ၾကားသိရသမွ်

အစောင့်ကပ်လာတယ် (၃မိနစ်ပဲကြာမှာပါ ဖတ်ကြည့်စေချင်ပါတယ်)

ဂါထာတော်ကိုတစ်ခုဆိုတစ်ခု စွဲစွဲမြဲမြဲရွတ်ပူဇော်သင့်တယ်။ အစောင့်ကပ်လာတယ် (၃မိနစ်ပဲကြာမှာပါ ဖတ်ကြည့်စေချင်ပါတယ်)

ကျနော်၈တန်း၉တန်းလောက်ကပေါ့၊ လူငယ်ဆိုတော့ဘယ်ဂါထာကောင်းနိုးနိုး လူကြီးတွေပြောတဲ့ ဂါထာစာအုပ်တွေထဲကဂါထာတွေ အကုန်ရှောက်ရွတ်တယ်။ ပုတီးလည်းအမြဲစိတ်တယ်။ နောက်တော့မဟုတ်သေးပါဘူး ငါတစ်ခုပဲစွဲစွဲမြဲမြဲလုပ်တော့မယ်ဆိုပြီး ကိုယ့်ကြိုက်တာရွေးတော့ ဂုဏ်တော်ကိုးပါးရယ်၊ သမ္ဗုဒ္ဓေရယ်၊ သရဏဂုံရယ်သုံးခုပဲရွတ်တယ်။

အဲဂါထာသုံးခုကို တစ်ခုပြီးတစ်ခုရွတ်နေတာ ဟိုဟာပြီးဒါရွတ် ဒါပြီးဟိုဟာရွတ်ပေါ့။ နောက်တော့သုံးခုထဲကတစ်ခုရွေးမယ်ပေါ့။ အဲတာနဲ့ညအိပ်ခါနီးဘုရားတိုင်တည် အထက်အဘတွေတိုင်တည်။ (အဲဒီတုန်းကအဘတွေဆိုတာ အဘဘိုးမင်းခေါင်ပဲသိတာ အဘပဲတိုင်တည်တာပေါ့)

ပြီးအိပ်တော့အိပ်မက်ထဲမှာ ကိုယ်ကလယ်ကွင်းကြီးတစ်ကွင်းထဲရောက်နေတာ။ အဲဒီမှာပဲဘာကောင်းကြီးလဲမသိဘူး အမွှေးရှည်ခြေလက်ရှည်ကြီးနဲ့ ကိုယ့်ဆီတန်းတန်းပြေးလာတာ ကိုယ့်ကလဲကြောက်ကြောက်နဲ့ပြေးလို့ကလဲမရ အဲဒီမှာပဲအသံကြားတယ်။

သားရေတဲ့၊ဘုရားစာရွတ်ပါတဲ့။ အသံပဲကြားတာလူမမြင်ဘူး။ သမ္ဗုဒ္ဓေစရွတ်တယ် အကောင်ကြီးကပြေးလာရင်းတန်းရပ်သွားတာ။ ပြီးတော့ရပ်ကြည့်နေတယ်။ ကိုယ့်လဲဆက်မရွတ်ဘူး။ သူကြောက်ပြီးပြန်ကြည့်နေတုန်း ဗြန်းဆိုပြန်ပြေးလာရော အဲဒီမှာဂုဏ်တောရွတ်တော့ တစ်ခါရပ်ပြီးကြည့်နေပြန်ရော။ ကိုယ့်ကလဲမောတော့ရပ်တော့ တန်းပြေးလာတာပဲ ကိုယ့်ဆီရောက်ဖို့နီးနီးလေးပဲလို့တယ်။

ကိုယ့်လဲအရမ်းကြောက်ပြီး လက်အုပ်ချီသရဏဂုံရွတ်လိုက်တော့ ဝုန်းဆိုအကောင်ကြီး နောက်ကိုလွင်ထွက်သွားတယ်။ ပြီးတော့မီးတော့လောင်နေတယ် အဲဒီမှာပဲလန့်နိုးလာတယ်။ ဒါပေမဲ့ပါးစပ်က သရဏဂုံရွတ်တုန်း။

