ခဏာတွေ မတူတတ်ပါဘူး။ဒီလိုပဲ စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းကလည်း ကွာခြားနိုင်ပါတယ်။တစ်ချို့တွေမှာ ပုံမှန် ခံစားရတတ်ပြီး တစ်ချို့တွေမှာတော့ ရုတ်တရက် မမျှော့လင့်ပဲ ခံစားရတတ်ပါတယ်။
စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တာကို ဖော်ပြလေ့ရှိတဲ့ ခံစားရတဲ့ လက္ခဏာတွေကတော့ –
• စူးခနဲအောင့်ခြင်း
• တောက်လျှောက် အောင့်နေခြင်း
• ရင်ဘတ်ကြွက်သားများ မူမမှန် လှုပ်ရှားမှုကို ခံစားရခြင်း
• ပူခြင်း၊ ထုံခြင်း
• ဓားနဲ့ ထိုးသလိုနာခြင်း
• ရင်ဘတ်တစ်ခုလုံး တင်းကျပ်နေခြင်း စတာတွေဖြစ်ပါတယ်။
ဘာကြောင့် စိုးရိမ်ပူပန်မှုဖြစ်တဲ့ အခါမှာရင်ဘတ်အောင့်ရသလဲ
စိုးရိမ်ပူပန်မှုကြောင့် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ ချွေးထွက်တာ အသက်ရှူမဝတာစသဖြင့်ပါ။ ဒါ့အပြင် စိုးရိမ်ပူပန်မှုကို တုန့်ပြန်တဲ့အနေနဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေကြောင့် ကြွက်သားတွေပိုပြီးတောင့်တင်းလာတတ်ပါတယ်။
စိုးရိမ်ပူပန်မှုကို မကြာခဏ ခံစားရတဲ့အခါမျိုးမှာ ရင်ဘတ်ကြွက်သားတွေဟာ တောက်လျှောက်တောင့်တင်းနေနိုင်ပါတယ်။ ဒါ့အပြင် နှလု့းခုန်မြန်ပြီး ညှစ်အားများလာတာကြောင့် ရင်ဘတ်နာလာရတာပါ။
အိမ်တွင်းကုထုံးများ
စိုးရိန်ပူပန်မှု ခံစားရတဲ့ အခါမှာသက်သာစေဖို့အိမ်တွင်းနည်းလမ်း တချို့ ရှိပါတယ်။ဒါတွေကတော့-
• အသက်ဝဝရှူခြင်း
• အခြေအနေကို လက်ခံခြင်း
• စိတ်ကူးထဲမှာ သာယာတဲ့ ရှူခင်းတစ်ခုကို ပုံဖော်ကြည့်ခြင်း
• စိတ်ဖြေလျှော့ပေးသော ဖုန်း app များသုံးခြင်း စတာတွေဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်ခန္ဓာကျန်းမာရေးကို ဂရုစိုက်ပေးခြင်းဖြင့်လည်း စိုးရိမ်ပူပန်မှုကြောင့် ရင်ဘတ်အောင့်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
KKMM kkmmarticle kkmmknowledge
ကျန်းကျန်းမာမာ
စိုးရိမ္ပူပန္မႈေၾကာင့္ျဖစ္တဲ့ ရင္ဘတ္ေအာင့္ျခင္း
စိုးရိမ္ပူပန္ျခင္းကို လူတိုင္းၾကဳံေတြ႕ဖူးပါတယ္။ ေန႔စဥ္ဘဝမွာ မေမၽွာ္လင့္ဘဲ ၾကဳံလာတဲ့ အေျခအေနေတြ အေပၚ စိုးရိမ္ပူပန္မႈေတာ့ ရွိၾကပါတယ္။ ဒါေပမယ့္ လူတစ္ခ်ိဳ႕ မွာေတာ့ စိုးရိမ္ပူပန္မႈကို မၾကာခဏခံစားေနၿပီး စိတ္ခံစားမႈသက္သက္တြင္မကဘဲ ႐ုပ္ပိုင္းဆိုင္ရာ လကၡဏာေတြပါ ျဖစ္ေပၚလာတတ္ပါတယ္။
