ၾကားသိရသမွ်

လက်ထပ်ပြီး နှစ်ပေါင်း30အကြာမှ မောင်နှမဖြစ်နေမှန်းသိခဲ့ရတဲ့လင်မယားရဲ့ အဆုံးသတ်မလှခဲ့တဲ့အဖြစ်

ဘဝဆိုတာက အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတာ ခန့်မှန်းလို့မရပါဘူး ။ ဘယ်လောက်ပဲ ချစ်လွန်းအားကြီးတဲ့စုံတွဲဖြစ်နေပါစေ ခန့်မှန်းလို့မရတဲ့အရာတစ်ခုကြောင့် လမ်းခွဲသွားရတာမျိုးတွေရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက @ibcig အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က သူ၏ဆရာမဖြစ်သူရဲ့ စုံတွဲအကြောင်းကို ဝေမျှသွားခဲ့ပါတယ် ။ အဆိုပါစုံတွဲဟာ မင်္ဂလာသက်တမ်း နှစ် 30 ရှိနေပြီဖြစ်ပြီး ၊ သားသမီးများလည်းရှိနေကာ ၊ မြေးများပင်ရနေပြီဖြစ်တဲ့ စုံတွဲဖြစ်ကြောင်းသိရှိရပါတယ် ။ ၎င်းတို့ဟာ အတော်လေးချစ်ခင်ကြင်နာကြတဲ့စုံတွဲဖြစ်ပေမဲ့လည်း မကြာသေးခင်ကမှ ဖအေတူမအေကွဲ မောင်နှမတွေဖြစ်မှန်းသိခဲ့ကြတဲ့အတွက် လမ်းခွဲခဲ့ရပါတယ် ။

ဖြစ်စဉ်ကတော့ ၎င်းတို့ရဲ့ဖခင်ဖြစ်သူဟာ ကုန်တင်ကားမောင်းနှင်သူတစ်ဦးဖြစ်တဲ့အတွက် အလုပ်အရ မလေးရှားနိုင်ငံမြို့အတော်များများကို အမြဲသွားလာနေရသူဖြစ်တဲ့အတွက် ဘယ်သူမှမသိအောင် တိတ်တဆိတ်ခိုးပြီးလက်ထပ်ခဲ့ပါတယ် ။ ထို့ကြောင့် Terengganu ပြည်နယ်မှာရှိတဲ့ ဇနီးနဲ့ Johor ပြည်နယ်မှာရှိတဲ့ ဇနီးသည် နှစ်ဦးလုံးက အဆိုပါအဖြစ်ကိုလုံးဝရှာမတွေ့နိုင်လောက်ဘူးလို့ တွေးထင်နေခဲ့ပုံရပါတယ် ။ ထို့အပြင် အဆိုပါစုံတွဲရဲ့ဖခင်ဖြစ်သူမှာလည်း ၎င်းတို့မူလတန်းအရွယ်ကတည်းက သေဆုံးသွားခဲ့တာဖြစ်တဲ့အတွက် အဆိုပါကိစ္စကို ၎င်းတို့လုံးဝသိရှိခဲ့ခြင်းမျိုးမရှိပါဘူး ။

အစပိုင်းမှာတော့ ၎င်းတို့ရဲ့ဖခင်ဖြစ်သူနာမည်ဟာ ဆင်တူနေခဲ့တဲ့အတွက် တိုက်ဆိုင်တယ်လို့သာ တွေးထင်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်းတစ်ရက်မှာတော့ ခင်ပွန်းဖြစ်သူဟာ ၎င်း၏ဖခင်ဓာတ်ပုံကို ယောက္ခမအားပြသလိုက်ချိန်မှာတော့ ၎င်းတို့ရဲ့ဘဝဟာ လုံးဝကိုဇောက်ထိုးမိုးမျှော် သလိုဖြစ်သွားခဲ့ရပါတယ် ။ ထို့အပြင် ၎င်းတို့စုံတွဲဟာ ဖအေတူမအေကွဲမောင်နှမတော်စပ်ကြောင်းသိလိုက်ရချိန်မှာတော့ သားသမီး ၊ မြေးတွေရှိနေပြီဆိုပေမဲ့လည်း နောက်ဆုံး ဆက်ပြီးလက်တွဲသွားဖို့မဖြစ်နိုင်တော့တဲ့အတွက် လမ်းခွဲခဲ့ကြရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Elderly couple holding hands, close-up of hands