အဲဒီနောက်ပိုင်းတော့ ပုတီးစိတ်လည်းသရဏဂုံပဲရွတ်တယ်။ အမြဲတိုင်းလိုလိုသရဏဂုံရွတ်တော့တယ်။ အဲဒီမှာတစ်ခုပြောချင်တာက ဘုရားဂါထာပဲအတူတူပဲ။ ဘာလိုမတူတာလဲပြောလိမ်မယ်။ ဘုရားဂါထာကအတူတူပဲ။ အားလုံးကအတူတူစွမ်းကြပါတယ် ဒါပေမဲ့မတူတာရှိပါတယ်။

ကျနော်ငယ်ငယ်ကတိုင် အဖွားကဘယ်သွားသွားဘယ်လာလာ ရတနာမြတ်သုံးပါးမမေ့ရဘူးဆိုပြီး သရဏဂုံပဲအမြဲတိုင်ပေးတယ်ချပေးတယ်။ ကိုယ့်လဲအားတိုင်းရွတ်တယ်။ ကြာတော့ထုံလာတာပေါ့။ အစကတိုင်ရွတ်လာတော့ ဒုက္ခရောက်တဲ့အချိန်ကြတော့ ထုံလာအောင်ရွတ်တဲ့ဂါထာတန်းခိုးကြောင့် ကွင်းလုံးကျွတ်လွတ်တာပါပဲ။

အရေးကြုံမှရွတ်တာနဲ့ ကိုယ့်အမြဲထုံအောင်ရွတ်လာတာနဲ့ကွာတာပါ ဘုရားဂါထာတွေအတူတူပါပဲ ဒါကအိမ်မက်ထဲမှာပါ။ အပြင်မှာလဲကားနဲ့တိုက်ခံရဘူးတယ်။ ဆိုင်ကယ်နဲ့အတိုက်ခံရဘူးတယ်။ ကိုယ့်ကဘာမှမဖြစ်ဘူး ခြစ်ရာတောင်မဖြစ်ဘူး ကိုယ့်နဲ့ပါတဲသူ့က သွေးထွက်သံယိုဖြစ်တယ်။ ကျနော်ပြောချင်တာက ဘာပဲရွတ်ရွတ်တစ်ခုပဲတစ်ခုပဲရွတ်ပါ။

ရွတ်တာများလို့ထုံလာရင် အကျိုးများပါတယ် ကိုယ်တိုင်ကြုံမှယုံကြပါစေ။ အဲလိုဂါထာတစ်ခုကို စွဲမြဲစွာရွတ်ဖက်ပူဇော်လာတော့ ကြာတော့ထုံလာပြီး ဂါထာရွတ်ဖတ်ပူဇော်သူမှာ အစောင့်ကပ်လာပါတယ်။ (အရေးကြုံမှရွတ်ဖတ်သူကို သူဒုက္ခနေတဲ့နေရာက သက်ဆိုင်ရာပုဂ္ဂိုလ်က ကူညီစောက်ရှောက်ပါတယ်)

ဥပမာအဲနားက ရုက္ခစိုးနတ်၊ ဘုက္ခစိုးနတ်၊ ကွင်းပိုင်၊အာကာသစိုးနတ် စသောနတ်ကောင်းနတ်မြတ်တွေက စောက်ရှောက်တာပဲ။ မစောက်ရှောက်လို့မရပါဘူး ဘာလို့လဲဆိုတော့ အဲလိုဒုက္ခနေရောက်တဲ့သူက ဘုရားဂုဏ်တော်ကို အရေးကြုံသော်လည်း သူယုံကြည်ပြီးအန္တာရာယ်မှလွတ်ကင်းရအောင်

