ရမည္းသင္း ျမန္မာ့ေရွ႕ေဆာင္ဘဏ္ ဓါးျပတိုက္ခံရ
မႏၲေလးတိုင္း ရမည္းသင္းၿမိဳ႕ေပၚက ျမန္မာ့ေရွ႕ေဆာင္ဘဏ္ကို ဒီကေန႔ နိုဝင္ဘာ ၂၆ ရက္ေန႔လယ္
၁ နာရီ မိနစ္ ၂၀ ဝန္းက်င္မွာ အမည္မသိ ေသနတ္သမား ႏွစ္ဦးက ဓါးျပတိုက္သြားတာေၾကာင့္
ေငြ က်ပ္သိန္း ၁၂၀၀ ဝန္းက်င္ပါသြားတယ္လို႔ ျဖစ္စဥ္ကို မ်က္ျမင္ေတြ႕
ရွိခဲ့တဲ့ ဘဏ္ဝန္ထမ္းတစ္ဦးက RFA ကို ေျပာပါတယ္။
အသက္ ၃၀ ဝန္းက်င္အရြယ္ရွိတဲ့ အမ်ိဳးသားႏွစ္ဦးဟာ ဆိုင္ကယ္ႏွစ္စီးနဲ႔ ေရာက္လာၿပီး ဘဏ္လုံျခဳံေရး
ဝန္ထမ္းေတြကို ေသနတ္ေထာက္ကာ ပိုက္ဆံေတြကို ယူသြားတာျဖစ္တယ္လို႔ အဲဒီဝန္ထမ္းက ေျပာပါတယ္။
ေသနတ္သမားေတြျပန္သြားၿပီး သိပ္မၾကာခင္ စစ္ေကာင္စီလုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြ ဘဏ္ကိုေရာက္လာေပမယ့္
လက္ရွိအခ်ိန္အထိေတာ့ ေသနတ္သမားေတြကို ဖမ္းဆီးရမိတာ မရွိဘူးလို႔ ဆိုပါတယ္။
ေသနတ္သမားေတြဟာ ဘဏ္ကိုအႏုၾကမ္းစီးၿပီး ရမည္းသင္းၿမိဳ႕ကေန ေျမာက္ဘက္ကို ဦးတည္ၿပီ
း ေမာင္းႏွင္သြားတာေၾကာင့္ စစ္ေကာင္စီရဲ့လုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ အခုလက္ရွိမွာ ရမည္းသင္းၿမိဳ႕
ရဲ့ အဝင္အထြက္ လမ္းဆုံေတြမွာ ပိုက္စိပ္တိုက္ စစ္ေဆးေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
unicode
ရမည်းသင်း မြန်မာ့ရှေ့ဆောင်ဘဏ် ဓါးပြတိုက်ခံရ
မန္တလေးတိုင်း ရမည်းသင်းမြို့ပေါ်က မြန်မာ့ရှေ့ဆောင်ဘဏ်ကို ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့လယ်
၁ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ အမည်မသိ သေနတ်သမား နှစ်ဦးက ဓါးပြတိုက်သွားတာကြောင့်
ငွေ ကျပ်သိန်း ၁၂၀၀ ဝန်းကျင်ပါသွားတယ်လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့
ရှိခဲ့တဲ့ ဘဏ်ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
အသက် ၃၀ ဝန်းကျင်အရွယ်ရှိတဲ့ အမျိုးသားနှစ်ဦးဟာ ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာပြီး ဘဏ်လုံခြုံရေး
ဝန်ထမ်းတွေကို သေနတ်ထောက်ကာ ပိုက်ဆံတွေကို ယူသွားတာဖြစ်တယ်လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။
သေနတ်သမားတွေပြန်သွားပြီး သိပ်မကြာခင် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘဏ်ကိုရောက်လာပေမယ့်
လက်ရှိအချိန်အထိတော့ သေနတ်သမားတွေကို ဖမ်းဆီးရမိတာ မရှိဘူးလို့ ဆိုပါတယ်။
သေနတ်သမားတွေဟာ ဘဏ်ကိုအနုကြမ်းစီးပြီး ရမည်းသင်းမြို့ကနေ မြောက်ဘက်ကို ဦးတည်ပြီ
း မောင်းနှင်သွားတာကြောင့် စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အခုလက်ရှိမှာ ရမည်းသင်းမြို့
ရဲ့ အဝင်အထွက် လမ်းဆုံတွေမှာ ပိုက်စိပ်တိုက် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။