ၾကားသိရသမွ်

အင်းယားကန်ဘောင်ရှေ့ တံတားဖြူမှတ်တိုင်အနီးမှာ ဖြစ်ပျက်နေတာ အားလုံး ဂရုစိုက်ကြပါ









ကိုယ်တွေအလုပ်ကိစ္စလည်းရှိနေတာမို့ မြန်မြန်ပြတ်ချင်တာမို့လျော်ဖို့ စပြောတာ ၂ သိန်းပါတဲ့🤬😡

နောက်ဆုံရ ၇သောင်းနဲ့ဈေးပေးခဲ့ရတာပါ



unicode

အတွေ့အကြုံလေး တစ်ခု ဂရုစိုက်သတိထားဖို့ share ပေးပါရစေ

ပြည်လမ်း အင်းယားကန်ဘောင်ရှေ့ တံတားဖြူမှတ်တိုင်အနီးတွင် အောက်ဖော်ပြပါဓာတ်ပုံပါလူများ လုပ်စားနေတာပါ

Platform ရှိရဲ့နဲ့ အပေါ်တတ်မလျှောက်ပဲ ကားလမ်းပေါ်ဆင်းလျှောက်ပြီးကို အသားအနာခံပြီး ကားကိုတမင်ဝင်တိုက်တာပါ ကားရဲ့ back မှန် ကျိုးတဲ့အထိ

သူတို့ကတိုက်ပြီး အခုလိုတွေ လမ်းမပေါ်သရုပ်ဆောင်တော့တာပါပဲ ( acting ကတော့ လူကြမ်းမင်းသားတွေထိုင်ငိုလောက်ပါရဲ့)

သူတို့က သရုပ်ဆောင်ကောင်းချက် ဘေးကဖြတ်သွားတဲ့သူတွေကတောင်သနားပြီး ဆေးရုံပို့ပေးပါလို့ပြောယူကျပါတယ်

ဆေးခန်းလာပြတာပါ ဗိုက်ခွဲထားပါတယ်ဆိုပြီး ဆေးစာရွက်တွေလည်းထုတ်ပြပြီး Drama စခင်းပါတယ်

ဘယ်မော်တော်ပီကယ်မှ ခေါ်မရပါဘူး မြို့နယ်တစ်ခုပြီးတစ်ခု ပုတ်လွှတ်ပါတယ် နောက်ဆုံးက အစောင့်အရှောက်မပါပဲ နယ်မြေမဆင်းနိုင်ပါဘူးတဲ့

လျော်ကြေးနည်းနည်းပါးပါးပေးပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းလိုက်ပါတဲ့

ကိုယ်တွေအလုပ်ကိစ္စလည်းရှိနေတာမိို့ မြန်မြန်ပြတ်ချင်တာမို့လျော်ဖို့ စပြောတာ ၂ သိန်းပါတဲ့🤬

နောက်ဆုံရ ရသောင်းနဲ့စျေးပေးခဲ့ရတာပါ

လမ်းမှန် မောင်းရဲ့သားနဲ့ ကိုယ်ကမမှားပဲ ဘာမှလျော်စရာမဟုတ်ပဲ လျော်ခဲ့ရတာပါ

Courtesy – Khaing Zarchi Win