ရွတ်ဖတ်သူကိုမစောက်ရှောက်တဲ့ အဲနေရာကရုက္ခစိုးနတ်၊ ဘုက္ခစိုးနတ်၊ အာကာသစိုးနတ်တွေကို အထက်နတ်တွေက နတ်သဘင်အစည်းအဝေးကို တက်ခွင့်မပေးဘူးတဲ့။ အဲလို့မတတ်ရတော့ သူတို့ဖြစ်နေတဲ့ဒုက္ခတွေ အခက်အခဲတွေကို နတ်သဘင်အစည်းအဝေးမှာ ချပြအကူအညီတောင်းခွင့်မရှိတော့ဘူး။

ကျနော်ဖတ်ဘူးတဲ့ဘုရားစာအုပ်ထဲက အကြောင်းတစ်ခုပြောပြပါရစေ။ တစ်ခါကသာဝတ္ထိပြည့်မှမိန်းမတစ်ယောက်သည် တခြားမြို့ကသူအကိုဆီသွားလည့်ဖို့ သူခင်ပွန်းဆီခွင့်တောင်းတယ်။

သူခင်ပွန်းကကိုယ့်ဝန် အရင့်အမာကြီးနဲ့မို့မသွားဖို့၊ ကလေးမီးပွားပြီးမှသွားဖို့ နားချတယ်၊မရဘူး။ သူအကိုဆီသွားတာပဲပေါ့။ အဲတာနဲ့သူခင်ပွန်းက သူကတော့ကုန်ရောင်းကုန်ဝယ်သွားစရာရှိလို့ လိုက်ပို့မယ်၊နောက်မှ ပြန်လာခေါ်မယ်ဆိုပြီးလိုက်ပို့တယ်။

အဲမှာဘုရားရှင်က အဲအမျိုးသမီးရဲ့အဖြစ်ကို၎င်း၊ သူခလေးကနောင်တစ်ချိန်မှာ သာသနာတော်မှာထင်းရှားတဲ့ ရဟန္တာမထေရ်ဖြစ်မယ်ဆိုတာကို မြင်တော်မူပြီး ချီးမြှောက်ဖို့လမ်းကစောင့်ပြီး အလှူခံတော်မူတယ်။ လမ်းမှာလင်မယားနှစ်ယောက်လုံး ဘုရားနဲ့တွေ့တော့ လှူဖွယ်ပစ္စည်းလှူပြီး ဘုရားရှင်ကငါးပါးသီလနဲ့တကွ သရဏဂုံသုံးပါးကို တည်ဆောက်ခိုင်းပြီး ဘယ်လို့ဘေးအန္တရာယ်နဲ့တွေ့တွေ့ သရဏဂုံသုံးပါးကို မမေ့ဖို့မှာကြားပြီး ကြွတော်မူတယ်။

သူတို့လဲသူအကိုဆီရောက်တော့ သူခင်ပွန်းကထားပြီးပြန်သွားတယ်။ အဲမှာသူအကိုက ဘာမှမဖြစ်ပေမဲ့ အကိုမိန်းမသူညီမဆီက လက်ဝတ်ရတနာတွေကိုလိုချင်လို့ သူခင်ပွန်းကိုနည်းပေါင်းစုံနဲ့ မြူစွယ်တော့ရသွားတယ်။ အဲမှာသူအကိုက ညီမရေဟိုဘက်ရွာမှာ အဖေတို့အမေတို့ရှိစဉ်က ရစရာရှိတဲ့အကြွေးတွေ သွားတောင်းရအောင်။

ငါ့ညီမပြန်အကိုပေးမယ်ပေါ့။ ညီမလဲမလိုက်ဘူးပေါ့။ ကိုယ့်ဝန်အရင့်အမာကြီးနဲ့ အကိုကဇွတ်အတင်းခေါ်တော့ပါသွားတယ်။ အဲတာတောထဲရောက်တော့ တွန်းချလိုက်ပြီးနင်ကိုသတ်ပြီး ပစ္စည်းတွေယူမယ်ပေါ့။ ညီမလုပ်သူက ကိုယ့်ဝန်အရင့်အမာကြီးနဲ့မို့ မလုပ်ပါနဲ့။ အကို့တူလေးကိုလဲ သနားပါအုံးပေါ့။

