ၾကားသိရသမွ်

စားဝတ်နေရေးအတွက် ငှက်ပျောထုပ်နှင့်မုန့်ဖက်ထုပ်တို့ကို ညသန်းခေါင်ထိ ဝင်ငွေရှာနေတဲ့ အဖိုးအဖွားဇနီးမောင်နှံ

စားဝတ်နေရေးအတွက် ငှက်ပျောထုပ်နှင့်မုန့်ဖက်ထုပ်တို့ကို ညသန်းခေါင်ထိ ဝင်ငွေရှာနေတဲ့ အဖိုးအဖွားဇနီးမောင်နှံ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေထိုင်သော အသက်၈၀ကျော်အရွယ်အဖိုးအဖွားဇနီးမောင်နှံနှစ်ဦးသည်သားသမီးတွေမရှိတော့သည့်အတွက်စားဝတ်နေရေးအတွက်ကို မုန့်ဖက်ထုပ်၊ကောက်ညှင်းထုပ်နှင့် ငှက်ပျောထုပ်တို့ကို ကိုယ်တိုင်လုပ်ကာ စွမ်ဒေါ့ဆေးရုံရှေ့နားလေးတွင် နေ့စဉ်ရောင်းချခြင်းဖြင့်အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။

အဖိုးအဖွားဇနီးမောင်နှံသည် အသက်ကြီးပြီဖြစ်သော်လည်း အနားယူခြင်းမရှိပဲ တတ်စွမ်းသည့်အရည်အချင်းကို ကောင်းမွန်စွာ အသုံးချကာ မုန့်ဖက်ထုပ်လေးတွေကို ပြုလုပ်ရောင်းချရာတွင် ဝယ်သူများအပေါ် စေတနာထားကာ နောက်ရက်အကျန်ဖြစ်မည်စိုး၍ မကုန်မချင်း ညသန်းခေါင်ရောက်သည်ထိကို ရောင်းချခဲ့သည်။

ညသန်းခေါင်ထိဖြစ်သည့်အတွက် အဖိုးအဖွားမှာ ပင်ပန်းလွန်းသည့်အခါအိပ်ငိုက်တာမျိုးဖြစ်လာရင်တစ်ယောက်တစ်လှည့်စီရောင်းချခြင်းဖြင့် ငွေကြေးမချမ်းသာသော်လည်း စိတ်တူကိုယ်တူ နွေးထွေးကြင်နာမှုလေးတွေရှိသည့်အတွက် စိတ်ဓာတ်ကျခြင်းမရှိပဲ ပျော်ရွှင်စွာဖြတ်သန်းလျက်ရှိသည်။

zawgyi

စား၀တ္ေနေရးအတြက္ ငွက္ေပ်ာထုပ္ႏွင့္မုန္႔ဖက္ထုပ္တို႔ကို ညသန္းေခါင္ထိ ဝင္ေငြရွာေနတဲ့ အဖိုးအဖြားဇနီးေမာင္ႏွံ

ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ ေနထိုင္ေသာ အသက္၈၀ေက်ာ္အ႐ြယ္အဖိုးအဖြားဇနီးေမာင္ႏွံႏွစ္ဦးသည္သားသမီးေတြမရွိေတာ့သည့္အတြက္စားဝတ္ေနေရးအတြက္ကို မုန္႔ဖက္ထုပ္၊ေကာက္ညႇင္းထုပ္ႏွင့္ ငွက္ေပ်ာထုပ္တို႔ကို ကိုယ္တိုင္လုပ္ကာ စြမ္ေဒါ့ေဆး႐ုံေရွ႕နားေလးတြင္ ေန႔စဥ္ေရာင္းခ်ျခင္းျဖင့္အသက္ေမြး၀မ္းေက်ာင္း ျပဳခဲ့သည္။

အဖိုးအဖြားဇနီးေမာင္ႏွံသည္ အသက္ႀကီးၿပီျဖစ္ေသာ္လည္း အနားယူျခင္းမရွိပဲ တတ္စြမ္းသည့္အရည္အခ်င္းကို ေကာင္းမြန္စြာ အသုံးခ်ကာ မုန္႔ဖက္ထုပ္ေလးေတြကို ျပဳလုပ္ေရာင္းခ်ရာတြင္ ဝယ္သူမ်ားအေပၚ ေစတနာထားကာ ေနာက္ရက္အက်န္ျဖစ္မည္စိုး၍ မကုန္မခ်င္း ညသန္းေခါင္ေရာက္သည္ထိကို ေရာင္းခ်ခဲ့သည္။

ညသန္းေခါင္ထိျဖစ္သည့္အတြက္ အဖိုးအဖြားမွာ ပင္ပန္းလြန္းသည့္အခါအိပ္ငိုက္တာမ်ိဳးျဖစ္လာရင္တစ္ေယာက္တစ္လွည့္စီေရာင္းခ်ျခင္းျဖင့္ ေငြေၾကးမခ်မ္းသာေသာ္လည္း စိတ္တူကိုယ္တူ ေႏြးေထြးၾကင္နာမႈေလးေတြရွိသည့္အတြက္ စိတ္ဓာတ္က်ျခင္းမရွိပဲ ေပ်ာ္႐ႊင္စြာျဖတ္သန္းလ်က္ရွိသည္။