လူလုပ်တဲ့ အန္တရာယ် နဲ့ သဘာဝ ဘေးအန္တရာယ်အတွက်လည်း ပြင်ဆင်ပါ
မြန်မာပြည် မိုးခေါင်ရေရှားဖြစ်ကာ မိုးနောက်ကျ လို့ စိုက်ခင်းတွေ ပျက်စီးခဲ့တာ ၃ နှစ် ဆက်တိုက် ရှိလာပါပြီ
မြေပြင် အပူချိန် ပြောင်းလဲမှု အပေါ်က ရေငွေ့ပါတဲ့ မုန်တိုင်းလေစီးကြောင်းတွေက မြန်မာပြည်ကို ရေငွေ့ မသယ်ဘဲ အိန္ဒိယ ဖက်ကို သွားနေခဲ့လို့ ဖြစ်ပါတယ်
၂၀၂၁ ခုနှစ် တိုင်းတာ ချက်များအရ လေစီးကြောင်းများ နာရီ လက်တံ အတိုင်း လည်ပတ်နေလို့ မြန်မာပြည်ထဲကို ပြင်းထန်တဲ့ မုန်တိုင်းတွေ လာနိုင်သလို
၂၀၁၅ တုံးကလို ရေကြီးနိုင်တဲ့ အခြအနေ တွေ့နေရသလို မိုးဉီးလည်းစောနိုင်ပါတယ်
အမျှော်အမြင် မရှိသူတွေ ဖုန်းအင်တာနက် သာမက ဝိုင်ဖိုင် အင်တာနက်တွေပါ သုံးခွင့်မပြုရင် အရေးပေါ်အခြေအနေ အတွက် ခန့်မှန်းခက် မသိနိုင်ရင်
လူဖန်တီးတဲ့ ဘေးအန္တရာယ် အပြင် မိုးကြီး ရေကြီး တောင်ပြို ကာ လူတွေ ပြေးကြ ပုန်းကြ နဲ့ အချို့တွေ သေကြအုံးမယ်
ဘယ်လို အခြအနေ ဖြစ်ပါစေ ကြိုတင် ပြင်ဆင်ထားကြပါ
အရေးကြီး စာရွတ် စာတမ်းများနဲ့ ငွေသား အနည်းငယ် ကို ပလပ်စတစ်အိပ်ထူထူထဲ ထဲ့ထားပါ
အခြောက်လှမ်းထားသော စားစရာများ လက်နဲ့ သယ်နိုင်တဲ့ အိပ်တလုံးတွင် ထဲ့ထားပါ
သုံးနေကြ ဆေးဝါး နဲ့ အရေးပေါ်အတွက် ဆေးဝါး ပြင်ဆင်ထားပါ
လက်နှိပ် ဓါတ်မီး နဲ့ ဓါတ်ခဲ ရှာထားပါ နှာခေါင်းစည်း နဲ့ လက်ဆေးဖို့ သယ်သွားပါ
အဝတ်အစား ၂ စုံ ရွေးထားပါ အမျိုးသမီး ဆိုရင် ရာသီသုံး မမေ့နဲ့
ဖုန်းဓါတ်အား အပို နဲ့ သွင်းစက် ရေဒီယို နဲ့ ဝီစီ တခု အိပ်ဆောင်ဓါးသေး တလက် ဖယောင်းတိုင်နဲ့ မီးခြစ် ကြိုတင်ပြင်ဆင်ထားပါ
U Htay Tint
U Htay Tint