ဟိုကလဲမစိတ်မွှန်းနေတာမရဘူး သေတော့ဆိုပြီးဓားနဲ့ခုတ်မို့အချိန် သူညီမကလဲကြောက်လန်ပြီး “ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ” ဆိုပြီးလက်အုပ်ချီ မျက်လုံးမိတ်ပြီးရွတ်ဖက်ပူဇော်လိုက်တယ်။

အဲအချိန်မှာသစ်ပင်ကြီးနောက်က သူညီမရဲ့ခင်ပွန်းကဓားကြီးဆွဲပြီး မင်းသေပေတော့ဆိုပြီးပြေးလာတာ ဟိုကလဲချက်ချင်းပေါ်လာတာဆိုတော့ ကြောက်လန်ပြီးထွက်ပြေးသွားတယ်။ အဲတာလင်မယားနှစ်ယောက်လုံးပြန်လာတော့ ညမိုးချုပ်တော့မြို့တံခါးပိတ်သွားလို့ သာဝတ္ထိပြည့်အပြင်က ဇရပ်မှာညအိပ်ကြတယ်။

အဲညမှာခလေးမီးဖွားတယ် သူလဲမနက်မိုးလင်းတော့ သူခင်ပွန်းဘယ်ရောက်သွားလဲပေါ့။ ခေါ်ကြည့်လိုက်ကြည့်တော့လဲမတွေ့ဘူး။ အဲအချိန်မှာပဲလူတစ်ယောက် သူဆီတန်းတန်းလာနေတာတွေ့တယ်။ အနီးကပ်ကြမှသူခင်ပွန်းဖြစ်နေတယ်။ သူလဲမေးတာပေါ့၊ ဘယ်သွားနေတာလဲပေါ့။ သူလည်းအံ့သြနေတာ။ ငါအခုမှလာတာပေါ့ အခုညကအိမ်မက်မက်လို့ ဇရပ်မှာလာခေါ်တာ။ ဒါဆိုညကကျမခင်ပွန်းကဘယ်သူလဲပေါ့။

လမ်းမှာလဲစောက်ရှောက်လာတာပေါ့။ ဒါနဲ့ဘုရားဆီသွားပြီး ဖြစ်ကြောင်းကုန်စင်လျှောက်တော့ ဘုရားရှင်ကသရဏဂုံသုံးပါးကို ရွတ်ဖက်ပူဇော်သူဟာ ဘုရားရဲ့သားသမီးမြည်တယ်။ အဲလိုသရဏဂုံသုံးပါးကို ရွတ်ဖတ်ပူဇော်တဲ့သူကို ဒုက္ခရောက်နေရင် နတ်ကောင်းနတ်မြတ်တွေစောက်ရှောက်ရတယ်။

ညကချစ်သမီးကို လမ်းခရီးမှာကော့ လိုက်ပြီးစောက်ရှောက်တဲ့သူဟာ အဲတောမှာနေထိုင်တဲ့ ရုက္ခစိုးနတ်ဖြစ်တယ်။ သရဏဂုံသုံးပါးကို ရွတ်ဖတ်ပူဇော်တဲ့သူ ဒုက္ခရောက်နေတာကိုမကူညီရင် အဲနတ်ကိုအထက်နတ်တွေက နတ်သဘင်အစည်းအဝေးကို တက်ခွင့်မပေးဘူး။

ကိုယ့်နေထိုင်ရာပတ်ဝန်းကျင်မှာ သူတော်ကောင်းတွေ ဒုက္ခရောက်နေရင် အဲပတ်ဝန်းကျင်ကနတ်တွေက ဝိုင်းဝန်ကူညီရမယ်လို့ အထက်နတ်တွေက စည်းကမ်းချက်ချထားတယ်လို့ မိန့်တော်မူတယ်။ စွဲမြဲစွာရွတ်ဖက်ပူဇော်လာတဲ့သူနဲ့ အကျိုးပေးမတူပါဘူး။