ျဖစ္ေပၚလာတဲ့ လကၡဏာေတြကလည္း တျခားေသာ ေရာဂါေၾကာင့္ျဖစ္တဲ့ လကၡဏာေတြနဲ႔ တူေနတတ္ပါတယ္။ ဥပမာအားျဖင့္ စိုးရိမ္ပူပန္မႈေၾကာင့္ ရင္ဘတ္ေအာင့္တတ္ပါတယ္။ ရင္ဘတ္ေအာင့္တာဟာ ႐ုတ္တရက္ ႏွလုံးထိခိုက္ျခင္းနဲ႔ တျခားႏွလုံးေရာဂါေတြေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။ အကယ္၍ မိမိက စိုးရိမ္ပူပန္မႈ ကို မၾကာခဏ ခံစားရတဲ့ သူဆိုရင္ သူ႔ေၾကာင့္ျဖစ္တဲ့ ရင္ဘတ္ေအာင့္ျခင္းကို သိထားသင့္ပါတယ္။
စိုးရိမ္ပူပန္မႈေၾကာင့္ျဖစ္တဲ့ ရင္ဘတ္ေအာင့္ လကၡဏာေတြက ဘာလဲ
စိုးရိမ္ပူပန္မႈ လကၡဏာဟာ လူတစ္ဦးျခင္းအေပၚလိုက္ၿပီး ကြာျခားပါတယ္။ လူတစ္ဦးထဲေတာင္မွ တစ္ခါတရံ ခံစားရတဲ့လကၡဏာေတြ မတူတတ္ပါဘူး။ဒီလိုပဲ စိုးရိမ္ပူပန္မႈေၾကာင့္ျဖစ္တဲ့ ရင္ဘတ္ေအာင့္ျခင္းကလည္း ကြာျခားနိုင္ပါတယ္။တစ္ခ်ိဳ႕ေတြမွာ ပုံမွန္ ခံစားရတတ္ၿပီး တစ္ခ်ိဳ႕ေတြမွာေတာ့ ႐ုတ္တရက္ မေမၽွာ့လင့္ပဲ ခံစားရတတ္ပါတယ္။
စိုးရိမ္ပူပန္မႈေၾကာင့္ျဖစ္တဲ့ ရင္ဘတ္ေအာင့္တာကို ေဖာ္ျပေလ့ရွိတဲ့ ခံစားရတဲ့ လကၡဏာေတြကေတာ့ –
• စူးခနဲေအာင့္ျခင္း
• ေတာက္ေလၽွာက္ ေအာင့္ေနျခင္း
• ရင္ဘတ္ႂကြက္သားမ်ား မူမမွန္ လႈပ္ရွားမႈကို ခံစားရျခင္း
• ပူျခင္း၊ ထုံျခင္း
• ဓားနဲ႔ ထိုးသလိုနာျခင္း
• ရင္ဘတ္တစ္ခုလုံး တင္းက်ပ္ေနျခင္း စတာေတြျဖစ္ပါတယ္။
ဘာေၾကာင့္ စိုးရိမ္ပူပန္မႈျဖစ္တဲ့ အခါမွာရင္ဘတ္ေအာင့္ရသလဲ
စိုးရိမ္ပူပန္မႈေၾကာင့္ ခႏၶာကိုယ္မွာ ေျပာင္းလဲမႈေတြျဖစ္ေပၚလာပါတယ္။ ေခၽြးထြက္တာ အသက္ရႉမဝတာစသျဖင့္ပါ။ ဒါ့အျပင္ စိုးရိမ္ပူပန္မႈကို တုန႔္ျပန္တဲ့အေနနဲ႔ ကိုယ္တြင္းဇီဝျဖစ္စဥ္ေျပာင္းလဲမႈေတြေၾကာင့္ ႂကြက္သားေတြပိုၿပီးေတာင့္တင္းလာတတ္ပါတယ္။
စိုးရိမ္ပူပန္မႈကို မၾကာခဏ ခံစားရတဲ့အခါမ်ိဳးမွာ ရင္ဘတ္ႂကြက္သားေတြဟာ ေတာက္ေလၽွာက္ေတာင့္တင္းေနနိုင္ပါတယ္။ ဒါ့အျပင္ ႏွလု႔းခုန္ျမန္ၿပီး ညႇစ္အားမ်ားလာတာေၾကာင့္ ရင္ဘတ္နာလာရတာပါ။
အိမ္တြင္းကုထုံးမ်ား
စိုးရိန္ပူပန္မႈ ခံစားရတဲ့ အခါမွာသက္သာေစဖို႔အိမ္တြင္းနည္းလမ္း တခ်ိဳ႕ ရွိပါတယ္။ဒါေတြကေတာ့-
• အသက္ဝဝရႉျခင္း
• အေျခအေနကို လက္ခံျခင္း
• စိတ္ကူးထဲမွာ သာယာတဲ့ ရႉခင္းတစ္ခုကို ပုံေဖာ္ၾကည့္ျခင္း
• စိတ္ေျဖေလၽွာ့ေပးေသာ ဖုန္း app မ်ားသုံးျခင္း စတာေတြျဖစ္ပါတယ္။
ဒါ့အျပင္ ကိုယ္ခႏၶာက်န္းမာေရးကို ဂ႐ုစိုက္ေပးျခင္းျဖင့္လည္း စိုးရိမ္ပူပန္မႈေၾကာင့္ ရင္ဘတ္ေအာင့္နိုင္ေျခကို ေလၽွာ့ခ်ေပးနိုင္ပါတယ္။
KKMM kkmmarticle kkmmknowledge
က်န္းက်န္းမာမာ