ကပ်ဆိုက်ရခြင်းကို ဆရာလေးအမြင်နဲ့ပြောမယ်ဆိုရင် အခုဖြစ်နေတဲ့ ကပ်ရောဂါဟာ လူတွေရဲ့ လောဘ၊ဒေါသ၊မောဟ အားကြီးမှုကြောင်သဘာဝတရားက သတိပေးလိုက်တယ်။
လောဘဒေါသမောဟတွေ အားကြီးလာတဲ့ ကမ္ဘာလောကသားတွေအပေါ်မှာ သဘာဝ တရားကြီးက လောဘ၊ဒေါသ၊မောဟတွေ အားမကြီးဖို့အတွက် သတိပေးတယ်လို့မြင်မိတယ်။
ဒီလောဘဒေါသမောဟကို လျှော့ချနိုင်ဖို့ လိုအပ်တယ်ပေါ့။ ဒီလိုလေးလက်ခံပြီး လူသားတိုင်း လောဘ၊ဒေါသ၊မောဟတွေ လျှော့ချနိုင်ဖို့ ကြိုးစားရမယ်။ဒီသတိပေးချက်ကို လက်မခံပဲနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ လောဘတွေနဲ့ တယူသန်ပြီး တစ်ကိုယ်ကောင်းဆန်နေကြမယ်ဆိုရင် ဒီကပ်ရောဂါက ဒီထက်ပိုပြီး ကျယ်ပြန့်လာလိမ့်မယ်။
သဘာဝက သတိပေးတဲ့ လောဘဒေါသမောဟတွေ လျှော့ချဖို့ ရုပ်ကိုလျှော့ အငြိမ်ထားရုံတင်မကပဲ စိတ်ပါ စိုးရိမ်ပူပန်မှုတွေ လျော့ချအငြိမ်ထားဖို့ လိုတယ်ပေါ့။ ဒီလိုမျိုးကြီးဖြစ်တော့မှပဲ လူတွေကဘာအရေးမကြီးတာတွေနဲ့ အချိန်ကုန်နေကြလည်း အပိုတွေလုပ်နေကြလည်း ပိုပြီးသိလာရတယ်ပေါ့။
ရုပ်ကိုလည်း အပိုမလုပ်ပဲနဲ့ အငြိမ်ထားရသလို စိတ်ကိုလည်း အတတ်နိုင်ဆုံး အငြိမ်ထားဖို့လိုတယ်။ ဒီအငြိမ်မနေနိုင်တဲ့ပြဿနာ အငြိမ်မနေနိုင်တဲ့အတွက်ကြောင့် ဖြစ်တဲ့ပြဿနာ ဒါရုပ်ကိုအငြိမ်ထားရသလို စိတ်ကိုလည်းအတတ်နိုင်ဆုံး အငြိမ်ထားဖို့လိုတယ်။
ပြီးတော့ကိုယ့်တစ်နိုင်ငံကိုယ့်လူမျိုး တစ်မျိုးထဲလုံခြုံနေလို့မရသေးဘူး လူသားတိုင်းက တစ်ဦးတစ်ယောက်ရဲ့ ဒုက္ခကအားလုံးနဲ့ သက်ဆိုင်နေတယ်။ ကပ်ရောဂါ သဘာဝဘေးကြီးက သတိပေးလိုက်တယ်လို့ လူသားအားလုံး အချင်းချင်း မေတ္တာထားဖို့လိုတယ်။ ဒီအချိန်မှာ ကိုယ့်စိတ်ကိုပိုပြီး တည်ငြိမ်အောင်ကြိုးစားဖို့ လိုတယ်ပေါ့။
ကပ်ရောဂါဘေး ကင်းဝေးလွတ်ကင်း ကျန်းမာချမ်းသာကြပါစေ။ ဆရာလေးခေမာရံသီ 2020 ကိုဗစ်ပထမလှိုင်းအချိန်ဟောကြား သည့်တရားတော်မှ။
Credit
Unicode