ဘာကွာလဲဆိုတော့ စွဲမြဲစွာရွတ်ဖက်ပူဇော်လာကြာလာတာနဲ့အမျှ ဂါထာထုံလာပြီးဆိုရင် အဲဒီလူကိုအမြဲစောင့်ရှောက်မဲ့ အစောင့်ပုဂ္ဂိုလ်ကစောင့်ပါပြီး ဘာလို့လဲဆိုတော့ သူ့ခန္ဓာမှာဂုဏ်တော်ရဲ့သတ္တိတွေ၊ အစွမ်းတွေ၊ဘုရားရဲ့ဂုဏ်တော်တွေ ထုံလာတာနဲ့အမျှကိန်းအောင်းနေလိုပါ။

တစ်ခုရှိတာက စွဲမြဲစွာထုံအောင်ရွတ်ဖတ်တဲ့သူက ဘာအကြောင်းနဲ့မှ ရက်ပြတ်လို့မရပါဘူး။ ဥပမာလည်နေတဲ့ ပန်ကာကတစ်ချောင်းကျိုးသွားရင် လေအားအပြည့်အဝ မရတော့ပါဘူး။ ဒါကြောင့်ကျနော်ထပ်ပြီး စေတနာနဲ့တိုက်တွန်းပါရစေ။

ဘာပဲလုပ်လုပ်ဘာဂါထာ ဘယ်ဂုဏ်တော်နဲ့ပဲ ရွတ်ဖတ်ပူဇော်ပါစေ တစ်ခုပဲစွဲစွဲပူဇော်သွားပါ။ တကယ်ပေါက်မြောက်အောင်မြင်တဲ့သူတွေက တစ်ခုပဲစွဲစွဲမြဲမြဲလုပ်သွားတာပါ။ ဒါမှလည်းအကျိုးပေးမြန်မှာပါ။ အဲလိုမဟုတ်ပဲ ဟိုလူပြောလို့ဒါရွတ် ဒီလူပြောလို့ဒါရွတ်ဆိုရင် အသက်၆၀သာပြည့်သွားမယ် ဘာမှဖြစ်မှာမဟုတ်ပါဘူး။

ကုသိုလ်တော့ရပါလိမ့်မယ်၊ ကျနော်ကဆရာကြီးလုပ်တာမဟုတ်ပါဘူး။ မိတ်ဆွေတို့ကိုစိတ်ရင်းစေတနာနဲ့ပါ။ တစ်ချို့(CB)မှာလာပြီးတော့ ကျနော်အခုအကိုပိုစ့်ကြောင့် အရင်ကသိပ်မလုပ်ပေမဲ့ အခုပုံမှန်လေးပူဇော်ဖြစ်တယ် ဘယ်ဂါထာရွတ်ဖက်ပူဇော်တယ် ဘယ်လို့အဓိဌာန်ပုတီးဝင်တယ်။ အဲလို့ပြန်ကြားရတာ တကယ်ပီတီဖြစ်ပါတယ်တကယ်လုပ်လို့တကယ်ရတာ မိတ်ဆွေတို့ပါ။

ဒါကြောင့်မိတ်ဆွေတို့က ကိုယ့်တိုင်လုပ်တဲ့အတွက်ပိုပြီး အကျိုးကျေးဇူးများပါတယ်။ ကျနော်ကတော့ စေတနာနဲ့သတိပေး တိုက်တွန်းတဲ့သဘောပါပဲ။ မိတ်ဆွေတို့အားလုံးလဲ လောကီလောကုတ်နှစ်ဖြာသောအကျိုးတွေရကြပါစေ။ ရွှေလရောင်(ဆရာကျော်)

Credit.